ပါဠိပထမပြန်စာမေးပွဲ အောင်စာရင်းကို ဇွန် ၃ ရက်တွင်လည်းကောင်း၊ အစိုးရဓမ္မာစရိယစာမေးပွဲအောင်စာရင်းကို ဇွန် ၇ ရက်တွင်လည်းကောင်း ထုတ်ပြန်သွားမည်


Ministry of Religious Affairs & Culture/ Naypyitaw / June 02, 2023
image


   သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြီးစီး ခဲ့သော ပါဠိပထမပြန်စာမေးပွဲ အောင်စာရင်းကို နယုန်လပြည့်ကျော်(၁)ရက် ဇွန် ၃ ရက် စနေနေ့၊ နံနက် ၆ နာရီတွင်လည်းကောင်း၊ အစိုးရဓမ္မာစရိယစာမေးပွဲ အောင်စာရင်းကို နယုန်လပြည့်ကျော် (၅)ရက် ဇွန်လ ၇ ရက် ဗုဒ္ဓဟူးနေ့၊ နံနက် ၆ နာရီတွင်လည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ Website www.mahana.org.mm၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့မှ ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန