Government Cloud (Hosting) ဝန်ဆောင်မှုများ
-
ကဏ္ဍများ
- ကဏ္ဍအားလုံး
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
Government Cloud (Hosting) ဝန်ဆောင်မှုများ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / September 25, 2020
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသည် မြန်မာနိုင်ငံ e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်းရှိ အစိုးရအဖွဲ့အစည်းများအသီးသီးမှ Website၊ Application၊ Online Service အစရှိသည့် ဝန်ဆောင်မှုများပေးရာတွင် လိုအပ်သည့် DataCenter များ တည်ဆောက်ရန်နှင့် စက်ပစ္စည်းများ ဝယ်ယူတပ်ဆင်ရန်မလိုဘဲ ဤဌာနရှိ e-Government Data Center တွင် လာရောက်ထားရှိနိုင်ရန်အတွက် Government Cloud (Hosting) ဝန်ဆောင်မှုကို ပေးလျက်ရှိပါသည်။
Cloud (Hosting) လာရောက်ထားရှိသော Virtual Machine (VM) ၌ အချက်အလက်များ သိမ်းဆည်းသည့် Storage အတွက် Hard Disk Drive (HDD) များသာမက Solid State Drive (SSD) များပါ အသုံးပြုနိုင်မည်ဖြစ်ပြီး အစိုးရဌာနများအနေဖြင့် မိမိတို့၏စနစ်များအား ပိုမိုလုံခြုံစွာ အသုံးပြုနိုင်ရန် Virtual Machine (VM) Firewall များနှင့် ကိုယ်ပိုင်သီးသန့်အသုံးပြုနိုင်သော Virtual Private Network (VPN) တို့ကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
SSD Storage အသုံးပြုခြင်းဖြင့် HDD Storage များထက် Performance ကောင်းခြင်း၊ Input/ Output Operation per second (IOPs) မြင့်မားခြင်း၊ လျင်လျင်မြန်မြန် Manage ပြုလုပ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် Application၊ Database နှင့် အခြား Performance မြင့်မားစွာလိုအပ်သည့် Application များတွင် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်မည်ဖြစ်ပါသည်။
VM Firewall စနစ်ဝန်ဆောင်မှုကို ရယူအသုံးပြုသည့် အစိုးရဌာနများအနေဖြင့် Physical Firewall များကို ဝယ်ယူတပ်ဆင်ရန် မလိုအပ်တော့ဘဲ ၎င်းတို့၏ Server များအတွက် မိမိတို့၏ လုပ်ငန်းလိုအပ်ချက်အတိုင်း Security Policy and Rule များအား မိမိတို့စိတ်ကြိုက်စီမံခန့်ခွဲနိုင်သည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
VPN ဝန်ဆောင်မှုကို ရယူအသုံးပြုသည့် အစိုးရဌာနများအနေဖြင့် Physical Firewall, VM Firewall များ သီးခြားဝယ်ယူတပ်ဆင်ရန် မလိုအပ်တော့ဘဲ VPN တည်ဆောက်ရန်အတွက် အချိန်နှင့်ငွေကြေးကုန်ကျမှုသက်သာခြင်း အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ဖော်ပြပါ ဝန်ဆောင်မှုများအား ရယူအသုံးပြုလိုပါက အောက်ပါ ဝန်ဆောင်ခနှုန်းထားများအတိုင်း ဝန်ကြီးရုံး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂) သို့ လိပ်မူ၍ လူကိုယ်တိုင် လျှောက်ထားနိုင်ပါသည်။
Government Cloud ဝန်ဆောင်မှု၏ ကောက်ခံမည့် ဝန်ဆောင်ခ (လစဉ်ကြေး)
| Number of CPU(Core) | Memory(GB) | ကျသင့်ငွေ(ကျပ်) |
|---|---|---|
| 2 | 4 | 45,000 |
| 2 | 8 | 85,000 |
| 2 | 16 | 120,000 |
| 4 | 8 | 100,000 |
| 4 | 16 | 170,000 |
| 4 | 32 | 260,000 |
| 8 | 16 | 220,000 |
| 8 | 32 | 350,000 |
| 8 | 64 | 500,000 |
| 16 | 32 | 450,000 |
| 16 | 64 | 800,000 |
| 16 | 128 | 1,000,000 |
| 32 | 64 | 1,300,000 |
| 32 | 128 | 1,600,000 |
| 32 | 256 | 2,000,000 |
မှတ်ချက်။ အသုံးပြုလိုသည့် Storage ပမာဏ အပေါ်မူတည်၍ 1GB လျှင် (HDD- ၂၅ ကျပ် နှင့် SSD- ၁၀၀ ကျပ်) နှုန်းထားများအား ပေါင်းထည့်၍ ကောက်ခံသွားမည် ဖြစ်ပါသည်။
Solid State Storage (SSD), Virtual Machine (VM) Firewall နှင့် Virtual Private Network (VPN) ဝန်ဆောင်မှု၏ ကောက်ခံမည့် ဝန်ဆောင်ခ(လစဉ်ကြေး)
| စဉ် | အကြောင်းအရာ | ကျသင့်ငွေ(ကျပ်) |
|---|---|---|
| ၁ | Hard Disk Drive (HDD)- 1GB | 25 |
| ၂ | Solid State Storage (SSD)- 1GB | 100 |
| ၃ | Virtual Machine Firewall (Small) | 362,000 |
| ၄ | Virtual Machine Firewall (Medium) | 875,000 |
| ၅ | Virtual Machine Firewall (Large) | 1,749,000 |
| ၆ | Virtual Private Network (VPN) | 3,400 |
Government Cloud Service Request Form
မေးလေ့ရှိသောမေးခွန်းများ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ Server Co-location ဝန်ဆောင်မှု ရယူအသုံးပြုနိုင်ရန် လျှောက်ထားခြင်း (အစိုးရအဖွဲ့အစည်းများသာ)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / October 18, 2018
