စက်မှုသင်တန်းကျောင်းများတက်ရောက်ရန် လျှောက်ထားခြင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ Server Co-location ဝန်ဆောင်မှု ရယူအသုံးပြုနိုင်ရန် လျှောက်ထားခြင်း (အစိုးရအဖွဲ့အစည်းများသာ)
-
ကဏ္ဍများ
- ကဏ္ဍအားလုံး
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
စက်မှုသင်တန်းကျောင်းများတက်ရောက်ရန် လျှောက်ထားခြင်း
စက်မှုဝန်ကြီးဌာန / April 24, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
သင်တန်းတက်ရောက်လိုသူများသည် -
- ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်။ (ကျား/မ)
- တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးသူ ဖြစ်ရမည်။
- သင်တန်းစတင်ဖွင့်လှစ်မည့် နေ့ရက်တွင် အသက် (၁၇) နှစ် ပြည့်ပြီး အသက် (၂၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။ (စသက(ဆင်တဲ)သာ အသက် (၁၆) နှစ်ပြည့်ပြီး အသက် (၂၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။)
- အိမ်ထောင်မရှိသူ (လူပျို/အပျို) ဖြစ်ရမည်။
- ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
- သင်တန်းမှ ချမှတ်ထားသော ဝန်ခံကတိ စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ပြီး သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်သူ ဖြစ်ရမည်။
ဝန်ဆောင်ခ
ပုံမှန်သင်တန်းနှင့် ကာလတို (၃)လ သင်တန်းများအတွက် သင်တန်းသား/သူများမှ စားစရိတ်အဖြစ် (၁) လလျှင် ၁၅၀၀၀ ကျပ် လစဉ် ပေးသွင်းရမည်ဖြစ်ပါသည်။ (ကုန်စျေးနှုန်းအရ စားစရိတ်မှာ အပြောင်းအလဲ ရှိနိုင်ပါသည်။)
လိုအပ်သောစာရွက်စာတမ်းများ
- လျှောက်လွှာ မူရင်း။
- နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ။
- လိုင်စင် ဓာတ်ပုံ (၃) ပုံ။
- အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက် မူရင်း။
- တက္ကသိုလ်ဝင်တန်း ဖြေဆိုဖူးကြောင်း ထောက်ခံချက် မူရင်း။
- ကျန်းမာရေးထောက်ခံချက် မူရင်း။
လျှောက်ထားရန်အဆင့်များ
အဆင့် ၁ - လျှောက်လွှာလျှောက်ထားခြင်း
လျှောက်လွှာပုံစံတွင် လိုအပ်သည်များ ဖြည့်စွက်၍ ၎င်းလျှောက်လွှာနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။
အဆင့် ၂ - လူတွေ့လာရောက်ဖြေဆိုခြင်း
စက်မှုအခြေခံ၊ သင်္ချာအခြေခံနှင့်အင်္ဂလိပ်စာ အခြေခံတို့အား ဖြေဆိုရမည် ဖြစ်ပါသည်။
ဆက်သွယ်ရမည့်လိပ်စာ
နေပြည်တော်
သင်တန်းကျောင်းများကြီးကြပ်ရေးဌာန၊
စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်။
အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲစက်မှုနယ်မြေ။
အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊ ဒေါနဘွားရပ်၊ အကွက် (၁၃)၊ (၁၀) လမ်း။
အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ)
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ၊ သာဂရမြို့၊ သာဂရစက်မှုနယ်မြေ။
အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့။
အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေးစက်မှုနယ်မြေ။
အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်လမ်း၊ ကုက္ကဲကျေးရွာအနီး။
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ
နေပြည်တော်
သင်တန်းကျောင်းများကြီးကြပ်ရေးဌာန၊
စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်။
အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲစက်မှုနယ်မြေ။
အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊ ဒေါနဘွားရပ်၊ အကွက် (၁၃)၊ (၁၀) လမ်း။
အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ)
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ၊ သာဂရမြို့၊ သာဂရစက်မှုနယ်မြေ။
အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့။
အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေးစက်မှုနယ်မြေ။
အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်လမ်း၊ ကုက္ကဲကျေးရွာအနီး။
ဖြည့်စွက်ချက်
စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအောက်ရှိ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာနသည် အောက်ပါဦးတည်ချက်(၂)ရပ်ဖြင့် နိုင်ငံတွင် လိုအပ်နေသော စက်မှု ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးလျက်ရှိပါသည်-
(၁) တိုင်းပြည်၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အား ဖြစ်သည့် အရည်အသွေးပြည့်ဝသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေးနှင့် ကဏ္ဍအလိုက် သင့်တော်သည့် လုပ်ငန်းခွင်များတွင် တာဝန်ယူထမ်းဆောင်နိုင်စေရေး၊
(၂) ပြည်တွင်းကျွမ်းကျင်လုပ်သားများ လိုအပ်ချက်မညီမျှမှုအား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးရေး၊
စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာနသည် နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း၍ အောက်ပါ စက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်ပြီး တစ်နှစ်လျှင် သင်တန်းသား စုစုပေါင်း (၁၀၀၀) ခန့်ကို လက်ခံသင်ကြားပေးလျက်ရှိပါသည် -
စဉ် သင်တန်းကျောင်းအမည် ပူးပေါင်းဆောင်ရွက်သည့်နိုင်ငံ
(က) အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ) ဂျာမနီ
( ခ) အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး) တရုတ်
( ဂ) အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ) ကိုရီးယား
(ဃ) အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ) အိန္ဒိယ
( င) အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး) ကိုရီးယား
( စ) အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ) အိန္ဒိယ
စက်မှုသင်တန်းကျောင်းများတွင် သင်ကြားသည့်ဘာသာရပ်များ (ပုံမှန်သင်တန်း)
၁။ Machine Tools Operator
စက်ကိရိယာ ကိုင်တွယ်မောင်းနှင်မှု သင်တန်း
၂။ Machinery Fitter
စက်ရုံပစ္စည်း ကိုင်တွယ်ထိန်းသိမ်းသူ သင်တန်း
၃။ Tools & Die Maker
ကိရိယာနှင့် ပုံနှိပ်ပုံပြုလုပ်သူ သင်တန်း
၄။ Mechanical Draughtsman Course
စက်မှုပုံဆွဲ သင်တန်း
၅။ Pattern Maker
သွန်းလောင်းပုံသွင်း ပုံစံထုတ်လုပ်သူ သင်တန်း
၆။ Automobile Mechanic
မော်တော်ယာဉ် စက်ပြင်သင်တန်း
၇။ Electrician
လျှပ်စစ်ပညာသည် သင်တန်း
၈။ Electronics Mechanic
အီလက်ထရောနစ် စက်ပြင်သင်တန်း
၉။ CAD/CAM
ကွန်ပျူတာသုံး ဒီဇိုင်း/ထုတ်လုပ်မှု သင်တန်း
၁၀။ CNC Operator
ကွန်ပျူတာသုံး စက်ကိရိယာကိုင်တွယ်မောင်းနှင်မှု သင်တန်း
၁၁။ Welder
ဂဟေဆက်သင်တန်း
၁၂။ Foundry
သံရည်ကြိုသင်တန်း
၁၃။ Information Technology
သတင်းအချက်အလက်နှင့် နည်းပညာ သင်တန်း
စက်မှုသင်တန်းကျောင်းများတွင် သင်ကြားသည့် ဘာသာရပ်များ(ပုံမှန်သင်တန်း)
စက်မှုနှင့်အသက်မွေးပညာရွေ့လျားသင်တန်းများ (စက်မှုသင်တန်းကျောင်းများအားလုံး)
၁။ Basic Electricity & Building Wiring Course
အခြေခံလျှပ်စစ်ပညာသည်သင်တန်း
၂။ Basic Welding Course
အခြေခံဂဟေဆက်သင်တန်း
၃။ Small Farm Engine & Motorcycle Maintenance and Repairing
စိုက်ပျိုးရေးသုံးအင်ဂျင်နှင့်မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း
ကျွမ်းကျင်မှုအခြေပြု ကာလတို (၃) လ သင်တန်း (အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)နှင့် အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ))
၁။ Motorcycle Mechanic
မော်တော်ဆိုင်ကယ် စက်ပြင် သင်တန်း
၂။ Small Farm Engine Mechanic
စိုက်ပျိုးရေးသုံးအင်ဂျင် စက်ပြင် သင်တန်း
၃။ SMAW/MMAW
လျှပ်စစ် ဂဟေဆက် သင်တန်း
၄။ MIG/MAG
ဓာတ်ငွေ့ ဂဟေဆက် သင်တန်း
Website လိပ်စာ
အမှတ်(၁)စက်မှုသင်တန်းကျောင်း(ဆင်တဲ)
http://www.itcsinde.edu.mm
အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)
http://www.itcmandalay.edu.mm
အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ)
အမှတ်(၄)စက်မှုသင်တန်းကျောင်း(ပခုက္ကူ)
http://www.itcpakokku.edu.mm
အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)
http://www.itcmagway.edu.mm
အမှတ်(၆)စက်မှုသင်တန်းကျောင်း(မြင်းခြံ)
http://www.itcmyingyan.edu.mm
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ Server Co-location ဝန်ဆောင်မှု ရယူအသုံးပြုနိုင်ရန် လျှောက်ထားခြင်း (အစိုးရအဖွဲ့အစည်းများသာ)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / October 18, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
- Server Co-location ဝန်ဆောင်မှုရယူလိုသည့် အစိုးရဗဟိုရုံးများနှင့် ဝန်ကြီးဌာနများအနေဖြင့် ညွှန်ကြားရေးမှူး၊ e-Government ဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသို့ လိပ်မူ၍ လူကိုယ်တိုင် (သို့) On-line မှ လျှောက်ထားနိုင်ပါသည်။
- လျှောက်လွှာနှင့်အတူ Server Co-location Request Form အား ဖြည့်စွက်ပေးပို့ရပါမည်။
- Public IP Address အသုံးပြုလိုပါက Public IPv4 Address Service Request Form အား ဖြည့်စွက်ပေးပို့ရပါမည်။
- လျှောက်ထားသည့် ဝန်ဆောင်မှုအား ပေးအပ်နိုင်ခြင်း (Feasible) ရှိ/မရှိ အကြောင်းပြန်ကြားပါမည်။
- Feasible ရှိပါက သတ်မှတ်ဝန်ဆောင်ခနှုန်းထားများအတိုင်း စီမံ/ ဘဏ္ဍာ ဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်တွင် ကျသင့်ငွေ ပေးသွင်းပြီး AN(Advice Note) အား ထုတ်ပေးပါမည်။
- AN နှင့် Service Request Form များအား တစ်ပါတည်းယူဆောင်၍ Co-location Data Center e-Government ဌာန၊ ဆက်သွယ်ရေးရုံး(ဗဟိုမီးသတ်အနီး)၊ နေပြည်တော်သို့ ဆက်သွယ်၍ Server Co-location လာရောက်ထားရှိနိုင်ပါသည်။
ဝန်ဆောင်ခ
| စဉ် | ဝန်ဆောင်မှုအမျိုးအစား | နှုန်းထား(ကျပ်) | မှတ်ချက် |
| ၁။ | Shared Rack (Up to 6U) | 90,000 | Monthly Fee |
| ၂။ | 1/2 Rack (21U) | 300,000 | Monthly Fee |
| ၃။ | 1 Full Rack (42U) | 550,000 | Monthly Fee |
| ၄။ | Additional Shelf Space (1U) | 15,000 | Monthly Fee |
| ၅။ | Public IP (1 No) | Free of Charge | Annual Fee |
Online Application Form လိပ်စာ
