မြန်မာ့လိပ်ပြာမျိုးစိတ် ၂၀၀ ကျပ်တန် (၁၁)လုံးပါ Block of Stamp အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် (၁)မျိုးအားရောင်းချပေးမည်။
မြန်မာ့လိပ်ပြာမျိုးစိတ် ၂၀၀ ကျပ်တန် (၁၁)လုံးပါ Block of Stamp အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် (၁)မျိုးအားရောင်းချပေးမည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / September 19, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ထုတ်ဝေခဲ့ပြီးသော မြန်မာနိုင်ငံ၌တွေ့ရှိရသည့် လိပ်ပြာမျိုးစိတ်(၁၁)မျိုး တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာရှင်များ တစ်စု တစ်စည်းတည်း စုဆောင်းနိုင်ကြရန် ရည်ရွယ်၍ မြန်မာ့လိပ်ပြာမျိုးစိတ် ၂၀၀ ကျပ်တန် (၁၁)လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်း သစ် (၁)မျိုးအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၄)ရက် (စနေနေ့) နံနက် (၀၉:၃၀)နာရီ အချိန်မှစတင်၍ နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ပါသည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက် (စနေနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ပါ သည်။ တံဆိပ်ခေါင်းများအား တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ဝယ်ယူနိုင်ရန်ဖြန့်ဝေထားရှိပြီးဖြစ်ပါသည်။ တံဆိပ်ခေါင်းဝယ်ယူလိုသူများ အနေဖြင့် -
ဒေါ်ခင်ညိုညိုမြင့်၊တာဝန်ခံအရာရှိ (နေပြည်တော်ဗဟိုစာတိုက်ကြီး)၊ ၀၉-၄၄၈၀၀၀၀၉၆
ဒေါ်တင်မေကြည်၊ တာဝန်ခံအရာရှိ (ရန်ကုန်စာတိုက်ကြီး)၊၀၉-၄၂၄၀၀၀၅၁၈
ဦးတင်မောင်မြင့်၊ တာဝန်ခံအရာရှိ (မန္တလေးစာတိုက်ကြီး)၊ ၀၉-၄၂၄၀၀၀၅၁၅ တို့ထံသို့ ဆက်သွယ်မှာယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။