ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / June 12, 2025
image_latest


နေပြည်တော် ဇွန် ၁၂

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်းများဖြစ်သော နှစ်(၇၀၀)ပြည့်အားကစားကွင်း ငလျင်ဘေးဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်း၊ ဝန်ထမ်းအိမ်ရာငလျင်ဘေး ဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်းနှင့် စကုမှော်ငလျင်ဘေးဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်းများရှိ အိမ်ထောင်စုစုစုပေါင်း(၇၉၇)စုတို့အား သွားရောက်တွေ့ဆုံပြီး ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ၎င်းတို့နေအိမ်များကို ဖယ်ရှားရှင်းလင်းပြီး မူလနေရာများတွင် ပြန်လည်နေထိုင်နိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ကျောင်းဆောင်အဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေသည့် အခြေအနေများနှင့် တက္ကသိုလ်ပုရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ သောက်သုံးရန် ရေသန့်စက်ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ ယာယီကျောင်းဆောင် ဆောက်လုပ်နေမှုအခြေအနေများ၊ ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်းဘက် တံတားအောက်ရှိ ရေဝပ်သည့်နေရာများတွင် စက်ယန္တရားကြီးများဖြင့် မြေဖို့ခြင်းနှင့် မြေညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ရန်အောင်မြင် ဆုတောင်ပြည့်မြတ်စွာဘုရားနှင့် သကျဓီတာသီလရှင်စာသင်တိုက်တို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စက်ယန္တရားကြီးများကို အရှိန်အဟုန်မြှင့်အသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရပ်ကွက်များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိလူနေအဆောက်အအုံများတွင် ဖြိုချရှင်းလင်းရန်ကျန် အဆောက်အအုံများအား လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ဖြိုချပြီးအပျက်အစီးများအား အပြီးသတ်ရှင်းလင်းနေမှုအခြေအနေများအားလည်းကောင်း၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်ရှိ ကင်းဝန်မင်းကြီး ကျောင်းတိုက်သို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မကျောင်းဆောင်နှင့် သိမ်ကျောင်းနေရာများရှိ ဖြိုချပြီးအပျက်အစီးများအား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ရှင်းလင်းနေမှု အခြေအနေများအား ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမန်းကျေးရွာရှိ မဟာသက်ကျရံသီ ကျောက်တော်ကြီး မြတ်စွာဘုရားများသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စိန်ဖူးတော်များနှင့် ဋ္ဌာပနာပစ္စည်းများအား သိမ်းဆည်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ အပျက်အစီးများ စတင်ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ဘုရားပုရဝုဏ်အတွင်း ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ မှန်တန်းရပ်ရှိ မဏိဇောတဓမ္မရိပ်သာကျောင်းတိုက်သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံအပျက်အစီးများအား စက်ယန္တရားများအသုံးပြု၍ အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းထိုင်ဆရာတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက်အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများအား စက်ယန္တရားကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများအားလည်းကောင်း၊ ဦးပွားစေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင်ရန်ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ကျောင်းတိုက်အတွင်းရှိ သာသနိကအဆောက်အအုံများနှင့် ဘုရားစေတီအပျက်အစီးများအား တပ်မတော်သားစစ်သည်များမှ အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများအားလည်းကောင်း ကြည့်ရှုအားပေးပြီး လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန်၊ လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ ကုလားကျောင်းကျေးရွာအုပ်စုရှိ အရှေ့ရွာ နန်းပုဂံကျောင်းတွင် ငလျင်ဒဏ်ကြောင့် ဘုရားစေတီများ ထိခိုက်ပျက်စီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့၊ မြင်စိုင်းမြို့ဟောင်းမြို့ကွက်(ဂ)အတွင်းရှိ နန်းဦးဘုရားပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ငြမ်းဆင်နေမှုအခြေအနေများ၊ ပတ္တာကျေးရွာအုပ်စုရှိ ရွာဦးဘုန်းကြီးကျောင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ၊ အမှတ်(၆)အခြေခံမူလတန်းကျောင်း၌ G-1 နှင့် G-2 ကျောင်းသား၊ ကျောင်းသူများအား ROTARY CLUB အဖွဲ့မှ စာရေးကိရိယာများ ပေးအပ်နေမှုအခြေအနေအားလည်းကောင်း၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသောဘုရားစေတီများ၊ သာသနိကအဆောက်အဦများနှင့် လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3199 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download