၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀၊ ၁၁၊ ၁၂ ရက်(၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅၊ ၂၆၊ ၂၇) ရက်နေ့များတွင် ကျင်းပြုလုပ်မည့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ နေ့ရက်နှင့် အချိန်ဇယား


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန/ နေပြည်တော် / April 05, 2022
image


  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သံဃနာယကအဖွဲ့မှ တာဝန်ယူကျင်းပသော (၃၇) ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မြို့နယ် စာဖြေဌာနများတွင် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀၊ ၁၁၊ ၁၂  ရက် (၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅၊ ၂၆၊ ၂၇) ရက်နေ့များ၌ အောက်ပါအချိန်ဇယားအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်-

နေ့ရက်

ခွင့်ပြုချိန်

ဘာသာ

၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၀) ရက်

(၂၅-၄-၂၀၂၂)

တနင်္လာနေ့

(၂:၀၀)နာရီ၊

နေ့လယ်(၁:၀၀)နာရီမှ

ညနေ(၃:၀၀)နာရီထိ

ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ

၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၁) ရက်

(၂၆-၄-၂၀၂၂)

အင်္ဂါနေ့

(၂:၀၀)နာရီ၊

နေ့လယ်(၁:၀၀)နာရီမှ

ညနေ(၃:၀၀)နာရီထိ

ဗုဒ္ဓဘာသာမြန်မာစာဘာသာ

၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၂) ရက်

(၂၇-၄-၂၀၂၂)

ဗုဒ္ဓဟူးနေ့

(၂:၀၀)နာရီ၊

နေ့လယ်(၁:၀၀)နာရီမှ

ညနေ(၃:၀၀)နာရီထိ

အခြေခံအဘိဓမ္မာဘာသာ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန