ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးကျင်းပရန်ခေါ်ယူခြင်း


အမျိုးသားလွှတ်တော်/ နေပြည်တော် / October 21, 2018


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားလွှတ်တော်

ကြေညာချက်အမှတ် ( ၃ /၂၀၁၈ )

၁၃၈၀ ပြည့်နှစ် ၊ သီတင်းကျွတ်လဆန်း ၁၂ ရက်

(၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်)

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးကျင်းပရန်ခေါ်ယူခြင်း

               ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၅၊ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် (၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် )တနင်္လာနေ့၊ နံနက် ၁၀၀၀ နာရီ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာလိုက်ပါသည်။

 

 

 

(ပုံ) မန်းဝင်းခိုင်သန်း

ဥက္ကဋ္ဌ

အမျိုးသားလွှတ်တော်