ချေးငွေထုတ်ချေးခြင်း
ချေးငွေထုတ်ချေးခြင်း
Ministry of Planning and Finance / April 19, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ
ဝန်ဆောင်ခ
မရှိပါ။
လိုအပ်သောစာရွက်စာတမ်းများ
- လုပ်ငန်းရှင်/ကုမ္ပဏီ၏လျှောက်လွှာ
- လုပ်ငန်းလိုင်စင် (လုပ်ငန်းနှင့်ပတ်သက်သည့်အထောက်အထားများ)
- အမြတ်ခွန်ပြေစာများ
- အရှုံးအမြတ်စာရင်းနှင့် ဘဏ္ဍာရေးရှင်းတမ်းများ
- လုပ်ငန်းဓါတ်ပုံများ
- အာမခံပစ္စည်းပိုင်ဆိုင်မှုအထောက်အထားများ
- မြေပုံ၊ မြေရာဇဝင်(၁၀၅၊ ၁၀၆) မူရင်းများ
- အာမခံပစ္စည်းဓါတ်ပုံများ
လျှောက်ထားရန်အဆင့်များ
အဆင့်(၁)
ချေးငွေလျှောက်လွှာအားတင်ပြခြင်း
အဆင့်(၂)
လုပ်ငန်းရှင်မှ ဘဏ်သို့တင်ပြသည့် ဘဏ်ချေးငွေအဆိုပြု လျှောက်လွှာ အား လက်ထောက်မန်နေဂျာနှင့် မန်နေဂျာမှ စစ်ဆေးခြင်း
အဆင့်(၃)
လက်ထောက်မန်နေဂျာမှ လုပ်ငန်းရှင်နှင့် ကနဦးဆွေးနွေးပြော ကြားစိစစ်ခြင်း၊ လုပ်ငန်းရှင်၏လုပ်ငန်းနှင့် အာမခံပစ္စည်း အထောက်အထား စာရွက်စာတမ်းများကို သွားရောက်ကွင်းဆင်း စစ်ဆေးခြင်း
အဆင့်(၄)
စစ်ဆေးတွေ့ရှိချက်များနှင့်အတူ ချေးငွေစီစစ်အကဲဖြတ်ရေးအဖွဲ့သို့ ခွင့်ပြုမိန့်ရရှိရန် တင်ပြခြင်း
အဆင့်(၅)
ချေးငွေပမာဏကို အစည်းအဝေးမှဆုံးဖြတ်ပြီးပါက ဘဏ်ရှေ့နေနှင့် ဘဏ်ရာဖြတ်ထံသို့ ထပ်မံစစ်ဆေးစေခြင်း
အဆင့်(၆)
မီးအာမခံထားရှိရန်စီစဉ်ခြင်း
အဆင့်(၇)
L-25 , L-29, L-39 , ကတိပြုကျမ်းကျိန်လွှာများ လက်မှတ်ရေးထိုး စာချုပ်ချုပ်ပြီးချေးငွေထုတ်ချေးခြင်း
ဆက်သွယ်ရမည့်လိပ်စာ
ချေးငွေဌာန
ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ
ရန်ကုန်မြို့- ၁၇၀/၁၇၆၊ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
မန္တလေးမြို့- အမှတ်(၁၀၀)၊ ၈၄ လမ်း ၊ (၂၉x ၃၀)လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့
ဖြည့်စွက်ချက်
စာရင်းပိုထုတ်ချေးငွေ တနှစ်လျှင် ၁၃%
နှစ်တိုချေးငွေ တနှစ်လျှင် ၁၂.၅%
နှစ်လတ်ချေးငွ တနှစ်လျှင် ၁၂%
နှစ်ရှည်ချေးငွ တနှစ်လျှင် ၁၁.၅%
Website လိပ်စာ
အွန်လိုင်းမှ အခွန်ငွေပေးဆောင်ခြင်း( Online Tax Payment )
Ministry of Planning and Finance / April 19, 2018
မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း (Mobile Payment)
Ministry of Planning and Finance / April 19, 2018
