မင်္ဂလာပါဟူသောစကားလုံးသည် ကြိုဆိုသောစကားလုံးဖြစ်ပြီး ကံကောင်းမှုများအတွက် ဆန္ဒပြုပေးခြင်းဖြစ်ပါသည်။ မြန်မာလူမျိုးများ၏ ရင်းနှီးဖော်ရွေမှုကို ကမ္ဘာက သိသည့်တိုင်အောင် ပြသသည့် ပြယုဒ်တစ်ခုလည်း ဖြစ်ပါသည်။ မြန်မာလူမျိုးများသည် စိတ်နှလုံးနူးညံ့ကာ အခြားသူများအပေါ် ယဉ်ကျေးပျူငှာပြီး ရောက်လာသူများကို မိတ်ဆွေရင်းချာများသဖွယ် ဆက်ဆံကြသူများလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် မပျက်မစီးဘဲ တည်ရှိနေသေးသော အမွေအနှစ်များ တည်ရှိသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများသည် ယဉ်ကျေးမှုအပေါ်အခြေခံပါသည်။ ရှည်လျားသော သမိုင်းကြောင်းများနှင့် အတူတည်ရှိနေသော ဘာသာရေး၊ ယဉ်ကျေးမှုတို့နှင့် ဆက်စပ်နေသော စေတီပုထိုးများ၊ ဘုရားကျောင်းများနှင့် အထိမ်းအမှတ်အဆောက်အဦများကို နေရာအနှံ့ တွေ့နိုင်ပါသည်။ ထိုမျှသာမက မြန်မာနိုင်ငံသည် နှင်းများဖြင့် ဖုံးလွွှမ်းနေသော တောင်တန်းများ၊ နက်ရှိုင်းသောသစ်တောများ၊ အေးမြ၍ သာယာလှပသော နေရာများ၊ ရှည်လျားသောမြစ်များ၊ လှပသောရေကန်များ၊ မပျက်စီးသေးသော ကမ်းခြေများနှင့် ကျွန်းများ စသည့်သဘာဝဆွဲဆောင်မှုများနှင့်အတူ ပြည့်နှက်နေသည့် နိုင်ငံတစ်ခုလည်း ဖြစ်ပါသည်။ ကွဲပြားခြားနားသော တိုင်းရင်းသားများ၏ မတူညီသော ဓလေ့များနှင့် ဘဝများ၊ သူတို့၏ ထူးခြားဆန်းပြားသော ရိုးရာအနုပညာလက်ရာများသည်လာလည်သူများအပေါ် ကမ္ဘာကျော်သော မြန်မာနိုင်ငံ၏ နွေးထွေးဖော်ရွေမှုများနှင့်အတူ တမူထူးခြားသောမြင်ကွင်းများကို ပေးစွမ်းနိုင်စေမှာလည်း ဖြစ်ပါသည်။

ကိုးကားချက်။ ။ www.mofa.gov.mm

Top Destination


Visa & E-VISA

  • မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအနေဖြင့် ပြည်ဝင်ခွင့် Visa လျှောက်ထားရန်အတွက်  လိုအပ်သော အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါလင့်ခ်မှတဆင့်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

    ဆက်လက်ကြည့်ရှုရန်