နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝန်ကြီးရုံးအဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝန်ကြီးရုံးအဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝန်ကြီးရုံးအဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 18, 2025
image_latest


နေပြည်တော်  ဧပြီ  ၁၈

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းနှင့်ညနေပိုင်း တို့တွင် လိုက်လံကြည့်ရှု စစ်ဆေးသည်။

ထိုသို့လိုက်လံကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီး မှုများဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအဆောက်အဦ၊ အလုပ်သမားဝန်ကြီးဌာနရုံး အဆောက်အဦ၊ ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေကာနံရံပြိုကျပျက်စီးခဲ့မှု၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအဆောက်အဦ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအဆောက်အဦ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး အဆောက်အဦနှင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ရုံးချုပ်အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုများနှင့် ဝန်ထမ်းများအား ယာယီ နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများက ငလျင်ဒဏ်ကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများ၊ ယာယီရုံးများဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ဝန်ထမ်းမိသားစုများယာယီနေထိုင်နိုင်ရေး ဆောင်ရွက်ပေးထားမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရုံးအဆောက်အဦများအတွင်းရှိ အရေးကြီးသည့်စာရွက်စာတမ်းများ၊ စက်ပစ္စည်းကိရိယာများနှင့် ရွှေ့ပြောင်း၍ရနိုင်သည့် ပစ္စည်းများကို အမြန်ဆုံးရွှေ့ပြောင်း သွားရန်လိုကြောင်း၊ ပျက်စီးထိခိုက်မှုများဖြစ်ပေါ်ခဲ့သည့် ရုံးဌာနအဆောက်အဦများအား ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခံ့မှုရှိစေရန်နှင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်စေရေးအတွက် ငလျင်ပညာရှင်များ၊ ဆောက်လုပ်ရေး ပညာရှင်များ၏ အကြံဉာဏ်များရယူ တည်ဆောက်သွားရန်လိုကြောင်း၊ အဆောက်အဦများအား တစ်လုံးတည်းကြီးမားစွာတည်ဆောက်ခြင်းထက် အကန့်လိုက်၊ အလုံးလိုက်ခွဲ၍ တည်ဆောက်မည်ဆိုပါက ငလျင်ဒဏ်ကို ပိုမိုခံနိုင်မည်ဖြစ်ကြောင်း၊ အဆောက်အဦများစတင်ဆောက်လုပ်စဉ်ကတည်းက ရေရှည်ခိုင်ခံ့စေရန်အတွက် လိုအပ် သည့်ရေလိုင်း၊ မီးလိုင်းများကိုလည်း စနစ်တထည့်သွင်းတွက်ချက် တည်ဆောက်သွားရန် လိုကြောင်း၊ ဝန်ထမ်းမိသားစုများအတွက် ယာယီနေထိုင်မည့်နေရာများကို ဆောက်လုပ် ရာတွင်လည်း စနစ်တကျဖြင့်တည်ဆောက်ပေးသွားရန်နှင့် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သောက်ရေ၊ သုံးရေများ လုံလောက်စွာရရှိရေး စီစဉ်ဆောင်ရွက် ပေးရန်နှင့် ဝန်ထမ်းများ၏ စားရေးအဆင်ပြေစေရေးအတွက်လည်း နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Jun 10, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


Posted on Jun 07, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Posted on Jun 06, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Jun 05, 2025
AnnouncementsExplore more >

သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးနှင့် စက်ရုံလုပ်ငန်းများအတွက် အလုပ်ခေါ်ယူခြင်း

Posted on Jun 7, 2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ဘွဲ့ရရှိပြီး၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးနှင့် စက်ရုံလုပ်ငန်းများတွင် အလုပ် ဝင်ရောက်လိုသော သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကျောင်းသား/သူများ ရှိပါက လျှောက်လွှာမိတ္တူနှင့် လိုအပ်သောအချက်အလက်များကို သင်တန်းရေးရာဌာနသို့ သတ်မှတ်ရက်အမီပေးပို့ရမည်ဖြစ်ပါသည်။

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၅)

Posted on Jun 10, 2025

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၅)

HOT NEWS
June 10,

Subcribe to us

Government Directory