News

Latest News - 75932 items

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြင်ဦးလွင်ခရိုင်မှ လူရည်ချွန် မောင်/မယ်များ၏ ရင်တွင်းစကားသံများ

Ministry of Information / Posted on April 28, 2024

ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လူရည်ချွန်မောင်မယ်များကို ရွေးချယ်နိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေအရ လူရည်ချွန်စခန်းများသို့စေလွှတ်ခြင်းကို ရပ်နားခဲ့ရသည်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်နှင့် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တို့တွင် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်မှုအခြေအနေအရ လူရည်ချွန်စီမံကိန်းကို ခေတ္တရပ်နားခဲ့ရာမှ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်မှစ၍ ပြန်လည်အကောင် ဖော်ဆောင်ရွက်နိုင်ခဲ့သည်။

ကြေညာချက်

Ministry of Information / Posted on April 28, 2024

ကြေညာချက်

ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် ငွေကျပ် ၁၁၁၂ ဒသမ ၁၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Ministry of Information / Posted on April 28, 2024

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲက ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် ၇၆ လမ်းနှင့် ၂၇ လမ်းထောင့်တွင် မသင်္ကာဖွယ်တွေ့ရှိသူဝေဠုအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့်

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များaနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

Ministry of Information / Posted on April 28, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၅ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Ceramic Tiles ၄၄၄၄ ဒသမ ၂ စတုရန်းမီတာ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၉၃၀၉၇၂ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာများ

Ministry of Information / Posted on April 28, 2024

ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာများ

အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 28, 2024

အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်

ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ကြိုဆိုဧည့်ခံပွဲကျင်းပ

Ministry of Information / Posted on April 28, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဧကာဒသမတန်း (ငွေဆောင်လူရည်ချွန်စခန်း)နှင့် ဒွါဒသမတန်း (ချောင်းသာလူရည်ချွန်စခန်း) များသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ကြိုဆိုဧည့်ခံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်း မြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ လူရည်ချွန်မောင်မယ်များ၊ ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် ဆီစက်လုပ်ငန်းရှင်များ၏လိုအပ်သည်များ ကူညီဖြည့်ဆည်းစီမံဆောင်ရွက်သွားမည်

Ministry of Information / Posted on April 28, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်ရှိ ဦးစိုးသန်း၏ တောင်တွင်းဆီစက်၊ ဦးမောင်မောင်ဦး၏ အောင်သမာဓိဆီစက်၊ ဦးနိုင်ဝင်း၏ ကန်လှဆီစက်၊ အေလာရှိ ဦးအေးထွန်း၏ ပြည်လုံးချမ်းသာဆီစက်၊ ပျဉ်းမနားမြို့နယ်ရှိ ဦးခင်မောင်ဝင်း၏ ရွှေပြည်စိုးဆီစက်၊ ဦးလှထွန်း၏ ရွှေလိပ်ပြာ ဆီစက်တို့ကို လှည့်လည်အားပေးကြည့်ရှုသည်။

တာချီလိတ်မြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Ministry of Information / Posted on April 28, 2024

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၆ ရက် မွန်းလွဲ ၂ နာရီက တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု ဟာကြားမနိုး ကျေးရွာရှိ လော်မွန်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ဧပြီ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း၌ သီဟနောင်(ခ)ယားပါ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် လော်မွန် ၄၇ နှစ်နှင့် သီဟနောင်(ခ)ယားပါ ၂၉ နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့နယ်တွင် ငွေကျပ် ၇၃၁၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Ministry of Information / Posted on April 28, 2024

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၅ ရက် ည ၁၂ နာရီမိနစ် ၃၀ က တောင်ကြီးမြို့နယ် တောင်ကြီး- အောင်ပန်းသွား ကားလမ်းတောင်လေးလုံး ကျေးရွာအနီးတွင် ချမ်းမြေ့နိုင်(ခ)ကျော်မျိုး မောင်းနှင်လာသည့် ALPHARD မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၃၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၅ နာရီတွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်နေ စိုင်းစော ဟန်(ခ)စောဟန်အား စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀၀၀၊ စိတ် ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄ ကီလိုနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ချမ်းမြေ့နိုင်(ခ)ကျော်မျိုး ၃၃ နှစ်နှင့် စိုင်းစောဟန်(ခ)စောဟန် ၄၉ နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,