Server Co-location ဝန်ဆောင်မှု ရယူအသုံးပြုနိုင်ရန် လျှောက်ထားခြင်း (အစိုးရအဖွဲ့အစည်းများသာ)
Server Co-location ဝန်ဆောင်မှု ရယူအသုံးပြုနိုင်ရန် လျှောက်ထားခြင်း (အစိုးရအဖွဲ့အစည်းများသာ)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / June 10, 2020
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
- Server Co-location ဝန်ဆောင်မှုရယူလိုသည့် အစိုးရဗဟိုရုံးများနှင့် ဝန်ကြီးဌာနများအနေဖြင့် ဝန်ကြီးရုံး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂) သို့ လိပ်မူ၍ လူကိုယ်တိုင် လျှောက်ထားနိုင်ပါသည်။
- လျှောက်လွှာနှင့်အတူ Server Co-location Request Form အား ဖြည့်စွက်ပေးပို့ရပါမည်။
- Public IP Address အသုံးပြုလိုပါက Public IPv4 Address Service Request Form အား ဖြည့်စွက်ပေးပို့ရပါမည်။
- လျှောက်ထားသည့် ဝန်ဆောင်မှုအား ပေးအပ်နိုင်ခြင်း (Feasible) ရှိ/မရှိ အကြောင်းပြန်ကြားပါမည်။
- Feasible ရှိပါက သတ်မှတ်ဝန်ဆောင်ခနှုန်းထားများအတိုင်း စီမံ/ ဘဏ္ဍာ ဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်တွင် ကျသင့်ငွေ ပေးသွင်းပြီး AN(Advice Note) အား ထုတ်ပေးပါမည်။
- AN နှင့် Service Request Form များအား တစ်ပါတည်းယူဆောင်၍ Co-location Data Center e-Government ဌာန၊ ဆက်သွယ်ရေးရုံး(ဗဟိုမီးသတ်အနီး)၊ နေပြည်တော်သို့ ဆက်သွယ်၍ Server Co-location လာရောက်ထားရှိနိုင်ပါသည်။
ဝန်ဆောင်ခ
|
Server Colocation Service Request Form
မေးလေ့ရှိသောမေးခွန်းများ
ဝန်ဆောင်မှု (အွန်လိုင်း) -
၁၂၇ ခု
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၌ Online Booking စနစ်ဖြင့် နိုင်ငံကူးလက်မှတ်(Passport) လျှောက်ထားခြင်းဝန်ဆောင်မှု
ပြည်ထဲရေးဝန်ကြီးဌာန / July 23, 2024
နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)တွင်
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၏ FSD Online Web Application System (app.fsd.gov.mm)
ပြည်ထဲရေးဝန်ကြီးဌာန / July 23, 2024
မီးသတ်ဦးစီးဌာနသည် အဆောက်အဦများ၏ မီးဘေးလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ .....................
ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ်လျှောက်ထားခြင်း
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန / April 20, 2023
ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ လိုင်စင်များအပါအဝင် အခြားဝန်ဆောင်ခများကို Online မှ လျှောက်ထားနိုင်ရန်နှင့် သက်တမ်းတိုးခြင်းများ ဆောင်ရွက်နိုင်ရန် (e-License System)
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန / April 20, 2023