အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် ရွှေတံဆိပ်များ ဆွတ်ခူးနိုင်ပြီး နိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်နိုင်အောင်ကြိုးစား
အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် ရွှေတံဆိပ်များ ဆွတ်ခူးနိုင်ပြီး နိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်နိုင်အောင်ကြိုးစား
Ministry of Information/ Naypyitaw / June 12, 2025

ရန်ကုန် ဇွန် ၁၁
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်လေ့ကျင့်ရေးစခန်း၌ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်နေသော Slalom ၊ အနောက်တိုင်း လှေ၊ ရိုးရာလှေနှင့် ကနူး၊ ကယက်လှေပဏာမ လက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် နည်းပြများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်၌ ပဏာမလက်ရွေးစင်ဟော်ကီအသင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းတို့ သရုပ်ပြယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးပြီး သိမ်ဖြူအားကစားခန်းမရှိ မွေနှင့် Kickboxing အဖွဲ့ချုပ်၌ အဖွဲ့ချုပ်ဥက္ကဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွေအားကစားနည်းနှင့် Kickboxing အားကစားနည်းတို့တွင် အောင်မြင်မှုရရှိစေရေး စုပေါင်းကြိုးစားကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဦးဝိစာရလမ်းအမျိုးသားရေကူးကန်ဝင်းအတွင်းရှိ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်၌ ပဏာမလက်ရွေးစင်ဂျူဂျစ်ဆု အားကစားသမားများနှင့် ဂျူဒိုအားကစားသမားများ သရုပ်ပြယှဉ်ပြိုင်လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးပြီး (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် ရွှေတံဆိပ်များ ဆွတ်ခူးနိုင်ပြီး နိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်
Newspaper - 3205 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။
