ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ကြေညာခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း
ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ကြေညာခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်/ ရုံးအမှတ် ၂၂၊ နေပြည်တော် / October 19, 2018
၁။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲရလဒ် ကြေညာခြင်းများကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉ (ခ) နှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ရွေးကောက်ပွဲရလဒ်နှင့်စပ်လျဉ်း၍ သတင်းရယူလိုသော နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များ၊ မီဒီယာများနှင့် အခြားအဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင် အောက်ဖော်ပြပါ ဖုန်းနံပါတ်များကိုဆက်သွယ်၍ သတင်း ရယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-
စဉ် တိုင်းဒေသကြီး/ပြည်နယ် ရုံးဖုန်း လက်ကိုင်ဖုန်း
(က) ကချင်ပြည်နယ် ၀၇၄-၂၁၆၇၈၊ ၀၉-၆၉၉၆၃၇၉၉၅
(ခ) ချင်းပြည်နယ် ၀၇၀-၂၁၅၉၉၊ ၀၉-၈၉၄၄၆၅၂၂၀
(ဂ) စစ်ကိုင်းတိုင်းဒေသကြီး ၀၇၁-၂၂၇၇၄၊ ၀၉-၄၂၀၆၈၇၈၆၈
(ဃ) ပဲခူးတိုင်းဒေသကြီး ၀၅၂-၂၂၂၁၀၂၄၊ ၀၉-၂၅၅၀၆၆၀၆၁
(င) မကွေးတိုင်းဒေသကြီး ၀၆၅-၂၁၅၆၂၊ ၀၉-၆၉၅၄၂၉၄၆၈
(စ) မန္တလေးတိုင်းဒေသကြီး ၀၂-၄၀၆၉၀၄၂၊ ၀၉-၈၉၄၆၆၆၇၄၀
(ဆ) ရခိုင်ပြည်နယ် ၀၄၃-၂၂၈၈၇၊ ၀၉-၈၉၉၁၁၉၂၂၉
(ဇ) ရန်ကုန်တိုင်းဒေသကြီး ၀၁-၂၃၀၆၂၉၃၊ ၀၉-၈၉၉၀၃၈၈၀၀
(ဈ) ရှမ်းပြည်နယ် ၀၈၁-၂၁၂၅၅၆၇၊ ၀၉-၈၉၉၃၃၃၀၅၅
၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယင်းကြေညာချက်များကို နေ့စဉ်စုစည်း၍ နိုင်ငံပိုင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညပိုင်းသတင်းအစီအစဉ်များတွင် ထပ်ဆင့်သတင်း ထုတ်ပြန် ကြေညာမည် ဖြစ်ပါသည်။ ထို့ပြင် နောက်တစ်နေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင်လည်း ထည့်သွင်း ဖော်ပြကြေညာမည် ဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်