သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ပထမနှစ်သင်တန်းနှင့် မဟာတန်းဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်း အောင်/ရှုံးစာရင်းများထုတ်ပြန်ကြေညာ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / October 27, 2023


သန်လျင် အောက်တိုဘာ ၂၇

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ် (၂၀၂၂ အောင်) သင်တန်း အောင်/ ရှုံးစာရင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မဟာတန်းဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်း အောင်မြင်ပြီး သုတေသနပြုခွင့်ရရှိသူများစာရင်းအား ၂၇-၁၀-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာကြောင်း သတင်းရရှိသည်။