မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/၂၀၂၅)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/၂၀၂၅)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/၂၀၂၅)


Ministry of Information/ Naypyitaw / June 21, 2025
image_latest


၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီစတင်ချိန်မှာပင် ထင်မှတ်မထားသော အကြမ်းဖက်လုပ်ရပ်များကို ဝမ်းနည်းဖွယ် ကြားသိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား (ညောင်ပင်ကန်)ကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ခင်ပွန်းတို့ သတ်ဖြတ်ခံရခြင်း၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ပွင့်တောက်ကျေးရွာ စက်လှေဆိပ်၌ အထက်တန်းပြဆရာမနှင့် ပညာရေးကောလိပ် တက်ရောက်မည့် ကျောင်းသူများအား အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ခြင်း၊ နတ်မောက်မြို့နယ် ကူနီကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း(မူလွန်)မှ ကျောင်းအုပ်ဆရာမကြီးတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ ဝက်ချုပ်ကျေးရွာတွင် အလယ်တန်းပြ ဆရာမတစ်ဦးနှင့် ​၎င်း၏ခင်ပွန်းတို့ သတ်ဖြတ်ခံရခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည် အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်နှင့် တည်ငြိမ်အေးချမ်းမှု ရရှိခံစားခွင့်စသည့် အခြေခံလူ့အခွင့်အရေးများကို ထိခိုက်စေပါသည်။

ငြိမ်းချမ်းစွာ ပညာသင်ယူခွင့် ရရှိခံစားနိုင်ရေးအတွက် အဓိကတာဝန်ယူဖော်ဆောင်ပေးနေသော ဆရာ ဆရာမများအပါအဝင် ကျောင်းသူ ကျောင်းသားများ၊ စာသင်ကျောင်းများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ရန်ရှာဖမ်းဆီးခြင်း၊ ခြိမ်းခြောက်နှောင့်ယှက်ခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်နေခြင်းတို့သည် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၃ ပါ အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့် နှင့် အပိုဒ် ၂၆ ပါ ပညာသင်ယူခွင့် အခွင့်အရေးတို့ကို ချိုးဖောက်ခြင်းပင် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် အမျိုးသားပညာရေးဥပဒေအရ “နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသားတိုင်း ခံစားရရှိစေရေး” အလေးအနက်အသိအမှတ်ပြုကာ ပညာရေး နယ်ပယ်အတွင်းရှိ ဆရာဆရာမများ၊ ကျောင်းသားလူငယ်များ အပါအဝင် ပါဝင်ဆောင်ရွက်လျက်ရှိသူအားလုံး ထိခိုက်နစ်နာမှုမရှိစေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။

ထို့ပြင် လမ်းတံတားများ၊ တာဝါတိုင်များ၊ လူနေအိမ်အဆောက်အဦများ၊ ဆေးရုံများ ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များသည်လည်း တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝကို ထိခိုက်နစ်နာ စေပါသည်။ ထိုသို့သော အကြမ်းဖက်လုပ်ရပ်များသည် နိုင်ငံနှင့်ပြည်သူအတွက် ကြီးမားသောဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အဆိုးရွားဆုံးခြိမ်းခြောက်မှု ဖြစ်ပါသည်။ မည်သည့်အကြမ်းဖက်လုပ်ရပ်မဆို ရာဇဝတ်မှုမြောက်၍ တရားမျှတမှုမရှိဟု ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြု ထားသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်း၍ အကြမ်းဖက်လုပ်ရပ်များကို ကြိုးပမ်း တိုက်ဖျက် နှိမ်နင်းလျက်ရှိသည်ကို တွေ့မြင်သိရှိရပါသည်။

နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာပညာသင်ယူခွင့်ရရှိစေရန်နှင့် အကြမ်းဖက်လုပ်ရပ်များ လျော့နည်းပပျောက်စေရန် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့မှာ မရှိမဖြစ် လိုအပ်ပါသည်။ တည်ငြိမ် အေးချမ်းပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသော လူ့ဘောင်အဖွဲ့အစည်း ဖြစ်ပေါ်တိုးတက်ရေး၊ အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာသူများအတွက် ကုစားမှုပေးရေးနှင့် ပြန်လည်ထူထောင်ရေး၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးအရ ကွဲပြားခြားနားမှုများကို အလေးထား ညှိနှိုင်းဆောင်ရွက်ရေးတို့ ပြုလုပ်သွားကြရန်နှင့် တရားဥပဒေစိုးမိုး၍ အကြမ်းဖက်မှုများ ပပျောက်စေရန် သက်ဆိုင်သူများ၊ အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြပါရန် လူ့အခွင့်အရေးရှုထောင့်မှ အကြံပြုတိုက်တွန်းအပ် ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


Posted on Jul 05, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Posted on Jul 03, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Posted on Jul 03, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 01, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025
AnnouncementsExplore more >

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 4, 2025

အမည်မည်းစာရင်းကြေညာခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

Posted on Jul 4, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

Posted on Jul 3, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

Subcribe to us

Government Directory