မြို့နယ်အချို့၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လျှပ်စစ်တာဝါတိုင်နှင့် MYTEL တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / December 06, 2023
ညောင်လေးပင်မြို့နယ်၌ လျှပ်စစ်တာဝါတိုင်အား အကြမ်းဖက်သမားများက  မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှု မှတ်တမ်းဓာတ်ပုံ။


     နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်စေရန်နှင့် ဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်စေရန် ရည်ရွယ်၍ လျှပ်စစ်တာဝါတိုင်များ၊ လျှပ်စစ်ဓာတ်အားခွဲရုံများနှင့် ဖုန်းဆက်သွယ်ရေးတာဝါတိုင်များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁ ရက် ည ၁၂ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ဆုံကုန်းကျေးရွာရှိ ရွှေဘုန်းပွင့်စေတီအနီး လယ်ကွင်းအတွင်း စိုက်ထူထားသည့် သာယာကုန်း-ဘိုင်းဒါး သွယ်တန်းထားသော 230 KV ဓာတ်အားလိုင်း၊ လျှပ်စစ်တာဝါတိုင် အမှတ်(၄၆) အား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် အဆိုပါလျှပ်စစ်တာဝါတိုင်၏ အောက်ခြေတိုင် လေးချောင်း ပြတ်တောက်၍ လဲကျပျက်စီးခဲ့ကြောင်း သိရသည်။

     အလားတူ ဒီဇင်ဘာ ၂ ရက် နံနက် ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရွာသစ်ကျေးရွာ၏ မြောက်ဘက် မီတာ ၂၀၀ ခန့်အကွာရှိ MYTEL တာဝါတိုင်အမှတ် MDY-0368(BTS အမျိုးအစား) အား အကြမ်းဖက်သမားများ(စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် အဆိုပါ တာဝါတိုင်ရှိ Power Generator 13 KV မီးစက် တစ်လုံး၊ 13 KV ဆီ Tank တစ်လုံး၊ 48 V Battery ၁၀ လုံး၊ လိုင်းလွှင့်စက် တစ်လုံး၊ အလျား ၉ ပေ၊ အနံ ၃ ပေ ခန့်ရှိ ဆိုလာ ၁၀ ချပ်၊ Battery Cabinet Aircon တစ်လုံးနှင့် ဝိုင်ယာကြိုးများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

     ထိုသို့ လျှပ်စစ်တာဝါတိုင်နှင့် MYTEL တာဝါတိုင်များအား မိုင်းထောင်ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစာများ - ၂၇၃၂ ခု

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ ဧပြီ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ ဧပြီ ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ ဧပြီ ၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 08, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်၊ ဧပြီ ၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download