ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး (၈)ကြိမ်မြောက် ရိုးမ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ တက်ရောက်ဖွင့်လှစ်

Ministry of Information/ ​နေပြည်တော် / January 19, 2020
image_latest


နေပြည်တော် ဇန်နဝါရီ ၁၉

အပြေးအားကစားကို ချစ်မြတ်နိုးစိတ်မှတစ်ဆင့် ပြည်တွင်း၊ ပြည်ပ အားကစားသမားများ၏ စိတ်ဝင်စားမှု ရရှိနိုင်ရန်နှင့် အဖွဲ့အစည်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ် (၈)ကြိမ်မြောက် ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဘူမိ Event Park  ၌ ကျင်းပသည်။

ပြိုင်ပွဲတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး၊ တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့က (၈)ကြိမ်မြောက် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို တာထွက်အလံမြှောက်၍ ဖွင့်လှစ်ပေးကြသည်။

ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ၄၂ ကီလိုမီတာ မာရသွန်ပြိုင်ပွဲ၊ ၂၁ ကီလိုမီတာ မာရသွန်ပြိုင်ပွဲ၊ ၁၀ ကီလိုမီတာ စိန်ခေါ်မာရသွန်ပြိုင်ပွဲနှင့် ၃ ကီလိုမီတာ အပျော်တမ်း အပြေး/ လမ်းလျှောက်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား (၄)မျိုးခွဲခြားပြီး ရန်ကုန်မြို့၏ အထင်ကရ နေရာများဖြစ်သည့် ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရားနှင့် အင်းလျားကန် တို့ကို ဖြတ်သန်းကာ သုဝဏ္ဏဘူမိ Event Park သို့ ပြန်လည် ပန်းဝင်ကြမည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့ ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ မလေးရှား၊ ပြင်သစ် အပါအဝင် ပြည်တွင်း၊ ပြည်ပမှ အပြေးအားကစားသမား (၁၁၀၀၀) ကျော် ပါဝင်ယှဉ်ပြိုင်ကြသည်။

 (သတင်းစဉ်)

သတင်းစာများ



    • ၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်၊ သောကြာနေ့။


      • ထုတ်ဝေသူ : မြန်မာ့အလင်း
      • ထုတ်ဝေသည့်နေ့  : 2020
      • စာမျက်နှာ : 32
      • ဘာသာစကား : မြန်မာ
      • Download
    • ၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်၊ ကြာသပတေးနေ့။


      • ထုတ်ဝေသူ : မြန်မာ့အလင်း
      • ထုတ်ဝေသည့်နေ့  : 2020
      • စာမျက်နှာ : 32
      • ဘာသာစကား : မြန်မာ
      • Download
    • ၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်၊ တနင်္လာနေ့။


      • ထုတ်ဝေသူ : မြန်မာ့အလင်း
      • ထုတ်ဝေသည့်နေ့  : 2020
      • စာမျက်နှာ : 32
      • ဘာသာစကား : မြန်မာ
      • Download