ပြည်ပမှချေးငွေရယူခြင်းအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ခွင့်ပြုမိန့် တောင်းခံရာတွင်ဆောင်ရွက်ရမည့်နည်းလမ်းများ အသိပေး ကြေညာခြင်း

ဘဏ္ဍာရေးနှင့်အခွန်





ပြည်ပမှချေးငွေရယူခြင်းအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ခွင့်ပြုမိန့် တောင်းခံရာတွင်ဆောင်ရွက်ရမည့်နည်းလမ်းများ အသိပေး ကြေညာခြင်း

၁။        နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတွင် ပြည်တွင်း၌နေထိုင်သူသည် ပြည်ပမှ ချေးငွေများ ရယူခြင်း သို့မဟုတ် ပြည်ပမှ အခြားနည်းလမ်းများဖြင့် ချေးငှားခြင်း သို့မဟုတ် ချေးငွေရယူခြင်းကဲ့သို့သော စာရွက်စာတမ်းအထောက်အထားတို့ကို ဆောင်ရွက်သည့်အခါ တိုင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ကြိုတင်ခွင့်ပြုမိန့် တောင်းခံရယူရမည်ဟု ပြဋ္ဌာန်း ထားပါသည်။

၂။       သို့ဖြစ်ပါ၍ အထက်ပါပုဂ္ဂိုလ်များ ပြည်ပမှ ချေးငွေများရယူလိုပါက အောက်ဖော်ပြပါ အထောက်အထားများဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှတစ်ဆင့်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တိုက်ရိုက်တင်ပြ၍လည်းကောင်း ခွင့်ပြုမိန့်တောင်းခံရန် ဖြစ်ပါသည်-

(က)  ချေးငွေရယူရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရုံးအမှတ်(၅၅)၊ နေပြည်တော်သို့ လိပ်မူထားသည့်  လျှောက်ထားလွှာ

( ခ )  ကုမ္ပဏီဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများ (ကုမ္ပဏီမှတ်ပုံတင် လက်မှတ်၊ Form VI ၊ Form XXVI ၊ သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့မှတ်တမ်း)

( ဂ )  တည်ထောင်ပြီးကုမ္ပဏီဖြစ်ပါက အစိုးရအသိအမှတ်ပြု စာရင်းစစ်အဖွဲ့မှ အတည်ပြုထားသော ကုမ္ပဏီ၏ သက်ဆိုင်ရာဘဏ္ဍာနှစ်နှင့် အနီးစပ်ဆုံး နှစ်ချုပ်စာရင်း

(ဃ)  ချေးငွေဆိုင်ရာအချက်အလက်များ (ချေးငွေပြန်လည်ပေးဆပ်မည့်အစီအစဉ် အပါအဝင်) ပြည့်စုံစွာပါရှိသည့် ချေးငွေစာချုပ် (မူကြမ်း)

( င )  ကုမ္ပဏီ၏ ထည့်ဝင်ပြီးမတည်ငွေရင်းအတွက် Equity ယူဆောင်လာပြီး ကြောင်း ဘဏ်အထောက်အထားများ

( စ )  အခြားတင်ပြလိုသည့် စာရွက်စာတမ်းများ

၃။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တင်ပြပါအထောက်အထားများပေါ်တွင် အောက်ပါ အချက်အလက်များအား စိစစ်၍ ခွင့်ပြုမိန့်ထုတ်ပေးမည်ဖြစ်ပါသည်-

(က)  သက်ဆိုင်ရာကုမ္ပဏီအနေဖြင့် Equity သို့မဟုတ် Capital Brought-in ပမာဏ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကို ပြည်တွင်းသို့ လွှဲပြောင်းပြီး ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်း ဖြစ်/မဖြစ်။

( ခ )  နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းတို့တွင် ပြဋ္ဌာန်းချက်များနှင့် အညီ ပြည်ပချေးငွေ ရယူသူသည် နိုင်ငံခြားဝင်ငွေ ပုံမှန်ရရှိသည့် စီးပွားရေး အဖွဲ့အစည်း ဖြစ်/မဖြစ်။

( ဂ )  နိုင်ငံခြားငွေပုံမှန်မရရှိပါကလည်း ပြည်တွင်းရငွေဖြင့်လုံလောက်စွာ ပြန်လည် ပေးဆပ်နိုင်ကြောင်းနှင့် ဖြစ်ပေါ်လာနိုင်သည့် ငွေလဲလှယ်နှုန်းအတက်အကျကို ကာကွယ်နိုင်မည့် အစီအစဉ်များ ရှိ/မရှိ။

(ဃ)  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုထုတ်ပေးသည့် ခွင့်ပြုမိန့်တွင် ဖော်ပြထားသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံငွေ (Equity Amount) ၏ အနည်းဆုံး ၈၀% ကို ယူဆောင်လာပြီးခြင်း ရှိ/မရှိ။

( င )  Debt to Equity Ratio အား သတ်မှတ်ချက်ဘောင်ဖြစ်သည့် အများဆုံး ၃:၁ နှင့် ၄:၁ အတွင်း ရှိ/မရှိ။

( စ )  ချေးငွေစာချုပ်ပါ ချေးငွေဆိုင်ရာ Terms and Conditions များနှင့် ကုမ္ပဏီဆိုင်ရာ အထောက်အထားများပြည့်စုံမှန်ကန်မှု ရှိ/မရှိ။

(ဆ)  ချေးငွေစာချုပ်ပါပြန်ဆပ်ရန်ကာလ (Tenure) သည် နှစ်လတ် သို့မဟုတ် နှစ်ရှည်အတွင်း ဖြစ်/မဖြစ်နှင့် Repayment Schedule သည် ချေးငွေစာချုပ်နှင့် လိုက်လျောညီထွေ ဖြစ်/မဖြစ်။

Website လိပ်စာ

မရှိပါ။

အမေးများဆုံးတံဆိပ်ခေါင်းခွန်နှုန်းထားများ

 

စဉ်

ဇယား (၁)

ဇယားအမှတ်စဉ်

စာချုပ်စာတမ်းအမည်

ကျသင့်တံဆိပ်ခေါင်းခွန်နှုန်းထား

မွေးစားစာချုပ်

ကျပ် ၁၅၀

 

သဘောတူစာချုပ် သို့မဟုတ် သဘောတူညီချက် မှတ်တမ်း-

(က) ငွေလွှဲလက်မှတ်ရောင်းချခြင်းနှင့်သက်ဆိုင်လျှင်

(ခ) အစိုးရငွေချေးသက်သေခံလက်မှတ်ကိုဖြစ်စေ၊ တရားဥပဒေအရ ဖွဲ့စည်းထားသော ကုမ္ပဏီ သို့မဟုတ် တခြား တရားဝင်အဖွဲ့အစည်းတွင် ပါဝင်သည့် အစုရှယ်ယာကိုဖြစ်စေ ရောင်းချခြင်းနှင့်သက်ဆိုင်လျှင်

(ဂ) ဖက်စပ်သဘောတူစာချုပ်၊ ထုတ်လုပ်ခြင်း သို့မဟုတ် အကျိုးအမြတ် ခွဲဝေခြင်း ပဋိညာဉ်စာချုပ်၊ ဆောက်လုပ်ရေး သဘောတူစာချုပ် သို့မဟုတ် အလားတူသဘောတူစာချုပ် သို့မဟုတ် ပဋိညာဉ်စာချုပ်နှင့် သက်ဆိုင်လျှင်

(ဃ) တခြားနည်းဖြင့် ပြဌာန်းမထားသည့် သဘော   တူစာချုပ် ဖြစ်လျှင်

 

ကျပ် ၁၅၀

ငွေချေးသက်သေခံလက်မှတ် သိုမဟုတ် အစုရှယ်ယာတန်ဖိုး ကျပ်တစ်သိန်းအတွက် ဖြစ်စေ၊ ၎င်း၏အစိတ်အပိုင်းအတွက်ဖြစ် စေ၊ ၂၅ကျပ်( အများဆုံးထိုက် သင့်သည့် တံဆိပ်ခေါင်းခွန်မှာ ကျပ် ၁၀,၀၀၀)

တစ်ရာခိုင်နှုန်း (အများဆုံး ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် မှာ ကျပ် ၁၅၀.၀၀၀ ဖြစ်သည်။)

 

 

ကျပ် ၃၀၀

၁၅

ခံဝန်ချုပ်

ထိုငွေပမာဏသို့ဟုတ် တန်ဖိုး အပေါ် သုညဒဿမ ငါးရာခိုင်နှုန်း

၂၀

သင်္ဘောစင်းလုံးငှားစာချုပ်

(က) မြင်းကောင်ရေအား ၂၀ ထက်နည်းလျှင်

(ခ)   မြင်ကောင်ရေအား ၂၀ အောက်မနည်း ၅၀ ထက်မပိုလျှင်

(ဂ)   မြင်းကောင်ရေအား ၅၀ ထက်ပိုလျှင်

 

ကျပ် ၃၀၀၀

ကျပ် ၇၅၀၀

ကျပ် ၁၅၀၀၀

၂၁

ချက်လက်မှတ်

၅ ကျပ်

၂၃

ပစ္စည်းလွှဲပြောင်းခြင်းစာချုပ်စာတမ်း

ထိုငွေပမာဏ သို့မဟုတ် တန်ဖိုး အပေါ် ရာခိုင်နှုန်း

၃၃

မေတ္တာဖြင့်ပေးကမ်းသည့်စာချုပ်စာတမ်း

ထိုငွေပမာဏ သို့မဟုတ် တန်ဖိုး အပေါ် ရာခိုင်နှုန်း

၃၅

အငှားစာချုပ်

(က) ငှားရမ်းခသတ်မှတ်၍ စပေါ်ငွေပေးရသည့် သို့မဟုတ် မပေးအပ်ရသည့် ကိစ္စတွင်

   (၁) တစ်နှစ်အောက်လျော့သော ကာလအပိုင်းအခြားအတွက်

   (၂) တစ်နှစ်အောက်မလျော့ သုံးနှစ်ထက်မပိုသော် ကာလ အပိုင်းအခြားအတွက်

  

 (၃) သုံးနှစ်ထက်ကျော်လွန်သော ကာလအပိုင်း အခြားအတွက်

   

(၄) သတ်မှတ်ထားသည့် ကာလအပိုင်းအခြား တစ်ခုခုအတွက် ဖြစ်သည့်သဘော မသက်ရောက်လျှင်

 

 (၅) ထာဝစဉ်ဖြစ်သည့်သဘော သက်ရောက်လျှင်

 

 

 

(ခ) ဒဏ်ငွေ သို့မဟုတ် စပေါ်ငွေအတွက်ဖြစ်စေ ကြိုတင်ပေးငွေအတွက်ဖြစ်စေ ထုတ်ပေး၍ ငှားရမ်းခ သတ်မှတ်မထားလျှင်

(ဂ) သတ်မှတ်ထားသည့်ငှားရမ်းခအပြင် ဒဏ်ငွေ သို့မဟုတ် စပေါ်ငွေအတွက် ကြိုတင်ထုတ်ချေးငွေအတွက် ထုတ်ပေး သည်ဖြစ်လျှင်

 

 

ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအ ပေါ်

 

သုည ဒဿမ ငါးရာခိုင်နှုန်း

တစ်နှစ်ပျမ်းမျှရရန်ရှိသော ငှားရမ်းခ သင့်ငွေ ပမာဏ သို့မဟုတ် တန်ဖိုး အပေါ်သုည ဒဿမ ငါးရာခိုင်နှုန်း

တစ်နှစ်ပျမ်းမျှရရန်ရှိသော ငှားရမ်းခ သင့်ငွေ ပမာဏ သို့မဟုတ် တန်ဖိုး အပေါ် ၂ ရာခိုင်နှုန်း

နှစ်ရှည်အငှားစာချုပ်ဖြစ်လျှင် ပထမ ဆယ်နှစ်အတွက် ပေးရမည့် ပျှမ်းမျှနှစ် စဉ် ငှားရမ်းခ၏ ၂ ရာခိုင်နှုန်း

စာချုပ်ချုပ်သည့်နေ့မှ ပထမနှစ်ပေါင်း ငါးဆယ်အတွက် ပေးရမည့် စုစုပေါင်း ငှားရမ်းခ ငါးပုံတစ်ပုံပေါ်တွင် ၂ ရာခိုင်နှုန်း

ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၂ ရာခိုင်နှုန်း

 

ဒဏ်ငွေ၊ စပေါ်ငွေ သို့မဟုတ် ကြိုတင် ပေးငွေကို မပေးရပါက အဆိုပါ စာချုပ်အပေါ်တွင် ပေးဆောင်ရမည့် တံဆိပ်ခေါင်းခွန် အပြင် ထိုအငှား စာချုပ်တွင် ဖော်ပြထားသည့် ဒဏ်ငွေ၊ စပေါ်ငွေ သို့မဟုတ် ကြိုတင်ပေးငွေ အပေါ် ၂ ရာခိုင်နှုန်း(သို့ရာတွင် အငှား စာချုပ်အတွက် လိုအပ်သည့်အတိုင်း တန်ဖိုးအလျောက် တံဆိပ်ခေါင်း ပါရှိ၍ အဆိုပါ သဘောတူစာချုပ်နှင့်အညီ အငှား စာချုပ်ကို နောက်ပိုင်းတွင် ချုပ်ဆိုလျှင် အဆိုပါအငှားစာချုပ် အတွက် တံဆိပ်ခေါင်းခွန်မှာ ကျပ် ၃၀၀ ထက် မပိုရ)

၃၆

အစုရှယ်ယာများခွဲဝေသတ်မှတ်ပေးသည့်စာ

ကျပ် ၆၀၀

၁၀

၄၀

အပေါင်စာချုပ်

(က) စာချုပ်တွင် ပါဝင်သော ပစ္စည်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ ပေါင်နှံသူက လက်ရှိပေးအပ် လျှင် သို့မဟုတ် ပေးအပ်ရန်သဘောတူလျှင်

(ခ) အထက်အပိုဒ် (က) အတိုင်း လက်ရှိမပေးအပ်လျှင် သို့မ ဟုတ် ပေးအပ်ရန်သဘောမတူလျှင်

 

ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၂ ရာခိုင်နှုန်း

 

ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် သုည ဒဿမ ငါးရာခိုင်နှုန်း

၁၁

၅၇

အာမခံစာချုပ် သို့မဟုတ် အပေါင်စာချုပ်

ရာထူးအလျောက်ကျနစွာ ဆောင်ရွက်ရန် သို့မဟုတ် တာဝန်ခံ ရန် ပဋိညာဉ်ပြုသည့်စာချုပ်

(က) အာမခံသည့် ငွေပေါင်းကျပ် ၁၅၀,၀၀၀ (တစ်သိန်းခွဲ) ထက်မပိုလျှင်

(ခ) အခြားကိစ္စတစ်ခု

 

 

 

ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် သုည ဒဿမ ငါးရာခိုင်နှုန်း

ကျပ် ၂၅၀၀

၁၂

၆၂

လွှဲပြောင်းစာချုပ်စာတမ်း

(က) တရားဥပဒေအရ ဖွဲ့စည်းထားသည့် အစုစပ်ကုမ္ပဏီ သို့ မဟုတ် အခြားအသင်းစုတွင်ပါဝင်သည့် အစုရှယ်ယာများ အလွှဲအပြောင်းစာချုပ်

 

အစုရှယ်ယာတန်ဖိုးအပေါ် သုည ဒဿမ တစ်ရာခိုင်နှုန်း



မေးလေ့ရှိသောမေးခွန်းများ

ကုမ္ပဏီတစ်ခုမှ ဆောင်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် အခြားကုမ္ပဏီတစ်ခုနှင့် လုပ်ငန်းအပ်နှံ သည့် စာချုပ်များချုပ်ဆိုရာတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲဇယား (၁) အမှတ် စဉ် (၅) (ဂ) အရ လုပ်ငန်းအပ်နှံသည့် ငွေပမာဏ (သို့) တန်ဖိုးအပေါ် တံဆိပ်ခေါင်းခွန် ၁% နှင့် အများ ဆုံး ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်မှာ ၁၅၀၀၀၀ ကျပ် ဖြစ်ပါသည်။ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် တာဝန်ရှိသူမှာ ကန်ထရိုက်ရသူ (သို့) ကန်ထရိုက်တာ (သို့) တင်ဒါရသူ (သို့) ပစ္စည်းတင်သွင်းသူများမှ ထမ်းဆောင်ရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ (၁၇) အရ တံဆိပ်ခေါင်းခွန် ထိုက်သင့်သည့် စာချုပ်စာတမ်းအားလုံးကို စာချုပ်မချုပ်ဆိုမီဖြစ်စေ၊ ချုပ်ဆိုသည့် အခါ၌ဖြစ်စေ တံဆိပ် ခေါင်းခွန် ထမ်းဆောင်ရမည်ဟု ဖော်ပြထားပါသည်။ တံဆိပ်ခေါင်းခွန်ကို ဖော်ပြပါ အချိန်အတွင်း မထမ်းဆောင်ခဲ့ပါက မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၃၃ အရ သိမ်းချုပ် အရေးယူ ဆောင်ရွက် ရမည်ဖြစ်၍ လျော့နည်းသည့် တံဆိပ်ခေါင်းခွန်နှင့် ယင်း၏ ၁၀ ဆနှင့် ညီမျှသော ဒဏ်ငွေ တံဆိပ်ခေါင်း ခွန်ကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။

ကုမ္ပဏီရှိ ဖခင်ဖြစ်သူ၏ အစုရှယ်ယာအား သားဖြစ်သူထံ လွှဲပြောင်းပေးအပ်ရာတွင် မေတ္တာဖြင့် လွှဲပြောင်းပေးကမ်းခြင်းအပေါ် အထောက်အထားများတင်ပြရမည်ဖြစ်ပြီး၊ ပြည့်စုံပါက အစုရှယ်ယာလွှဲ ပြောင်းခြင်းအတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲဇယား အမှတ်စဉ် (၆၂) (က) အရ ၁-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ တံဆိပ်ခေါင်းခွန် ၀.၁% ထမ်းဆောင်ရမည် ဖြစ်ပါသည်။

တိုက်ခန်းအငှား (၁) နှစ်စာချုပ်ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲ ဇယား (၁) အမှတ်စဉ် (၃၅) (က) (၂) အရ (၁) နှစ် အငှားစာချုပ်အရ ငှားရမ်းခ သင့်ငွေပမာဏ (သို့) တန်ဖိုးအတွက် ၁-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ ၀.၅% တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည် ဖြစ်ပါသည်။ ငှားရမ်းခအပြင် ဒဏ်ငွေ၊ စပေါ်အပ်ငွေများရှိပါက မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲ ဇယား (၁) အမှတ်စဉ် ၃၅ (ခ) အရ ထိုတန်ဖိုး၏ ၂% ကို တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည် ဖြစ်ပါ သည်။ အငှားစာချုပ်ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၂၉ (ဂ) အရ ငှား ရမ်းရန် သဘောတူညီချက်ဖြစ်သည့် အချက်တွင် ငှားရမ်းရသူ (သို့) ငှားရမ်းမည့်သူက ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည် ဖြစ်ပါသည်။

ပြည်တွင်းရှိ နိုင်ငံခြားကုမ္ပဏီနှင့် ဌာနဆိုင်ရာတို့ သုံးနှစ်ထက်ကျော်လွန်သော ကာလအပိုင်းအခြားဖြစ် သည့် မြေနှစ်ရှည်ငှားရမ်းခြင်းစာချုပ် ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက် ဆက်တွဲ ဇယား (၁)၊ အမှတ်စဉ် ၃၅ (က) (၃) အရ သတ်မှတ်ထားသည့် ပျှမ်းမျှရရန်ရှိသော ငှားရမ်းခ သင့်ငွေပမာဏ (သို့မဟုတ်) တန်ဖိုးအပေါ် ၁-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ ၂% တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Huawei ကုမ္ပဏီနှင့် အခြားဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတို့လုပ်ငန်း အပ်နှံ သည့် Contract စာချုပ်ချုပ်ဆိုခြင်းအတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲ ဇယား (၁) အမှတ်စဉ် ၅(ဂ) အရ လုပ်ငန်းအပ်နှံသည့် ငွေပမာတန်ဖိုးအပေါ် ၁% တံဆိပ်ခေါင်းခွန် ထမ်း ဆောင်ရမည်ဖြစ်ပါသည်။ အများဆုံးထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန်မှာ ကျပ် ၁၅၀၀၀၀ ဖြစ်ပါသည်။

အား/ကာဦးစီးဌာနပိုင်မြေနေရာအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေးတာဝါတိုင် ဆောက်ရန် ၅ နှစ် ငှားရမ်းချုပ်ဆိုခြင်းအတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၂၉ (ဂ) အရ ငှားရမ်းမည့်သူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည် ဖြစ်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေပုဒ်မ ၃(ဂ) ခြွင်းချက် (၁) အရ ပြည်ထောင်စုသမ္မတနိုင်ငံတော်အစိုးရကဖြစ်စေ၊ အစိုးရအတွက်ဖြစ်စေ၊ အစိုးရ၏ အကျိုးအလို့ငှာဖြစ် စေ ချုပ်ဆိုသောစာချုပ်နှင့် စပ်လျဉ်း၍ အစိုးရက တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် တာဝန်ရှိသော စာချုပ်စာတမ်း တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တံဆိပ်ခေါင်းခွန် ထိုက်သင့်ခြင်း မရှိစေရဟု ပြဌာန်းထားပါ သဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရခြင်း မရှိပါ။

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက ဖိနပ်စက်ရုံ တည်ဆောက်၍ လုပ်ငန်းလုပ်ကိုင်ရန် (၁၀)နှစ် ငှားရမ်းသည့် စာချုပ်ချုပ်ဆိုခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေနောက်ဆက်တွဲဇယား (၁) အမှတ်စဉ် (၃၅)(က)(၃)အရ ပျှမ်းမျှရရန်ရှိသော ငှားရမ်းခသင့်ငွေပမာဏ (သို့မဟုတ်) တန်ဖိုးအပေါ် ၁-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ ၂% တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းသုံး မော်တော်ယာဉ်များ ငှားယူသည့်လုပ်ငန်း အပ်နှံစာချုပ်ချုပ်ဆိုခြင်း အပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေနောက်ဆက်တွဲ ဇယား(၁) အမှတ်စဉ် ၅(ဂ) အရ လုပ်ငန်းအပ်နှံ သည့် ငွေပမာဏ တန်ဖိုးအပေါ် ၁% တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။ သို့ရာတွင် အများ ဆုံး ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်မှာ ကျပ် ၁၅၀၀၀၀ ဖြစ်ပါသည်။

ဘဏ်လုပ်ငန်းဆောင်ရွက်သည့်ကုမ္ပဏီထံ မြေပေါင်နှံခြင်းနှင့်ပတ်သက်၍ အဆိုပါမြေအား လက်ရောက် ပေးအပ်လျှင် တံဆိပ်ခေါင်းခွန်မှာ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား (၁) အမှတ်စဉ်(၄၀)(က) အရ ပေါင်နှံသည့်ချေးငွေပမာဏနှင့် ညီမျှသော အဖိုးစားနားအပေါ် ၁-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ ၂% တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည် ဖြစ်သည့်အပြင် စည်ပင်သာယာသို့ လွှဲပြောင်းပေးသွင်းရမည့် အပို တံဆိပ်ခေါင်းခွန် ၂% ကိုလည်း ထပ်ဆောင်းထမ်းဆောင်ရမည် ဖြစ်ပါသည်။ ပေါင်နှံသည့် မြေအား လက်ရောက်ပေးအပ်ခြင်းမရှိဘဲ ပိုင်ဆိုင်သည့် စာရွက်စာတမ်းများသာ ပေးအပ်ပေါင်နှံခြင်းအတွက် တံဆိပ်ခေါင်းခွန်မှာ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား (၁) အမှတ်စဉ် (၄၀) (ခ)အရ ပေါင်နှံ သည့် ချေးငွေပမာဏတန်ဖိုးအပေါ် ၁-၁၀-၂၀၁၆ ရက်နေ့မှစတင်၍ ၀.၅% တံဆိပ်ခေါင်းခွန် ထမ်းဆောင် ရမည်ဖြစ်၍ စာချုပ်ပေါင်နှံခြင်းအမျိုးအစားအလိုက် တံဆိပ်ခေါင်းခွန် ကျသင့်မည်ဖြစ်၍ စာချုပ်ပါ ပေါင်နှံခြင်းအမျိုးအစားအလိုက် တံဆိပ်ခေါင်းခွန် ကျသင့်မည်ဖြစ်၍ စာချုပ်စာတမ်းအားပြသ၍ သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ တင်ပြ၍ ထမ်းဆောင်ရန် ဖြစ်ပါသည်။

-

အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၁၆ တွင် ဖော်ပြထားပြီးဖြစ်သည့်အတိုင်း ဆိုင်ရာဆေးရုံ၊ ဆေးခန်း များတွင်အသုံးပြုရန် ကိုယ်တိုင်တင်သွင်း၍ ဆိုင်ရာဆေးရုံ၊ ဆေးခန်း၌ ရောင်းချခြင်း၊ အသုံးပြုခြင်း ဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။ ဆေးရုံ၊ ဆေးခန်းများက တင်သွင်းပြီး အခြားသူသို့ ပြန်လည်ရောင်းချမည်ဆိုပါကလည်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။ အခြားသူက တင်သွင်းခြင်း ဖြစ်ပါကလည်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ပါသည်။ အခြားသူက ရောင်းချခြင်းဖြစ်ပါ ကလည်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။

အလုပ်ရှင်က လုပ်ငန်းရပ်ဆိုင်းမည်ဖြစ်ပါသဖြင့် ခန့်အပ်ထားသော ဝန်ထမ်းများအား နစ်နာကြေးပေး အပ်ငွေနှင့် လုပ်ငန်း၌ ဝန်ထမ်းအား ဆက်လက်ထားလိုခြင်းမရှိသဖြင့် အလုပ်မှ ထုတ်ပယ်နစ်နာကြေး ပေးအပ်ငွေတို့အပေါ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၉ အရ လစာခေါင်းစဉ်မှ ဝင်ငွေအဖြစ် ပြဌာန်းထားခြင်း မရှိ ပါ၍ လစာဝင်ငွေ၌ ထည့်ပေါင်းတွက်ချက်ရခြင်းမရှိပါ။

ကုမ္ပဏီမှစရိတ်ကျခံ၍ ကံစမ်းမဲပေါက်သည့် ကိုယ်စားလှယ်အမည်ဖြင့် ကားဝယ်ပေးပြီး အမည်ပေါက် ဆောင်ရွက်ခြင်းသည် အခြေပစ္စည်းလွှဲပြောင်းပေးခြင်းဖြစ်ပြီး ဝင်ငွေခွန် ဥပဒေအရ ကင်းလွတ်ခွင့် ပြုထားခြင်းမရှိပါသဖြင့် ဝင်ငွေခွန်ကျသင့်မည် ဖြစ်ပါသည်။

သံရုံးများ၌ သန့်ရှင်းရေးဝန်ဆောင်မှုဆောင်ရွက်သည့်ကုမ္ပဏီက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ နှစ်ချုပ်ဖြင့် ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းအတွက် ရရှိငွေအပေါ် ကုမ္ပဏီမှစည်းကြပ်ခံယူရာ၌ ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည်ဖြစ်ပါသည်။ အပြန်အလှန်အခွင့်အရေး မူနှင့် အကျုံးဝင်ပါက သံရုံးမှရယူသည့် ဝန်ဆောင်မှုအပေါ် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။

ရုံးကိစ္စများဆောင်ရွက်ရန် တယ်လီဖုန်း၊ Sim Card၊ Laptop များကို ကုမ္ပဏီမှဝယ်ယူ၍ ဝန်ထမ်းအား အပိုင်ပေးသည့်အပေါ် ဝန်ထမ်းလစာဝင်ငွေတွက်ချက်ရာ၌ ထည့်သွင်းတွက်ချက်ရခြင်း မရှိပါ။

ကုမ္ပဏီဝန်ထမ်းသုံးစွဲရန် ကားငှားရမ်းပေးခြင်းအတွက် ကားငှားခကို ကုမ္ပဏီမှပေးချေသည့်အပေါ် ဝန်ထမ်း၏ လစာဝင်ငွေတွက်ချက်ရာ၌ ထည့်သွင်းတွက်ချက်ရခြင်းမရှိပါ။

ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ဝင်ငွေခွန်ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (ခ)တွင် “လစာနှင့် လုပ် အားခစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်ရရှိသည့် အခကြေးငွေ၊ ကော်မရှင်”ဟု ပြဌာန်းထား သော်လည်း ကုမ္ပဏီက နိုင်ငံခြားသားဝန်ထမ်းအတွက် အိမ်ငှားရမ်းပေးခြင်းကို အခကြေးငွေဟု လက်ရှိ သတ်မှတ်ထားခြင်းမရှိသဖြင့် လစာဝင်ငွေခွန် တွက်ချက်ရာတွင် ထည့်သွင်းတွက်ချက်ရန် မလိုအပ်ပါ။ ငှားရမ်းခအဖြစ် ထပ်ဆောင်းရရှိလျှင်မူ ထည့်သွင်းတွက်ချက်ရမည်ဖြစ်ပါသည်။

ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းမှရငွေများသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄၊ အမှတ်စဉ် (၇) ပါ ကုန်စည်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းနှင့် အကျုံးဝင်မှု မရှိသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည်ဖြစ်ပါသည်။

အဆိုပါ ကောက်ခံရငွေများသည် သယ်ယူပို့ဆောင်မှုမဟုတ်သည့် ကောက်ခံရငွေများဖြစ်ပြီး ကုန်သွယ် လုပ်ငန်းခွန်ကျသင့်သော ဝန်ဆောင်ခရငွေများဖြစ်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည် ဖြစ်ပါသည်။

ပြည်တွင်းပြည်ပအဖွဲ့အစည်းများက နိုင်ငံတော်သို့လှူဒါန်းသည့်ငွေ သို့မဟုတ် နိုင်ငံတော်သို့ ထောက်ပံ့ငွေဖြင့် ရယူသည့် ဝန်ဆောင်မှုလုပ်ငန်းများသည် Hotel, Apartment ငှားရမ်းခြင်းနှင့် ပတ်သက်မှုမရှိပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရမည်ဖြစ်ပါသည်။

နှစ်နိုင်ငံအပြန်အလှန်အခွင့်အရေးမူအရ အခွန်ကင်းလွတ်ခွင့်သည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေပုဒ်မ (၁၄) (ဃ) အမှတ်စဉ် ၂၆ တွင် “နှစ်နိုင်ငံအကြား အပြန်အလှန်အခွင့်အရေးမူနှင့် အကျုံးဝင်သည့်နိုင်ငံခြားသံရုံးများ သို့မဟုတ် သံရုံးဝန်ထမ်းများက ရယူသည့် ဝန်ဆောင်မှုလုပ်ငန်း”ဟု ပါရှိသည့်အတွက် ၁-၄-၂၀၁၆ မှ စတင်၍ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်များအတွင်းဖြစ်ပါက ပြည်ထောင်စုအစိုးရမှ ကင်းလွတ်ခွင့်ပေးနိုင်သည့် ကိစ္စ သာဖြစ်ပါသည်။

B.O.T စနစ်ဖြင့် မြေငှားရမ်းခြင်းသဘောတူစာချုပ်များ၌ စာချုပ်သက်တမ်းတိုးခြင်းကိစ္စတွင် မြေငှား ရမ်းသည့်ကာလသည် ကနဦးနှစ် (၅၀) ငှားရမ်းပြီး တစ်ကြိမ်လျှင် (၁၀) နှစ်ဖြင့် သက်တမ်း (၂) ကြိမ် အထိ တိုးမြှင့်မည်ဖြစ်သောကြောင့် ကနဦးနှစ် (၅၀) ငှားရမ်းခြင်း အပေါ်တွင်သာ တွက်ချက်ခြင်းမပြုဘဲ ကနဦး နှစ်(၅၀) ငှားရမ်းပြီးတစ်ကြိမ် (၁၀) နှစ်ဖြင့် သက်တမ်း (၂) ကြိမ်အထိ စာချုပ်သက်တမ်းတိုး မြှင့်မည်ဖြစ်သည့်အတွက် အဆိုပါနှစ်များ အားလုံးအပေါ်တွင် တွက်ချက်ရမည်ဖြစ်သည်။

ပြည်တွင်း၌ လာရောက်လုပ်ကိုင်သည့် ပြည်တွင်းနေနိုင်ငံခြားသားများ၏ လစာဝင်ငွေပေးချေရာတွင် ပြည်ကုမ္ပဏီသည် အထွေထွေငွေများဖြစ်သည့် ဆေးကုသစရိတ်၊ ဆေးစစ်စရိတ်၊ စားစရိတ်၊ ကားစရိတ်၊ တယ်လီဖုန်းစရိတ်၊ ပြည်ပရှိနေအိမ်ထိန်းသိမ်းစရိတ်၊ သားသမီးကျောင်းစရိတ်၊ နေရပ်ခေတ္တပြန်ခရီး စရိတ်၊ ဘာသာစကားသင်တန်းကြေး၊ အသင်းဝင်ကြေး တို့အား ကုမ္ပဏီမှ ပေးချေရမည်ဖြစ်ပြီး ကျန် အသားတင်လစာဝင်ငွေ ကိုသာ ပြည်တွင်းရှိ အဆိုပါနိုင်ငံခြားသားမှ လစာဝင်ငွေအဖြစ် ရရှိခြင်းများတွင် ပြည်ပကုမ္ပဏီမှ ပေးချေသည့် ပေးငွေများကို ပြည်တွင်း၌ လစာဝင်ငွေခွန် ပေးဆောင်တွက်ချက်ရာ၌ ထည့်ပေါင်းတွက်ချက်ရခြင်း မရှိပါ။

စာချုပ် (၁၁)ခုသည် ၉.၁၂.၂၀၁၅ တွင် မြန်မာနိုင်ငံပြင်ပ၌ ချုပ်ဆိုခဲ့သောကြောင့် မြန်မာနိုင်ငံ တံဆိပ် ခေါင်းအက်ဥပဒေပုဒ်မ ၁၈ ပုဒ်မခွဲ (၁) အရ မြန်မာနိုင်ငံပြင်ပတွင်သာ ချုပ်ဆိုခဲ့သည့် ငွေလွှဲလက်မှတ် (သို့) ငွေပေးကတိစာချုပ်မဟုတ်သော တံဆိပ်ခေါင်းခွန် ထိုက်သင့်သည့် စာချုပ်စာတမ်းတစ်ရပ်ရပ်အား မြန်မာနိုင်ငံအတွင်း၌ ပထမဦးစွာလက်ခံရရှိပြီးနောက် (၃) လအတွင်း မြို့နယ်အခွန်ဦးစီးဌာနမှူးထံ ယူဆောင်လာ၍ တံဆိပ်ခေါင်းကပ်နှိပ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား (၁) အရ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား(၁) အမှတ်စဉ် ၅(ဂ) အရ ဖက်စပ်သဘောတူစာချုပ်၊ ထုတ်လုပ်ခြင်း သို့မဟုတ် ခွဲဝေခြင်း၊ ပဋိညာဉ်စာချုပ်၊ ဆောက်လုပ်ရေးသဘောတူ စာချုပ် သို့မဟုတ် အလားတူသဘောတူစာချုပ် သို့မဟုတ် ပဋိညာဉ်စာချုပ်နှင့် သက်ဆိုင်လျှင် ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၁% ထမ်းဆောင်ရမည်။ သို့ရာတွင် အများဆုံး ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်သည် ၁ သိန်းခွဲ ဖြစ်စေရမည် ဖြစ်ပါသည်။

အဖွဲ့အစည်းသို့ပေးဆောင်ရမည့် ဝန်ဆောင်ခအတွက် နိုင်ငံသားအလိုက် ဝင်ငွေခွန် ကင်းလွတ်ခြင်း မရှိပါ။

ကင်းလွတ်ခွင့်ဇုန်ရှိ မြေငှားရမ်းခများအပေါ် အခွန်ကျသင့်မှုနှင့် ပတ်သက်၍ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ၏ ပုဒ်မ ၃၊ ပုဒ်မခွဲ (စျ) တွင် ဖော်ပြထားသည့် “နိုင်ငံတော်၏ပြင်ပတွင် ရှိသည်ဟု မှတ်ယူရမည့် နယ်မြေ”ဟု ဆိုရာတွင် ကင်းလွတ်ဇုန်အတွင်းရှိ ကုန်စည်များ၊ ကင်းလွတ်ဇုန်အတွင်းသို့ တင်သွင်းမည့် ကုန်စည်များနှင့် ပတ်သက်၍ အခွန်အခများ ကင်းလွတ်စေရန်အလို့ငှာ ဖော်ပြထားခြင်းဖြစ်ပြီး မြေငှားရမ်းခများအပေါ် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၄၉ အရ ကုန်သွယ်လုပ်ငန်းခွန် ကင်း လွတ်ခွင့်ပြုထားခြင်းမရှိပါက တည်ဆဲကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ ၂၀၁၆ ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေတို့အရ အခွန်စည်းကြပ် ကောက်ခံရပါမည်။

Grant အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အတိုင်ပင်ခံကုမ္ပဏီဖြင့် စာချုပ်ချုပ် ဆိုရာတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့်မရှိပါ။ WHT ကို ၄၁/၂၀၁၀ ပါအတိုင်း ဖြတ်တောက်ပေးသွင်းရမည် ဖြစ်ပါသည်။ Grant အထောက်အပံ့ရငွေဖြင့် ရယူသည့် ဝန်ဆောင်မှုသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်မည်ဖြစ်ပါသည်။ အတိုင်ပင်ခံကုမ္ပဏီသည် ပြည်တွင်း၌ဖွဲ့စည်းသော ကုမ္ပဏီ မဟုတ်ပါက Non Resident Foreigner ဖြစ်သည်။

တင်သွင်းသူသည် (General Administration Department –GAD) ဖြစ်၍ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်သော်လည်း ဝင်ငွေခွန်ပေးဆောင်ရမည်မဟုတ်ပါ။ တင်ဒါတင်သွင်းသူအမည်ဖြင့် ကျသင့် သည့်ကုန်သွယ်လုပ်ငန်းခွန်မှာ GAD အမည်ဖြင့် ပေးသွင်းသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှိမ်ခွင့် မရပါ။

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄(က) ရှိ အမှတ်စဉ် (၈)ပါ ဆီအုန်း ကုန်စည်အမျိုးစားသည် ဆီအုန်းစေ့နှင့် ဆီအုန်းပင် နှစ်မျိုးစလုံးကိုဆိုလိုခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄(က)ရှိ အမှတ်စဉ် (၃၆) ပါ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားဖွဲနုဆီ၊ ပဲပုတ်ဆီနှင့် ဆီအခဲများဆိုသည်မှာ အဆိုပါ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားဖွဲနုဆီ၊ ပဲပုတ်ဆီနှင့် ၎င်းတို့၏ ဆီအခဲများကို ဆိုလိုခြင်းဖြစ်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၁၆ တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

တရုတ်နိုင်ငံ၌ ရုံးချုပ်တည်ရှိပြီး ပြည်တွင်း၌ တရုတ်ရုံးခွဲကုမ္ပဏီ လာရောက်ဖွင့်လှစ်လုပ်ကိုင်ကြသည့် ကုမ္ပဏီအနေဖြင့် ပြည်တွင်းတရုတ်နိုင်ငံခြားကုမ္ပဏီ၏ လိုအပ်သောငွေကြေးကို Head Office တရုတ်နိုင်ငံမှချေးယူရာတွင် ရုံးခွဲနှင့် ရုံးချုပ်သည် တစ်ရုံးတည်းဖြစ်ပါက အတိုးပေးရန်မလိုအပ်ပါ။ ၎င်းတို့အချင်းချင်း အတိုးဖြင့် ငွေချေးယူမည်ဆိုပါက အဆိုပါအတိုးပေးငွေ အပေါ် အမိန့်ကြော်ငြာစာအမှတ် ၄၁/၂၀၁၀ အရ ပင်ရင်းမှ နုတ်ယူပေးသွင်းခွန် ဖြတ်ယူရမည်ဖြစ်ပြီး ပြည်တွင်းရုံးခွဲ၏ ပြည်တွင်းဝင်ငွေအပေါ် ဝင်ငွေခွန်နည်းဥပဒေ ၁၀ ပါအတိုင်း စည်းကြပ်မှု ခံယူရန် လိုအပ်မည် ဖြစ်ပါသည်။

တရားဝင်ချုပ်ဆိုထားသော စာချုပ်များတွင် ကပ်နှိပ်ထားသော တံဆိပ်ခေါင်းတန်ဖိုးသည် စာချုပ်အမျိုး အစားအလိုက် ထိုက်သင့်သည့်နှုန်းထားများအတိုင်း ကျသင့်သော တံဆိပ်ခေါင်းတန်ဖိုးဖြစ်ရမည့်အပြင် ပြည်စုံကျနစွာ ထမ်းဆောင်ရန်လိုအပ်ပါသည်။ တံဆိပ်ခေါင်းခွန် ထိုက်သင့်သော စာချုပ်စာတမ်းများ အားလုံးကို စာချုပ်မချုပ်ဆိုမီဖြစ်စေ၊ စာချုပ်ချုပ်ဆိုသည့်အခါ၌ဖြစ်စေ တံဆိပ်ခေါင်းခွန်ထမ်းဆောင် ရမည် ဖြစ်ပါသည်။ တံဆိပ်ခေါင်းခွန် ပြည့်စုံကျနစွာ ထမ်းဆောင်ထားခြင်းမရှိသော စာချုပ်စာတမ်းများ ကို မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ (၁) အရ သိမ်းချုပ်ခြင်းပြုရမည်ဖြစ်ပြီး ပုဒ်မ ၃၅ အရ ဒဏ်ကြေး (၁၀)ဆ ထပ်ရိုက်ရမည်ဖြစ်ပါသည်။

တံဆိပ်ခေါင်းကို ဝယ်ယူရာတွင် လိုအပ်သောစာရွက်စာတမ်းများကို ဥပဒေအရ ပြဌာန်းထားခြင်း မရှိ သော်လည်း ပုံစံ(ဃ) တွင် ရေးဖြည့်ရမည့် တံဆိပ်ခေါင်းဝယ်ယူသူ၏ အချက်အလက်များအား ရေးသွင်း ရန် လိုအပ်ပါသည်။
စာချုပ်တွင် တံဆိပ်ခေါင်းခွန် ပြည့်စုံစွာကပ်ထားလျှင် စာချုပ်မူရင်းနှင့် မူရင်းခွဲ၏ အကျိုးသက်ရောက်မှု ပုံစံမှာ တူညီသောကြောင့် မည်သူက ယူထားသင့်ကြောင်းကို သတ်မှတ်ထားခြင်းမရှိပါ။
အရောင်းအဝယ်စာချုပ်ချုပ်ဆိုရာတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ဇယား (၁) အမှတ်စဉ် (၂၃) အရ ပစ္စည်းလွှဲပြောင်းခြင်းစာချုပ်စာတမ်းဖြစ်၍ ထိုက်သင့်တံဆိပ်ခေါင်းခွန်မှာ ၁-၁၀-၂၀၁၆ မှ စတင်၍ ထိုငွေပမာဏ (သို့မဟုတ်) တန်ဖိုးအပေါ် ၂% ဖြင့် ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းသည့် စာချုပ်စာတမ်းများချုပ်ဆိုရာတွင် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန် ၂% အပြင် အပိုတံဆိပ်ခေါင်းခွန် ၂%အား အဆိုပါ ပစ္စည်းတည်ရှိရာနေရာရှိ စျေးကွက်ပေါက်စျေးနှင့်အညီ ထမ်းဆောင်စေရမည် ဖြစ်ပါသည်။

တံဆိပ်ခေါင်းမကပ်ရမည့် အရောင်းအဝယ်ပမာဏနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် စာချုပ်စာတမ်းတစ်ရပ်ရပ်ကို တံဆိပ် ခေါင်းခွန်လျော့ပေါ့ သို့မဟုတ် ကင်းလွတ်ခွင့်ပြုသည့်ကိစ္စမှတစ်ပါး အခြား မည်သည့်အရောင်းအဝယ် စာချုပ်စာတမ်းကိုမဆို ဇယား (၁) အမှတ်စဉ် (၂၃) အရ တံဆိပ်ခေါင်းခွန် ထိုက်သင့်မည်ဖြစ်ပါသည်။

အများဆုံးသတ်မှတ်ထားသည့် တံဆိပ်ခေါင်းကပ်ရမည့် တံဆိပ်ခေါင်းတန်ဖိုးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေဇယား (၁) တွင် စာချုပ်စာတမ်းအမျိုးအစား (၆၅)မျိုး ပြဌာန်းထားရာ စာချုပ် အမျိုးအစားများအလိုက် ကွဲပြားခြားမှုရှိသဖြင့် စာချုပ်များအပေါ်တွင် ထမ်းဆောင်ရမည့် တံဆိပ်ခေါင်း တန်ဖိုးများမှာလည်း ကွဲပြားခြားနားမည် ဖြစ်ပါသည်။

ရွှေ့ပြောင်းနိုင်သောပစ္စည်းဖြစ်စေ၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းဖြစ်စေ အရောင်းအဝယ်ပြုလုပ်ရာတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ဇယား(၁) အမှတ်စဉ် (၂၃) အရ ပစ္စည်းလွှဲပြောင်းစာချုပ်ဖြစ်၍ ထမ်းဆောင်ရမည့်တံဆိပ်ခွန်နှုန်းမှာ တူညီပါသည်။ သို့ရာတွင် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းသည့် စာချုပ်စာတမ်းများချုပ်ဆိုရာတွင် ထမ်းဆောင်ရမည့်တံဆိပ်ခေါင်းခွန် ၂% အပြင် အပို တံဆိပ်ခေါင်းခွန် ၂% အား အဆိုပါပစ္စည်း တည်ရှိရာနေရာရှိ စျေးကွက်ပေါက်စျေးနှင့်အညီ ထမ်းဆောင် စေရမည်ဖြစ်ပါသည်။

တံဆိပ်ခေါင်းခွန်သည် စာချုပ်စာတမ်းချုပ်ဆိုခြင်းနှင့်သာ သက်ဆိုင်ပြီး ကုန်သွယ်လုပ်ငန်းခွန်သည် ကုန်သွယ်လုပ်ငန်းချွန် ဥပဒေပုဒ်မ ၄ အရ ပြည်တွင်း၌ ကုန်စည်ထုတ်လုပ်ရောင်းချခြင်း၊ ကုန်စည်တင် သွင်းခြင်း၊ ကုန်သွယ်မှုဆောင်ရွက်ခြင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်ခြင်းတို့နှင့်သာ သက်ဆိုင်ပါသည်။ ဆိုင်သင့်ရာ ဥပဒေနှင့်အညီ အခွန်ထမ်းဆောင်ရန် လိုအပ်ပါသည်။

ဝင်ငွေခွန်ဥပဒေကိုပြင်ဆင်သည့်ဥပဒေအရ ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃)တွင် ပင်စင်၊ ပင်စင်မှပြောင်းလဲ၍ ရရှိသောငွေနှင့် လုပ်သက်ဆုငွေတို့အပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိ ကြောင်း အစားထိုးပြဌာန်းခဲ့သဖြင့် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အခြားဝန်ထမ်းများ ရရှိသည့် ပင်စင်၊ ပင်စင်မှ ပြောင်းလဲ၍ရရှိသောငွေနှင့် လုပ်သက်ရငွေတို့အပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရှိပါသည်။

Telenor ဆက်သွယ်ရေးကုမ္ပဏီထံမှ sim card များအား လက္ကားဝယ်ယူရောင်းချသည့် ကုမ္ပဏီသည် sim card တန်ဖိုးအတွက် ငွေပေးချေသည့်အခါ တန်ဖိုး၏ ၁၀% အား လက္ကားဝယ်ယူသူကုမ္ပဏီသို့ ပြန်လည်ပေးအပ်ရာ ၎င်းကုမ္ပဏီအနေဖြင့် ရရှိသော ကော်မရှင်ခရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည်ဖြစ်ပါသည်။

Consulting Co., Ltd တစ်ခုမှ ဘဏ်တွင်ကုမ္ပဏီ၏ အစုရှယ်ယာများအား အပေါင်းအဖြစ်ထားရှိ၍ ငွေချေးယူသည့်အခါ ဘဏ်နှင့် ကုမ္ပဏီအကြား ချုပ်ဆိုသည့်စာချုပ်စာတမ်းတွင် မြန်မာနိုင်ငံတံဆိပ် ခေါင်းအက်ဥပဒေ ဇယား (၁) အမှတ်စဉ် (၄၀) အရ အဆိုပါ အပေါင်စာချုပ်ဖြင့် အာမခံပေးသည့်ငွေနှင့် ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ထိုငွေ ပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၂% တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။

အိမ်ငှားရမ်းခြင်းနှင့်စပ်လျဉ်း၍ အိမ်ရှင်နှင့်အိမ်ငှားတို့ ငှားရမ်းခြင်းစာချုပ်ချုပ်ဆိုကြလျှင် အိမ်ငှားရမ်း သူ (အိမ်ငှား)က မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၁၇ အရ စာချုပ် မချုပ်ဆိုမှီဖြစ်စေ၊ စာချုပ် ချုပ်ဆိုသည့်အခါ၌ဖြစ်စေ ထိုက်သင့်သည့် တံဆိပ်ခေါင်းကို ထမ်းဆောင်ရမည်။ အိမ်ငှားရမ်းသူ (အိမ်ရှင်) က အိမ်ခန်းငှားရမ်းခငွေအပေါ် ဝင်ငွေခွန် ပေးဆောင်ရန် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးသို့ လာရောက်တင်ပြသည့်အခါ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ကျနစွာကပ်မထားသော စာချုပ်စာတမ်းဖြစ်ပါက မြို့နယ်အခွန်ဦးစီးမှူးက ပုဒ်မ ၃၃ အရ သိမ်းချုပ်ရမည်ဖြစ်ပြီး ပုဒ်မ ၃၅ အရ လျော့နည်းသည့် တံဆိပ်ခေါင်းခွန်နှင့် ယင်း၏ (၁၀)ဆနှင့် ညီမျှသောဒဏ်ငွေအား တင်ပြသူက ပေးဆောင်ရမည်ဖြစ်သည်။ လျော့နည်းတံဆိပ်ခေါင်းခွန်နှင့် ဒဏ်ငွေအား စာချုပ်တင်ပြသူ (အိမ်ရှင်) က ပေးဆောင်စေခြင်းသည် ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ပြီး စာချုပ်မူရင်းမဟုတ်ဘဲ မိတ္တူဖြစ်လျှင် ယင်းသို့ မဆောင်ရွက်နိုင်ပါ။

ပြည်တွင်းရှိဘဏ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သည့် ဂျပန်ရုံးခွဲကုမ္ပဏီတစ်ခုထံမှ ပြည်တွင်းကုမ္ပဏီ တစ်ခုက ငွေချေးယူရာ ချေးယူငွေအပေါ် အတိုးငွေပေးအပ်ရာတွင် နိုင်ငံခြားကုမ္ပဏီဖြစ်သော ပြည်ပနေ နိုင်ငံခြားသားအား ပေးဆပ်ရသည့် အတိုးပေးငွေအပေါ် ပင်ရင်းမှနုတ်ယူပေးသွင်းခွန် WHT ၁၅% နုတ်ယူပေးသွင်းရမည်ဖြစ်သည်။

ပိုင်ရှင်ကိုယ်တိုင်နေထိုင်ရန် ဆောက်လုပ်ခြင်း၊ ကာလတစ်ခုနေထိုင်ပြီးမှ ပြန်လည်ရောင်းချခြင်းသည် သာ အခြေပစ္စည်းမှ မြတ်စွန်းငွေဖြစ်၍ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်းမရှိသော်လည်း ကုမ္ပဏီက အဆောက်အဦဆောက်လုပ်ရောင်းချခြင်းသည် ကုန်သွယ်လုပ်ငန်းခွန် ၃% ကျသင့်သော ဝန်ဆောင်မှု ဖြစ်ပါသည်။

ပြည်ပအခြေစိုက်ကုမ္ပဏီပိုင်သင်္ဘောများသို့ တက်ရောက်အလုပ်လုပ်ကိုင်သည့် သင်္ဘောသားအများ အတွက် မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီမှ လိုအပ်သောစာရွက်စာတမ်းများပြင်ဆင်ပေးခြင်း၊ ရုံးလုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များ ပြင်ဆင်ပေးခြင်း၊ သင်္ဘောသားများ၏ လစာငွေလွှဲပို့ငွေများအား သက်ဆိုင်ရာ မိသားစုများသို့ ပြန်လည်လွှဲပို့ပေးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (ဃ) အမှတ်စဉ် (၈) ရှိ အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းတွင် မပါတွင်သော အခြားဝန်ဆောင်မှုလုပ်ငန်းသက်သက်ဖြစ်၍ အဆိုပါ ဝန်ဆောင် မှုလုပ်ငန်းများအတွက် ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပြီး ပြည်ပသင်္ဘောလိုင်းအတွက် သင်္ဘောသားများအား ပြည်တွင်း၌ အလုပ်အကိုင်ရှာဖွေပေးသော ဝန်ဆောင်မှုလုပ်ငန်းသည် အဆိုပါ ဥပဒေပုဒ်မ အမှတ်စဉ် (၈) ရှိ အလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းတွင် ပါဝင်ပါသည်။

ဘာသာရေးဆိုင်ရာပစ္စည်းများရောင်းချရာတွင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ (က) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ကုန်စည်များဖြစ်သည့် အမှတ်စဉ် (၅၅) ရှိ ဘာသာရေးဆိုင်ရာအဝတ်အထည် (သင်္ဃန်း စသည်တို့) သာပါဝင်ပြီး အခြားသော ပရိက္ခရာ၊ ဆွမ်းခွက်၊ ဟင်းခွက်၊ သပိတ်၊ ထီး၊ ယပ်တောင်၊ ဖိနပ် တို့သည် အဆိုပါ အမှတ်စဉ် (၅၅) တွင် ပါဝင်ခြင်းမရှိပါ။

ဗီယက်နမ်ကွန်ဗင်းရှင်း Article 8 အရ UN နှင့် လက်အောက်ခံအဖွဲ့များက ပစ္စည်များဝယ်ယူမှုအတွက် အခွန်ပေးခဲ့ရလျှင် ပြန်အမ်းရမည်ဟုပါရှိပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုသကဲ့သို့ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကုလသမဂ္ဂအခွင့်အရေးနှင့် ကင်းလွတ်ခွင့်ဥပဒေအရ ကင်းလွတ်ခွင့်ပြုရမည် ဖြစ်ပါသည်။

-

လူပုဂ္ဂိုလ်ပိုင် ကွန်ဒိုတိုက်ခန်းအား ရုံးခန်းအဖြစ်ငှားရမ်းမည့် ကုမ္ပဏီက ငှားရမ်းခပေးချေရာ၌ ပေးချေ ငွေအပေါ် အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၁၇ အရ ပင်ရင်းမှ နုတ်ယူပေးသွင်းခွန် WHT ၂% နုတ်ယူ ပေးသွင်းရပါမည်။

ပြည်တွင်းရှိကုမ္ပဏီတစ်ခုက သဘာဝဓါတ်ငွေ့ကို ထုတ်လုပ်ပြီး ပြည်တွင်း၌ ရောင်းချခြင်းအပေါ် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၁ (က) အရ အထူးကုန်စည်များအတွက် ဝယ်ယူသူ မှ ငွေပေးချိန်၌ ပင်ရင်းမှနုတ်ယူပေးသွင်းခွန် WHT ကို အထူးကုန်စည်ခွန် အပါအဝင်ဖြစ်သည့် ကုန်သွယ်လုပ်ငန်းခွန်မပါဝင်သော ရောင်းစျေးတန်ဖိုးအပေါ်တွင် ပင်ရင်းမှ နုတ်ယူပေးသွင်းရန် WHT ဖြတ်တောက်ရမည် ဖြစ်ပါသည်။

အကြံပေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခြင်းအတွက် ပင်ရင်းမှနုတ်ယူပေးခွန် WHT ကို ဝန်ဆောင်ခ သက်သက်ငွေ (သို့မဟုတ်) ဝန်ဆောင်ခနှင့် ကုန်သွယ်လုပ်ငန်းခွန်အပါအဝင်ဖြစ်သည့် စုစုပေါင်း တောင်းခံငွေတို့အနက် ကုန်သွယ်လုပ်ငန်းခွန်မပါဝင်သော ဝန်ဆောင်ခသက်သက်အပေါ်တွင် ပင်ရင်းမှ နုတ်ယူပေးသွင်းခွန် WHT ဖြတ်တောက်ရမည် ဖြစ်ပါသည်။

အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၁၇ အရ ကျသင့်အခွန်ကို SAS စနစ်ဖြင့် အခွန်ထမ်းဆောင်သည့် ကုမ္ပဏီက ငွေပေးချေရာတွင် ပေးချေငွေကျပ် ၁၅ သိန်းအတွက် ဖြတ်တောက်ရာ၌ ဝင်ငွေနှစ်တစ်နှစ် အတွင်း ပေးချေငွေအားလုံးအတွက် မဟုတ်ဘဲ ပြေစာတစ်စောင်ချင်း အပေါ်တွင် ဖြတ်တောက်သွားရ မည် ဖြစ်ပါသည်။

WHT ဖြတ်တောက်ခြင်းသည် အလုပ်သမားအားပါသော ဝန်ဆောင်မှုတစ်ရပ်ကို ကန်ထရိုက်တာမှ ရယူ ခြင်းဖြစ်ပါက နုတ်ယူရန်လိုအပ်ပါသည်။ အလုပ်သမားများကို ကိုယ်တိုင်လုပ်အားခပေးရခြင်းဖြစ်မှသာ WHT နှင့် အကျုံးမဝင်ပါသဖြင့် ဖြတ်တောက်ရန် မလိုအပ်ပါ။

ကြော်ငြာဝန်ဆောင်မှုဆောင်ရွက်သည့် ကုမ္ပဏီသို့ ငွေပေးချေရာတွင် ဝန်ဆောင်ခနှင့် ကြော်ငြာခအား ခွဲခြားဖော်ပြပြီး ၎င်းကုမ္ပဏီ၏ Agent Fee ရငွေအပေါ်၌သာ WHT ၂% နုတ်ယူပေးသွင်းရမည် ဖြစ်သည်။ ထို့နောက် Agent ဝန်ဆောင်မှုဆောင်ရွက်သည့် ကုမ္ပဏီက ကြော်ငြာဌာနသို့ ကြော်ငြာခ ပေးချေလိုက်သည့်ငွေ အပေါ်တွင် WHT နုတ်ယူပေးသွင်းရမည် ဖြစ်သည်။

တင်ဒါစနစ်၊ ကန်ထရိုက်စနစ်၊ စျေးနှုန်းခေါ်ယူသည့်စနစ် သို့မဟုတ် အခြား စနစ်တစ်ခုခုဖြင့် ဆောင်ရွက် ခြင်းဖြစ်ပါက အမိန်ကြော်ငြာစာအမှတ် ၅၁/၂၀၁၇ ပါ သတ်မှတ်သည့်နှုန်းထားအတိုင်း WHT နုတ်ယူ ပေးသွင်းခြင်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါစနစ်များဖြင့် ဆောင်ရွက်ခြင်းမဟုတ်ပါက WHT နုတ်ယူပေးသွင်းခြင်း မပြုလုပ်ရပါ။

ကားငှားရမ်းပေးသည့် Agent ဝန်ဆောင်မှုဆောင်ရွက်သည့် ကုမ္ပဏီသို့ ငွေပေးချေရာတွင် Agent မှာ မော်တော်ကားငှားရမ်းပြီး ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ပါသဖြင့် ဝန်ဆောင်ခနှင့် မော်တော်ကားငှားရမ်းခ ခွဲခြားဖော်ပြစေပြီး ၎င်းရရှိမည့် Agent Fee အပေါ်တွင်သာ WHT ၂% နုတ် ယူပေးသွင်းရမည်ဖြစ်သည်။ ထို့နောက် Agent ဝန်ဆောင်မှုဆောင်ရွက်သည့် ကုမ္ပဏီက ကားပိုင်ရှင်သို့ မော်တော်ကားငှားရမ်းခ ပေးချေသည့်ငွေအပေါ်တွင် WHT နုတ်ယူပေးသွင်းရမည် ဖြစ်ပါသည်။

ပြည်တွင်းဝယ်ယူသူကုမ္ပဏီများမှ ပစ္စည်းဝယ်ယူခြင်းအတွက် ပေးချေငွေအပေါ် WHT ပင်ရင်းမှ နုတ်ယူ ပေးသွင်းခွန် ၂% နုတ်ယူပေးသွင်းခြင်းနှင့် ပတ်သက်၍ ပြည်တွင်းကုမ္ပဏီသည် ကုန်းပေါ်ရောက် တန်ဖိုး အပေါ်တွင် ပေးဆောင်ခဲ့ရသော ကြိုတင်ခွန်ထက်ပိုမိုသော ပေးချေငွေအပေါ်တွင် WHT နုတ်ယူပေး သွင်းရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်ရန် ပြည်ပမှ ကုန်စည်တင်သွင်းသည့် ကုမ္ပဏီအနေဖြင့် ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင် ကြိုတင်ခွန်ပေးဆောင်ခဲ့မှုအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အခွန်ဦးစီးဌာနမှူး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး (၁)၊ (၂)၊ (၃) ဌာနမှူးများထံတင်ပြ၍ ထောက်ခံချက် အထောက်အထားရယူ ဆောင်ရွက်နိုင်ပါသည်။

၅၁/၂၀၁၇ အပိုဒ် (၁) ပါ လစာခေါင်းစဉ်မှအပဆိုသည့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၈ အရ လစာခေါင်းစဉ်မှ ရရှိသောလစာဝင်ငွေ၊ လစာအဖြစ်မှအပဖြစ်သော အခြားဝင်ငွေများကို ဆိုလိုပါသည်။

ငှားယူခြင်းများအတွက် ငွေပေးချေရာတွင် ငှားရမ်းခပေးချေငွေအားလုံးအပေါ် ပင်ရင်းမှ နုတ်ယူပေး သွင်းရမည့် ဝင်ငွေခွန်ပေးသွင်းရမည်ဖြစ်ပါသည်။

အဆောက်အဦငှားရမ်းခြင်းသည် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးစေခြင်းသာဖြစ်၍ Withholding Tax ဖြတ်တောက်၍ အဆိုပါလူပုဂ္ဂိုလ်၏ အမည်ဖြင့် ပေးသွင်းမည်ဖြစ်ပါသည်။

အပိုဒ် (၁) အမှတ်စဉ် (ဂ) ပါ လုပ်ငန်းများအတွက် ဆောင်ရွက်ခြင်းမဟုတ်သည့် ပေးချေငွေသည် ၅ သိန်းထက် ကျော်လွန်ပါက သက်ဆိုင်ရာအခွန်နှုန်းများအတိုင်း နုတ်ယူရမည် ဖြစ်သည်။

သနပ်ခါးပင်သည်သာ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး Value Added သနပ်ခါးထွက်ကုန်သည် ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့် မရရှိပါ။

အထူးစီးပွားရေးဇုန်၏ ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းရှိ ကုမ္ပဏီများအနေဖြင့် တံဆိပ်ခေါင်းခွန်ကင်းလွတ်ခွင့် ရှိကြောင်း ပြဌာန်းထားခြင်းမရှိပါသဖြင့် မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန် အက်ဥပဒေပုဒ်မ ၁၇ နှင့် ၁၈ တို့အရ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရန် တာဝန်ရှိပါသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုရန်ပုံငွေချထားပေးခြင်း ဖြစ်သည့်အတွက် ဝန်ဆောင်မှုရယူခြင်း မဟုတ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းလုပ်သည် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ပေးခြင်း ကို ကိုယ်တိုင်ဆောင်ရွက်ပါက ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁ တွင် “စည်းမျဉ်းများဖြင့်သတ်မှတ်ထားသည့် အတိုင်း” ဟု ဖော်ပြ ထား၍ စည်းမျဉ်းပါ နှစ်တစ်နှစ်အတွင်း အခွန်စည်းကြပ်ထိုက်သည့် ရောင်းရငွေ၊ ဝန်ဆောင်မှု ရငွေရှိသူ၊ ထုတ်လုပ်သူ၊ ကုန်သွယ်မှုပြုလုပ်သူ၊ ဝန်ဆောင်မှုဆောင်ရွက်သူတို့သာ မှတ်ပုံတင်ရမည် ဖြစ်သည်။

စတိုးဆိုင်ပိုင်ရှင်အနေဖြင့် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း၌ ၎င်းထံ ကုန်စည်ရောင်းချသူထံမှ ကုန်စည်ဝယ်ယူ ရာတွင် ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် ပေးချေထားငွေမှာ ကျပ်သိန်း ၅၀၀ထက် ပိုမိုနေကြောင်း တွေ့ရှိရသဖြင့် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ကုန်စည်ရောင်းချသူအား ကုန်သွယ် လုပ်ငန်းခွန်ဥပဒေနှင့်အညီ မှတ်ပုံတင်စေရန် လိုအပ်ပါသည်။ သို့မှသာ ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း များနှင့်အညီ ခုနှိမ်ခွင့်ရရှိမည်ဖြစ်ပါသည်။ စည်ကြပ်ထိုက်သည့် ရောင်းရငွေ ကျပ်သိန်း ၅၀၀ ကျော်လွန် နေကြောင်းတွေ့ရှိရသဖြင့် မြို့နယ်အခွန်ဦးစီးဌာနမှူးက စည်းကြပ်မှုဆောင်ရွက်ရပါမည်။

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပါ ပြဌာန်းချက်များသည် မြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် အကျိုးသက် ရောက်စေရမည်ဟု ပြဌာန်းခဲ့ပြီးဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် မိမိလိုအပ်သလို ထင်မြင်ယူဆ၍မရဘဲ တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၉ အရ ထပ်ဆောင်းရရှိသည့် အခကြေးငွေ မဟုတ်သဖြင့် အဆိုပါရရှိသည့် အကျိုးခံစားခွင့်များသည် လစာဝင်ငွေ တွက်ချက်ရာတွင် လစာ၌ ထည့်ပေါင်း တွက်ချက်ရခြင်းမရှိပါ။

၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ညွှန်ကြားလွှာအမှတ် ၁၄/၂၀၁၅ (ဥစ) ၏ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အကောက်ခွန်၊ ဆိပ်ကမ်းရှင်းလင်းရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဆိုရာတွင် ပြည်ပမှတင်သွင်းလာ သော ကုန်စည်များ၊ ပြည်ပသို့ တင်ပို့သောကုန်စည်များ အကောက်ခွန်ဆိုင်ရာရှင်းလင်းရေးလုပ်ငန်းများ ကို ဆိုလိုကြောင်းဖော်ပြထားသဖြင့် အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းများသည် ကုန်သွယ်လုပ်ငန်းခွန မကျ သင့်သည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်ခြင်းမရှိပါ။

ရွှေစင်မီးလင်းရွှေတုံးရွှေခဲများ ဝယ်ယူရာ၌ ကုန်သွယ်လုပ်ငန်းခွန် ၅% အပါအဝင်ရောင်းစျေးဖြင့် ပေးဆောင်ဝယ်ယူခဲ့ရပြီး ၎င်းတို့ကို ရွှေထည်လက်ဝတ်ရတနာများပြုလုပ်၍ ပြန်လည် ရောင်းချရာ၌ ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် တစ်ရာခိုင်နှုန်းအပါအဝင် ရောင်းချရာတွင် ရောင်းရငွေအပေါ် ကျသင့်အခွန်၌ ရွှေတုံးများဝယ်ယူစဉ် ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန် ၅% အား အချိုးကျ နုတ်ပယ်ခုနှိပ်ခွင့်ရှိမည်ဖြစ်ပြီး၊ ခုနှိမ်ရန်ပိုမိုနေသည့် ကုန်သွယ်လုပ်ငန်းခွန်ကို လုပ်ငန်း၏ အသုံးစရိတ် အဖြစ် ဝင်ငွေခွန်တွက်ချက်ရာတွင် ခွင့်ပြုနုတ်ပယ်ပေးရမည်။

၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၁(ခ)အရ အထူးကုန်စည်ခွန်ဖြစ်သည့် သစ်လုံး၊ သစ်ခွဲသားများအား ပြည်ပသို့ တင်ပို့ရောင်းချခြင်းအပေါ် အထူးကုန်စည်ခွန် ၁၀% ကျသင့်စေ ရာတွင် သစ်လုံး၊ သစ်ခွဲသားဆိုရာ၌ သစ်ခွဲသားမှာ သစ်ခွဲသားအကြမ်း၊ အချော (ဥပမာ။ လျှာထိုး၊ အထပ်သား အစရှိသည်) တို့ ပါဝင်ပါသည်။

ဂဏန်းပျော့သည့် ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄(က) ၏ အမှတ်စဉ် (၃၆) အရ “ငါးစို၊ ပုစွန်စို၊ အသားစို”တွင် ပါဝင်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည် အမျိုးအစားတွင်ပါဝင်ပါသည်။

ဘဏ်စနစ်သုံး Accounting Software အား ကုမ္ပဏီ၏ ပုံသေပိုင် ပစ္စည်းစာရင်း (Intangible Asset) ၌ ထားရှိ၍ တန်ဖိုးလျော့ခံစားရရှိခြင်း ရှိ/မရှိနှင့်စပ်လျဉ်း၍ တန်ဖိုးကြီး (Intangible Asset) အား ဆိုင်ရာဝင်ငွေနှစ်အတွင်း အသုံးစရိတ်အဖြစ် အပြည့်အဝ တစ်ကြိမ်တည်းခွင့်ပြုလိုက်ပါက အရှုံးပမာဏ သာ ကြီးစေမည်ဖြစ်သဖြင့် လုပ်ငန်းပမာဏနှင့် လျော်ညီသော စရိတ်ဖြစ်စေရန် Accounting Software ၏ အသုံးပြုသက်တမ်းကာလအပေါ် မူတည်၍ သတ်မှတ်ထားသော တန်ဖိုးလျော့ ခံစားစေခြင်း (Amortization) ပေးရမည်။

ယာဉ်ယန္တရားများငှားရမ်းခြင်းသည် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။ အဆိုပါ ယာဉ်ယန္တရားများဖြင့် ကုန်စည်သယ်ယူပို့ဆောင်ပေးခြင်း ဝန်ဆောင်မှုသည် ကုန်သွယ်လုပ်ငန်း ခွန် မကျသင့်သော ဝန်ဆောင်မှု ဖြစ်ပါသည်။

ကုမ္ပဏီမှတင်ပြလာသော ကုန်သွယ်လုပ်ငန်းခွန်အားဥပဒေအရ လျှော့ချပေးသွင်း ခွင့်ပြုနိုင်ခြင်းမရှိပါ။ ထင်းမဟုတ်သော အထပ်သားထုတ်ကုန်များအတွက်လည်း ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင် ခြင်း မရှိပါသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။
သစ်လုံး၊ သစ်ခွဲသားများဝယ်ယူရာ၌ အထူးကုန်စည်ခွန် ၅% အပါ ပေးဆောင်ဝယ်ယူခဲ့ရပြီး ၎င်းသစ်လုံးသစ်ခွဲသားများအား ပရိဘောဂများပြုလုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချရာ၌ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ပရိဘောဂသည် အထူးကုန်စည် မဟုတ်သည့်အတွက် အထူးကုန်စည်ခွန် ကင်းလွတ်မည် ဖြစ်ပါသည်။