ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေး ခရီးလည်ပတ်ရန် ရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များ ပြန်လည်ထွက်ခွာ

ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေး ခရီးလည်ပတ်ရန် ရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များ ပြန်လည်ထွက်ခွာ

ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေး ခရီးလည်ပတ်ရန် ရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များ ပြန်လည်ထွက်ခွာ


Ministry of Information/ Naypyitaw / December 01, 2023
image_latest


နေပြည်တော်  ဒီဇင်ဘာ   ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(ရေ) 44th PLA Navy Escort Task Group (ETG) မှ စစ်ရေယာဉ် များဖြစ်သည့် ဖျက်သင်္ဘော Zi Bo နှင့် ဖရီးဂိတ် စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေး စစ်ရေယာဉ် Qian Dao Hu တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာတပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် စစ်သံရုံးမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်း၊ တရုတ်-မြန်မာဗုဒ္ဓဘာသာအသင်းတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်များတွင် လိုက်ပါလာခဲ့ကြသည့် တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်(ရေ)မှ အရာရှိ ၊စစ်သည်များသည် နိုဝင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းတွင်လည်း တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)အား လာရောက်လေ့လာခဲ့ကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

 တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များတွင်လိုက်ပါလာသည့် အရာရှိ၊ စစ်သည်များသည် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေ ရာများသို့ လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစား ပြိုင်ပွဲများယှဉ်ပြိုင် ကစားခြင်း၊ သန်လျင်တပ်နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ဆိပ်ကြီး)၌ စာရေးကိရိယာလှူဒါန်းခြင်းများဆောင်ရွက်ခဲ့ကြောင်းနှင့် တပ်မတော်(ရေ)မှစစ်ရေယာဉ်များနှင့်အတူ ဝေဟင်ရန်၊ရေပြင်ရန်၊ရေအောက်ရန်ကာကွယ်ရေး လေ့ကျင့်ခန်းများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် လေ့ကျင့်ခန်းဧရိယာသို့ ဆက်လက်ထွက်ခွာသွားကြောင်းသတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Posted on Jun 13, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Jun 11, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 11, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Jun 10, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

Posted on Jun 13, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

သတင်းထုတ်ပြန်ချက်

Posted on Jun 12, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၂-၆-၂၀၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ထံသို့ပေးပို့သည်။

သတင်းထုတ်ပြန်ချက်

Posted on Jun 12, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၂-၆-၂၀၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့အနီး၌ အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီမတီ ဒရောပါဒီ မာမူ ထံသို့ ပေးပို့သည်။

HOT NEWS
June 13,

Subcribe to us

Government Directory