ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / June 02, 2025
image_latest


နေပြည်တော် ဇွန် ၂

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သောတပန်ရပ်ကွက်၊ နန်းဦးမြို့သစ်၊ ပိုးတန်းရပ်ကွက်နှင့် ရွာထောင်ရပ်ကွက်တို့အတွင်းရှိ ကျောင်းတိုက်များ၊ စေတီများ၊ သာသနိကအဆောက်အအုံများနှင့် လမ်းကြီး၏ လမ်းဘေးဝဲ/ယာ ပြိုကျပျက်စီးနေသော အပျက်အစီးများကို စက်ယန္တရားအင်အားများ တိုးချဲ့၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများ၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်အား ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နေမှုအခြေအနေနှင့် အပျက်စီးများအား စက်ယန္တားများ အသုံးပြု၍ ဖယ်ရှာရှင်းလင်းနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀)အားကစားခန်းမ၌ စစ်ကိုင်းမြို့ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများနှင့် ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘောလုံးပွဲကြည့်စင်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဌာန၊ အရိုးထိခိုက်ဒဏ်ရာကုဌာနတို့ရှိ လူနာများအား သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး ရှင်းလင်းရန်ကျန်ရှိသည့် “ A ” ဆောင်အား ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ဖြိုဖျက်ပြီးသော အဆောက်အအုံနေရာများတွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှု၊ Sky Villa အဆောက်အအုံအပျက်အစီးများအား ဖယ်ရှားရှင်းလင်းရာမှ ရှာဖွေတွေ့ရှိသောပစ္စည်းများကို ပစ္စည်းလက်ခံရှာဖွေစုဆောင်းရေးနှင့် ပြန်လည်အပ်နှံရေးအဖွဲ့ထံသို့ စနစ်တကျအပ်နှံမှု၊ ထိန်းသိမ်းထားရှိမှုနှင့် သက်ဆိုင်ရာပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်လွှဲပြောင်းပေးနိုင်မှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

၎င်းနောက် ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ သွားရောက်၍ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု၊ ဘုရားကြီးအား ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်စဉ် အန္တရာယ်ကင်းရှင်းစေရေး စမြင်နေရာများအား ယာယီဒေါက်တိုင်ထောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ မေဃဝန် ဘုန်းတော်ကြီးကျောင်း၊ ကွမ်းသီးတန်းရပ်ရှိ ဆုတောင်းပြည့် မြတ်စွာဘုရား၊ ဈေးချိုရပ်ကွက်ရှိ ငလျင်ဒဏ်သင့် ကျွန်းကျောင်းစတုဘုမ္မိက မဂ္ဂင်ရိပ်သာကျောင်းတိုက်နှင့် ဆုတောင်းပြည့်ကျောက်ကာစေတီ ဦးလင်းဘုရား၌ တပ်မတော်သားများက အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေမှု၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြန်လည်သိမ်းဆည်းရရှိသော ဋ္ဌာပနာတော်ပစ္စည်းများ စနစ်တကျသိမ်းဆည်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)နှင့် ဆူးကုန်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းများစတင်ဖွင့်လှစ်၍ ပညာသင်ကြားနေမှုများအား သွားရောက်ကြည့်ရှုပြီး G-12 ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားသည်။ ထို့နောက် ကျောက်ဆည်မြို့နယ်၊ တံစိုးကျေးရွာရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ ငလျင်ဒဏ်ကြောင့် ရပ်တန့်ခဲ့ရသော စာမေးပွဲအား ပြန်လည်ဖြေဆိုနေမှုများနှင့် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ ယာယီလိုင်းခန်း(၃)ခန်းတွဲများ ဆောက်လုပ်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ကျောက်ဆည်မြို့၊ လမ်းဦးစီးရိပ်သာ၌ ပြုလုပ်သည့် “ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး” သို့ တက်ရောက်၍ မြို့နယ်အလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများက သဘာဝဘေးကယ်ဆယ်ရေးအတွက် လူ၊ စက်၊ ယန္တရားများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပြင်ဆင်စုဖွဲ့ထားရှိမှုများ တင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့၊ မီးသတ်ဦးစီးဌာန၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်အနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လူ၊ ယာဉ်၊ ယန္တရားများနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ အသင့်စုဖွဲထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မီးသတ်တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့၊ ငှက္ကတောင်ကျေးရွာအုပ်စု၊ တောင်နံ့သာကွက်သစ်ရပ်ကွက်ရှိ သာမဏေကျော်စာသင်တိုက်သို့ သွားရောက်၍ သံဃာတော်များအား ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3203 items

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download