ကျိုင်းတုံမြို့နယ် နမ့်လွေကြိုးဝိုင်းအတွင်းရှိ သစ်တောစိုက်ခင်းများနှင့် တာချီလိတ်မြို့နယ် တာလေ‌‌ဒေသရှိ သတ္တုလုပ်ကွက်များ ကွင်းဆင်းစစ်ဆေး

ကျိုင်းတုံမြို့နယ် နမ့်လွေကြိုးဝိုင်းအတွင်းရှိ သစ်တောစိုက်ခင်းများနှင့် တာချီလိတ်မြို့နယ် တာလေ‌‌ဒေသရှိ သတ္တုလုပ်ကွက်များ ကွင်းဆင်းစစ်ဆေး

ကျိုင်းတုံမြို့နယ် နမ့်လွေကြိုးဝိုင်းအတွင်းရှိ သစ်တောစိုက်ခင်းများနှင့် တာချီလိတ်မြို့နယ် တာလေ‌‌ဒေသရှိ သတ္တုလုပ်ကွက်များ ကွင်းဆင်းစစ်ဆေး


Ministry of Information/ Naypyitaw / May 09, 2025
image_latest


ကျိုင်းတုံ မေ ၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ မေ ၆ ရက် ညနေ ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် နမ့်လွေကြိုးဝိုင်းအတွင်းရှိ ၁/၂၀၂၃ ထင်းရှူးစိုက်ခင်း ဧက ၅၀ နှင့် ၂/၂၀၂၂ ထင်းရှူး စိုက်ခင်းဧက ၁၀၀ တို့ ရှင်သန်အောင်မြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အပင်များ ရေရှည်တည်တံ့စေရေး ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။

ဆက်ကပ်လှူဒါန်း

မေ ၇ ရက် နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့နယ် ယန်းလောကျေးရွာအုပ်စုရှိ သီလဓမ္မကုန်းသာ တောရကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒထံ သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် သစ်တောသစ်ပင်များထိန်းသိမ်းကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးဆိုင်ရာတွေ့ဆုံပွဲသို့ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မီးခိုးမြူငွေ့နှင့်လေထု ညစ်ညမ်းမှုကိုဖြစ်ပေါ်စေသော မီးလောင်ကျွမ်းမှုများ၏ အဓိကအကြောင်းရင်းများနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်စေသော မီးလောင်ကျွမ်းမှု Fire Hotspot များမဖြစ်ပေါ်စေရန်နှင့် တောမီးအန္တရာယ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အားလုံးပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရေးသည်အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုသိရှိပြီး ထိန်းသိမ်းကာကွယ်ရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် နောင်အနာဂတ်မျိုးဆက်များအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော‌ ရာသီဥတုကို လက်ဆင့်ကမ်းပေးသွားနိုင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် လူသားတို့၏ ကျန်းမာရေးအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက သစ်တောများမှ ပံ့ပိုးပေးနေသော အကျိုးကျေးဇူးများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြပြီး “မမြင်နိုင်သော လူသတ်သမား PM 2.5” ပညာပေးဗီဒီယိုကို ပြသကာ တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မိုင်းဖြတ်မြို့မြို့တော်ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆက်စပ်အဖွဲ့အစည်းများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots လျှော့ချရေး၊ သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး တာချီလိတ်မြို့နယ်ရှိ ၁/၂၀၂၂ ကျေးရွာထင်းစိုက်ခင်းရှင်သန်အောင်မြင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြပ်မတ်ဆောင်ရွက်

ထို့နောက် တာချီလိတ်မြို့နယ် တာလေ‌‌ဒေသရှိ သတ္တုလုပ်ကွက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ္တုတူးဖော်ရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေးနှင့် စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


Posted on Jun 07, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Posted on Jun 06, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Jun 05, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 04, 2025
AnnouncementsExplore more >

မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်

Posted on Jun 6, 2025

ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Posted on Jun 4, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

HOT NEWS
June 09,

Subcribe to us

Government Directory