News

Latest News - 55449 items

PDF အမည်ခံ အကြမ်းဖက်သမားများက ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအတွင်း ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီး၊ အပြစ်မဲ့အရပ်သားပြည်သူ ၉ ဦး သေဆုံးပြီး နေအိမ် ၇၀ လုံးနှင့် နွားတင်းကုပ် ၃၁ လုံးတို့ မီးလောင်ပျက်စီး

Ministry of Information / Posted on April 01, 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအတွင်းသို့ မတ် ၃၀ ရက် ည ၁၀ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏အနောက်တောင်ဘက်မှ ဝင်ရောက်၍ သေနတ်များဖြင့်ပစ်ခတ်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူ ၉ ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းနှင့် နေအိမ် ၇၀ လုံးနှင့် နွားတင်းကုပ် ၃၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်းများအဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on April 01, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်းများ အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရခိုင်ပြည်နယ်၊ အားကစားနှင့် ကာယပညာကော်မတီမှဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး

Ministry of Information / Posted on April 01, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ်၊ အားကစားနှင့်ကာယပညာကော်မတီမှ ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်း သရုပ်ပြလေ့ကျင့်မှုများကို စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ သွားရောက်ကြည့်ရှုအားပေးသည်။

ဖြူးမြို့နယ်ရှိ သံကူကွန်ကရစ်ချောင်းကူးတံတား ၂ စင်းအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

Ministry of Information / Posted on April 01, 2023

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ သံကူကွန်ကရစ်ချောင်းကူးတံတား ၂ စင်းအား မတ် ၃၁ ရက်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

လူသားတိုင်းသည် အသက်အရွယ်မရွေး နွေးထွေးကြင်နာမှုကို လိုလားကြပြီးအထူးသဖြင့် ဘိုးဘွားများကဲ့သို့ အသက်အရွယ်ကြီးရင့်သူများကို ကြင်နာနွေးထွေးစွာ နေထိုင်နိုင်ရေး ဆောင်ရွက် ပေးရမည်ဖြစ်

Ministry of Information / Posted on April 01, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်ဇနီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ

Ministry of Information / Posted on April 01, 2023

​​​​​​​ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၃၁-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၅၇၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၁) ရာခိုင်နှုန်း ရှိပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်

Ministry of Home Affairs / Posted on April 01, 2023

ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း.......

CBM discusses progress of Myanmar's banking sector at end of 2022-2023FY

Ministry of Information / Posted on April 01, 2023

THE Central Bank of Myanmar held a meeting on the financial progress of Myanmar’s banking sector by the end of 2022-2023 FY, payment issues with foreign banks and compliance with rules and regulations for money laundering in Nay Pyi Taw yesterday.

Illegal foodstuffs, consumer goods, industrial materials, electronics and vehicles seized

Ministry of Information / Posted on April 01, 2023

THE on-duty Customs team under the management of the Customs Department made inspections on 28, 29 and 30 March and nabbed three kinds of goods including 2,600 kilogrammes of clothes worth K1.092,000 that were not declared in the Export Declaration (ED) from three containers at the Asia World Port Terminal container checkpoint, eight kinds of goods including 372 remote-control toy cars, 1,900 kilogrammes of sponges and 2,000 kilogrammes of textiles that were not declared in the Import Declaration (ID) from five containers at the Hteedan Port container checkpoint and seven kinds of goods including 40 cartons of RCBO 100mA breakers worth K361,210 that needed the Import Licence and K23,650,000 worth of cigarettes, eight mobile phones (used) without official documents from luggage at the Yangon International Airport (Import Desk). The action was taken under Customs procedures.