ပထမအကြိမ် အာဆီယံလူငယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ချန်ပီယံဆု (1st ASEAN Youth Eco-champions Award) အတွက် အမည်စာရင်းအဆိုပြုနိုင်ကြောင်း (သို့မဟုတ်) လျှောက်ထားနိုင်ကြောင်း ကြေညာခြင်း


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ location / June 21, 2019


       ပထမအကြိမ် အာဆီယံလူငယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ချန်ပီယံဆု (1st ASEAN Youth Eco-champions Awards−AYECA) ချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၁၅) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ အစည်း အဝေး (15th ASEAN Ministerial Meeting on Environment-AMME) တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ တက်ကြွစွာဆောင်ရွက်နေသည့် လူငယ်များကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဆက်စပ်သောလုပ်ငန်းများ၌ ထူးချွန်ပြောင်မြောက်စွာ ကူညီပံ့ပိုးလုပ်ဆောင်နေသည့် အာဆီယံ၏ လူငယ်နိုင်ငံသားများအဖြစ် အသိအမှတ်ပြုရန် ရည်ရွယ်ချက်ဖြင့် ဆုချီးမြှင့်ခြင်း ဖြစ်ပါသည်။

၁။      အဆိုပါဆုအတွက် အောက်ဖော်ပြပါ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် လူငယ်များကို အခြားသူများက အမည်စာရင်းအဆိုပြုပေးခြင်း (သို့မဟုတ်) အဆိုပါလူငယ်များကိုယ်တိုင် ဝင်ရောက်လျှောက်ထားခြင်းဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာဆီယံဒေသတွင်း ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအား သိသာထင်ရှားစွာ ပံ့ပိုးကူညီဆောင်ရွက်သူ Junior (၁) ဦး (အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း) နှင့် Senior (၁) ဦး (အသက် ၂၆ နှစ်မှ ၃၅ နှစ် အတွင်း) ၊ စုစုပေါင်း  လူငယ် (၂) ဦး အား ရွေးချယ်၍ ဆုချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်-

  • အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားဖြစ်ရမည်။
  • အမည်စာရင်းပေးသွင်းသည့်ရက်တွင် အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း ရှိရမည်။
  • အာဆီယံနိုင်ငံများတွင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်းနှင့်လျှော့ချခြင်း၊ ရာသီဥတုပြောင်း လဲမှုနှင့် စွမ်းအင်ချွေတာခြင်း၊ အများပြည်သူဆိုင်ရာသန့်ရှင်းရေးကိစ္စရပ်များ၊ ရေ နှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း စသည့်နယ်ပယ်များတွင် ဆောင်ရွက်နေသူ ဖြစ်ရမည်။
  • ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များနှင့် သန့်ရှင်းစိမ်းလန်းစေရေး အစပျိုးလုပ်ဆောင်မှု တစ်ခုခုကို လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်းက စတင်၍ အနည်းဆုံး (၂) နှစ် တက်ကြွစွာ ဆောင်ရွက်ခဲ့သူ/နေသူ ဖြစ်ရမည်။
  • ASEAN Biodiversity Heroes Award ကဲ့သို့သော အခြားအာဆီယံပတ်ဝန်းကျင် ဆိုင်ရာဆုများ မရရှိဘူးသူဖြစ်ရမည်။
  • အဆိုပါဆုအတွက် အမည်စာရင်းအဆိုပြုလိုသူ (သို့မဟုတ်) ကိုယ်တိုင်လျှောက်ထားလိုသူ လူငယ်များအနေဖြင့် environment.asean.org/ayeca-2019 website သို့ ဝင်ရောက်၍ online လျှောက်ထားခြင်းစနစ်ဖြင့်  ဝင်ရောက်လျှောက်ထားနိုင်ပြီး ၁၅--၂၀၁၉ ရက်နေ့ တွင် လျှောက်လွှာများအား နောက်ဆုံးထား လက်ခံသွားမည်ဖြစ်သည်။

၂။       ဆု အဆိုပြုလျှောက်ထားသူများသည် အောက်ဖော်ပြပါအချက်အလက်များနှင့် ပူးတွဲ၍ လျှောက်ထားရမည်ဖြစ်ပါသည်-

  • အမည်စာရင်းပေးသွင်းခြင်းပုံစံ (Nomination Form) တွင် မှန်ကန်စွာ ဖြည့်စွက်ပေးရန်၊
  • အမည်စာရင်းပေးသွင်းသူ၏ ကိုယ်ရေးအကျဉ်း (CV)
  • အမည်စာရင်ပေးသွင်းသူ၏ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များကို ထောက်ခံမှုပြုနိုင်မည့်သူ () ဦးထံမှ ထောက်ခံချက် () စောင်၊
  • အမည်စာရင်းပေးသွင်းသူ၏ လိုင်စင်ဓာတ်ပုံ () ပုံနှင့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် မှတ်တမ်းဓာတ်ပုံ အနည်းဆုံး () ပုံ၊
  • (Optional) အခြားထည့်သွင်းဖော်ပြရမည့် အချက်အလက်များ (ပုံနှိပ်ထုတ်ဝေခဲ့မှုများ ဆုရရှိခဲ့မှုများ၊ မီဒီယာတွင် ဖော်ပြခြင်းခံရမှုများ)

၃။        ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း

  • မြန်မာနိုင်ငံဆိုင်ရာ AWGEE National Focal Point မှ ဆုရရှိသူများအား အကြောင်းကြားပေးသွားမည်ဖြစ်ပြီး ဆုပေးပွဲအခမ်းအနား တက်ရောက်နိုင်ရန် အတွက် ဖိတ်စာများ ပေးပို့ဖိတ်ကြားသွားမည်ဖြစ်သည်။
  • ဆုရရှိသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်းတို့အပြင် သတင်း ထုတ်ပြန်ချက်များ၊ ဆုချီးမြှင့်ခြင်းလက်ကမ်းစာစောင်နှင့် ASEAN Website တို့တွင် လည်း ထည့်သွင်းဖော်ပြပေးသွားမည် ဖြစ်သည်။
  • ဆုပေးပွဲအခမ်းအနားသို့တက်ရောက်ရန် အသွားအပြန်လေယာဉ်လက်မှတ်၊ တည်းခိုရန်နေရာနှင့် နေ့တွက်စရိတ်တို့ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ စီစဉ်ကျခံ ပေးသွားမည်ဖြစ်သည်။

၄။      ဆုရရှိသူများဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ

          ဆုရရှိသူများသည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံများအဆင့် လူငယ်ဆိုင်ရာ အခမ်းအနားအား ပါဝင်တက်ရောက်ရမည်ဖြစ်သည်။

၅။      အသေးစိတ်သိရှိလိုသည်များအတွက် ဆက်သွယ်ရန်-

          ဒေါ်ဝတ်ရည်မွန်

          ဦးစီးအရာရှိ

          ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်

           ဖုန်း- ၀၆၇ ၄၃၁၃၂၈

 

 

http://www.ecd.gov.mm/?q=%E1%80%95%E1%80%91%E1%80%99%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA-%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA-%E1%80%95%E1%80%90%E1%80%BA%E1%80%9D%E1%80%94%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%91%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%9E%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8-%E1%80%81%E1%80%BB%E1%80%94%E1%80%BA%E1%80%95%E1%80%AE%E1%80%9A%E1%80%B6%E1%80%86%E1%80%AF-1st-asean-youth-eco-champions-award-%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA