မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / May 16, 2025
image_latest


နေပြည်တော် မေ ၁၆

နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများအား ထိရောက်စွာ တားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မူးယစ်ဆေးဝါး သယ်ဆောင်လေ့ရှိသည့်လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများကို တိုးမြှင့်လုပ်ဆောင်မှုများကြောင့် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးလျက်ရှိသည့် သောင်းကျန်းသူအဖွဲ့များနှင့် မူးယစ်ဂိုဏ်းများသည် ရေကြောင်း၏အားသာချက်ကို အသုံးချကာ ရေလမ်းကြောင်းများမှတစ်ဆင့် သယ်ယူပို့ဆောင်လာသည်ကို တွေ့ရှိရပါသည်။

AA သောင်းကျန်းသူအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများကို ပြုလုပ်ကာ ရရှိသည့်ငွေကြေးများဖြင့် လက်နက်၊ ခဲယမ်းများဝယ်ယူ၍ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ခြင်း၊ လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။ သို့ဖြစ်၍ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၏အနောက်တောင်ဘက် ရေမိုင် ၆၀ ခန့်အကွာ ပင်လယ်ပြင်၌ "အားမာန်သစ်" စက်လှေပေါ်မှ တရားခံသိန်းဇော်(၄၃)နှစ်၊ သက်ဦး(၅၆)နှစ်၊ အောင်မြင့်(၅၁)နှစ်၊ သိန်းဇော်(၅၆)နှစ်တို့အား ပီနံအိတ် ၃၁ အိတ်ဖြင့် ထည့်သွင်းတင်ဆောင်လာသည့် ICE ၆၁၈ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဧပြီလ ၂၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏အနောက်ဘက် ရေမိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်၌ ကုန်တင်သင်္ဘောပေါ်မှ တရားခံဆန်းလွင်(၆၅)နှစ်၊ စစိန်ငွေသိန်း(၅၄)နှစ်၊ ခန့်ဇင်သန့်(၃၈)နှစ်၊ ဖြိုးသူဝင်း(၂၄)နှစ်၊ ဥက္ကာမင်းမောင် (၂၀)နှစ်၊ အောင်သူထိုက်(၃၁)နှစ်၊ သက်ပိုင်ဦး(၂၂)နှစ်၊ မင်းခန့်ကျော်(၂၀)နှစ်၊ ဇော်လင်း (၂၂)နှစ်၊ ကျော်သူနိုင်(၃၅)နှစ်၊ အောင်သူ(၃၄)နှစ်၊ တင်ဌေး(၆၅)နှစ်တို့အား ပီနံအိတ် ၂၂၀ အိတ်ဖြင့်ထည့်သွင်းတင်ဆောင်လာသည့် ICE ၃၄၇၅ ကီလိုဂရမ်၊ ကတ်တမင်း ၂၀၀၀ ကီလိုဂရမ်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။ ထို့ပြင် မူးယစ်ဆေးဝါးများ တင်ဆောင်ပေးခဲ့သည့်တရားခံ ချစ်ဆန်းကို (၄၄)နှစ်အား ဖျာပုံမြို့ရှိ အောင်သရဖူ KTV ၌ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ ဧပြီလ ၂၇ ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချသည့် AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံ နေပိုင်လင်း(ခ) အောင်နိုင်ကြွယ်(၃၄)နှစ်နှင့်အတူ ကွင်းဆက်တရားခံများဖြစ်သည့် ကျော်မင်းသန်း(ခ)မောင်လုံး(၃၆)နှစ်၊ အောင်မိုးဝင်း(ခ)ဝင်းခိုင်(၄၅)နှစ်၊ ပြည့်စုံ(ခ)နွားကြီး(၃၅)နှစ်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ FMI အိမ်ယာ၊ အိမ်အမှတ်(အို-၁၁၆)၌ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ထို့ပြင် မေလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တရားခံနေပိုင်လင်း(ခ)အောင်နိုင်ကြွယ်နှင့်အတူ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချရာတွင် ပါဝင်ခဲ့သည့် AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးအဖွဲ့ဝင်များဖြစ်သော ပိုင်ပိုင်ထွေး(ခ) အောင်နိုင်ထွေး(ခ) အောင်နိုင်သူ(ခ) ပိုင်ပိုင်(၂၆)နှစ်၊ နော်နော်(၂၄)နှစ်နှင့် ကိုကိုဦး(၅၈)နှစ်တို့အား ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင်လည်းကောင်း၊ မေလ ၆ ရက်နေ့ ညနေပိုင်းတွင် ကွင်းဆက်တရားခံ ကောင်းမြတ်သူ(၂၅)နှစ်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မေလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ အောင်သပြေလမ်း၊ အိမ်အမှတ်(၂၀၁-ဘီ)၌ AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးဒုတိယတာဝန်ခံ နေမြင့်ထွန်း(ခ) ပြည့်စုံ(ခ) လူကြီး(၄၁)နှစ်အား ပီနံအိတ် ၃၂ အိတ်အတွင်း ထည့်သွင်းသိုဝှက်ထားသည့် ကတ်တမင်း ၁၀၀၀ ကီလိုဂရမ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

သို့ဖြစ်၍ ဖြစ်စဉ်တွင် မူးယစ်ဆေးဝါးတရားခံ ၂၆ ဦးတို့အား ICE ၄၀၉၃ ကီလိုဂရမ်(၁ ကီလို ဂရမ်လျှင်ကျပ်သိန်း ၂၅၀ ဖြင့်)၊ ကတ်တမင်း ၃၀၀၀ ကီလိုဂရမ်(၁ ကီလိုဂရမ်လျှင်ကျပ်သိန်း ၆၀၀ ဖြင့်)၊ ကာလတန်ဖိုးငွေကျပ် ၂၈၂.၃၂၅ ဘီလီယံခန့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံ နေပိုင်လင်း(ခ)အောင်နိုင်ကြွယ်၏ ထွက်ဆိုချက်အရ AA သောင်းကျန်းသူ အဖွဲ့အနေဖြင့် ၎င်းတို့အဖွဲ့ရပ်တည်နိုင်ရေးနှင့် လက်နက်၊ ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သောငွေကြေးများရရှိနိုင်ရန် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်တစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများကို ကျယ်ပြန့်စွာလုပ်ကိုင်လျက်ရှိကြောင်း၊ ယခုဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာနေ ဖမ်းဆီးရန်ကျန်တရားခံ ကိုစိုင်း၊ ကိုတရုတ်(ခ) စိုင်းအောင်လူ တို့ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ ၂ ဦးအပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးသယ်ဆောင်သည့်သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

Newspaper - 3199 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download