နောက်ဆုံးရသတင်းများ - ၇၂၈၃၉ ခု

နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ၏ ဒသမအကြိမ် မိတ်ဆုံနေ့လယ်စာ စားပွဲကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 02, 2024

နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများကို မိသားစုသဖွယ် အသိအမှတ်ပြုသောအားဖြင့် မိတ်ဆုံနေ့လယ်စာစားပွဲများ ကျင်းပပေးလျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ၏ ဒသမအကြိမ် မိတ်ဆုံနေ့လယ်စာစားပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် အဆိုပါဝန်ကြီးရုံး၌ ကျင်းပသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 02, 2024

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့် စနူကာအားကစားရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 02, 2024

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး မိသားစုများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး အဆောက်အဦ အမှတ် (၁) သုံးထပ်ဆောင်ရှေ့ လေဟာပြင်၌ ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ယခင်ကော်မရှင်ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့ကြသော သံအမတ်ကြီး (ငြိမ်း) ဦးဝင်းမြ၊ သံအမတ်ကြီး (ငြိမ်း) ဦးလှမြင့်၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ကော်မရှင်ရုံး အရာထမ်း/ အမှုထမ်းမိသားစုများ တက်ရောက်ဆင်နွှဲကြသည်။

မြန်မာနှင့် သီရိလင်္ကာ နှစ်နိုင်ငံအကြား သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 02, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mr. J.M.J.P. Bandara အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

သောကြာနေ့စကားဝိုင်း (Friday Talk) အမှတ်စဉ် (၄၈) အဖြစ် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနိုင်ငံ များအတွက် တောင်သူပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အသိပညာမျှဝေဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 02, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၄၈) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 02, 2024

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ရုံးလုပ်ငန်းတာဝန်များကို စနစ်တကျသိရှိ ထမ်းဆောင်နိုင်စေရန်နှင့် ရုံးလုပ်ငန်းစွမ်းဆောင်ရည်များ တိုးမြှင့်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားသည့် ဌာနတွင်း ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၃) ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 02, 2024

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၉ ရက် အထိ ကျင်းပခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၃) ကြိမ်မြောက် အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 02, 2024

ယနေ့အချိန်အခါသမယသည် နိုင်ငံတော်တစ်ဝန်းလုံးရှိ လယ်ယာစိုက်ပျိုးမွေးမြူသူ တောင်သူလယ်သမားကြီးများအား အလေးအနက် ဂုဏ်ပြုသတ်မှတ်ထားသည့် သမိုင်းဝင် နေ့ထူးနေ့မြတ် တောင်သူလယ်သမားနေ့ဖြစ်ပါသည်။ တောင်သူလယ်သမားကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆတက်ထမ်းပိုး တိုးတက်အောင် စွမ်းဆောင်နိုင်ကြပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်တစ်စီး ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 01, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Prachuap Khiri Khan (OPV-552) သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ် စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

နောင်ချိုမြို့တွင် ငွေကျပ်သိန်း ၇၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၉ သိန်းနှင့် စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၈ ကီလို ဖမ်းဆီးရမိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 01, 2024

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် နောင်ချိုမြို့၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးအတိုင်း ကျောက်မဲဘက်မှ နောင်ချိုဘက်သို့ မင်းမင်းကို မောင်းနှင်လာသော HYUNDAI  GRAND  STAREX မော်တော်ယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၇၆၉၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၉ သိန်းနှင့် စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၈ ကီလိုတို့အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၁ နာရီအချိန် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ ကျော်သူအောင်အား နောင်ချိုမြို့နယ်၊ သဖန်းကိုင်းကျေးရွာအနီးတွင် NISSAN AD VAN မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့၍ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သတင်းစာများ - ၂၆၈၇ ခု

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်၊ မတ် ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32page

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်၊ မတ် ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32page

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်၊ မတ် ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်၊ ဖေဖော်ဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက်၊ ဖေဖော်ဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ဖေဖော်ဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက်၊ ဖေဖော်ဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်နေ့၊ ဖေဖော်ဝါရီ ၂၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download