နောက်ဆုံးရသတင်းများ - ၇၈၆၈၁ ခု

မြို့သစ်မြို့နယ်၌ လက်သမားပန်းရံသင်တန်းဆင်းပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on July 18, 2024

မြို့သစ်မြို့နယ်၌ လက်သမားပန်းရံသင်တန်းဆင်းပွဲကျင်းပ

"သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊(စစ်ကိုင်း)" တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသားတစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် တက္ကသိုလ်မိသားစုဝန်ထမ်းသား/သမီးများအတွက် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on July 17, 2024

"သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊(စစ်ကိုင်း)" တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသားတစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် တက္ကသိုလ်မိသားစုဝန်ထမ်းသား/သမီးများအတွက် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ အမှတ် (၅) ရပ်ကွက် ၊ လေးတိုင်စင်ကျေးရွာနှင့် ရေပေါ် ကျွန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန / Posted on July 12, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ အမှတ် (၅) ရပ်ကွက် ၊ လေးတိုင်စင်ကျေးရွာနှင့် ရေပေါ်ကျွန်းကျေးရွာတို့၌ (၁၁-၇-၂၀၂၄) ရက်နေ့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့် ပြောင်းရွှေ့အိမ်ခြေ (၂၆) လုံး၊ အိမ်ထောင်စု (၂၆) စုမှ လူဦးရေစုစုပေါင်း (၁၁၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၂၃၅,၂၀ဝိ/-)အား (၁၂-၇-၂၀၂၄)ရက်နေ့တွင် သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်​ခဲ့​​ပါသည်။ Source: DDM

ပျဥ်းမနားမြို့နယ်အတွင်းရှိ ဆင်သေ၊ ဇီးဖြူပင်၊ ကြို့ပင်သာ၊ ဝဲကြီး၊ သာယာကုန်း၊ ရွာသစ်ကြီးကျေးရွာ များတွင် သဘာဝေဘးအသိပညာပေး ပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန / Posted on July 18, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်မှစ၍ ပျဉ်းမနားမြို့နယ်အတွင်းရှိ ဆည်၊ မြစ်ချောင်းတစ်လျှောက်ရှိ ဆင်သေ၊ ဇီးဖြူပင်၊ ကြို့ပင်သာ၊ ဝဲကြီး၊ သာယာကုန်း၊ ရွာသစ်ကြီး ကျေးရွာများတွင် သဘာဝဘေး အန္တရာယ်များအနက် ယခုကာလတွင်ဖြစ်ပေါ်တတ်သည့် ရေဘေးအန္တရာယ်နှင့် မြေပြို/ကမ်းပြို ဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသို့ အသိပညာပေးလှည့်လည်နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ Source: DDM

လေးမျက်နှာမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန / Posted on July 18, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၄) ရက်နေ့တွင် လေးမျက်နှာမြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း မိုးရာသီကာလဖြစ်သည့်အတွက် ရေကြီးရေလျှံခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်၍မိုးကြီးခြင်းစသည့် မိုးလေဝသဖြစ်စဥ်များ ဖြစ်ပေါ်လာနိုင်ပါသဖြင့် ပြည်သူများအား သိရှိနိုင်စေရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့နှင့်အတူ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား လှည့်လည်‌နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ Source: DDM

ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျောက်ချပ်၊ ထိန်ပင်၊ ရှားဆေးဘို၊ သပြေပင်၊ သစ်ဆတက်ကလေး ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန / Posted on July 18, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်မှစ၍ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျောက်ချပ်၊ ထိန်ပင်၊ ရှားဆေးဘို၊ သပြေပင်၊ သစ်ဆတက်ကလေး ကျေးရွာများတွင် သဘာဝဘေးအန္တရာယ်များအနက် ယခုကာလတွင်ဖြစ်ပေါ်တတ်သည့် ရေဘေးအန္တရာယ်နှင့် မြေပြို/ ကမ်းပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသို့ အသိပညာပေး လှည့်လည်နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ Source: DDM

ပြည်မြို့အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိသော အိမ်ထောင်စုများအား နီးစပ်ရာဓမ္မာရုံနှင့် ဘုန်းကြီးကျောင်းများသို့ ယာယီပြောင်းရွှေ့ထားရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 18, 2024

ပြည်မြို့အတွင်း ဇူလိုင်လ ၁၅ ရက်နေ့ နေ့လယ်(၁)နာရီအချိန်ခန့်အထိ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ရှိ နဝင်းရပ်ကွက်၊ ပြည်သာယာရပ်ကွက်၊ ကုန်းသာလင်းကျေးရွာအုပ်စု၊ ဇလုံကျေးရွာအုပ်စု၊ အနောက်လက္ခုပ္ပင်ကျေးရွာအုပ်စု၊ ငါးရွာကျေးရွာအုပ်စုများရှိ နေအိမ်များသို့ မြစ်ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။

မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ မွမ်းမံ(TဝT)သင်တန်းဆင်းပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on July 17, 2024

မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ မွမ်းမံ(TဝT)သင်တန်းဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ ဟင်္သာတမြို့နယ်အတွင်း ရေဘေးကာကွယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 18, 2024

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူမျာသည် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့က ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ကုက္ကိုစုကျေးရွာရှိ “ငွေသောင်ယံ”ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့ပြီး ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 18, 2024

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပြွန်တန်ဆာမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ကကျင်းပရာ မုခ်ဦးရှေ့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးမျိုးဝင်းအောင်၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဦးလှမျိုးအောင်၊ ညောင်လေးပင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။