(၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်သာသနာ့အာဇာနည် အရှင်သူမြတ်များအား ချီးကျူးပူဇော်ပွဲအခမ်းအနား ကျင်းပမည်
(၇၅)ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်သာသနာ့အာဇာနည် အရှင်သူမြတ်များအား ချီးကျူးပူဇော်ပွဲအခမ်းအနား ကျင်းပမည်
Ministry of Religious Affairs & Culture/ Naypyitaw / May 09, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၅) ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူ ကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲအခမ်းအနားကို ၁၃၈၅ ခုနှစ် နယုန်လဆန်း ၅ ရက်၊ မေ ၂၃ ရက်(အင်္ဂါနေ့) နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ကြွရောက်တော်မူကြမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော် ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေး ဆရာတော်များအပါအဝင် ပင့်သံဃာ ၃၂ ပါး၊ ယခုနှစ်တွင် အောင်မြင်တော်မူကြသော မူလအာဘိဓမ္မိက လေးပါး၊ ဒီဃနိကာယကောဝိဒ သုံးပါး၊ ဒီဃဘာဏက ရှစ်ပါး၊ ဝိနယကောဝိဒ ရှစ်ပါး၊ ဝိနယဓရ ၃၇ ပါး၊ ဉဘတောဝိဘင်္ဂကောဝိဒ ခုနှစ်ပါး၊ ဉဘတောဝိဘင်္ဂဓရ ၈၅ ပါး၊ စာအောင်သံဃာ ၁၅၂ ပါး စုစုပေါင်း သံဃာတော် ၁၈၄ ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ချီးကျူးပူဇော်မည်ဖြစ်ပါသဖြင့် အလှူရှင်များ အနေဖြင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ညွှန်ကြားရေးမှူး စာမေးပွဲဌာနခွဲ သာသနာရေးဦးစီးဌာန ဖုန်း-၀၉-၈၈၀၅၆၀၇၉၀၊ ၀၁-၆၆၄၅၇၈ သို့ ဆက်သွယ်၍ ကြိုတင် လှူဒါန်းနိုင်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန