Ministry of Health
- Ministry of President Office
- Ministry of Transport
- Ministry of Digital Development and Communications
- Ministry of Defense
- Ministry of Home Affairs
- Ministry of Foreign Affairs
- Ministry of National Planning, Investment and Foreign Economic Relations
- Ministry of Finance and Revenue
- Ministry of Border Affairs
- Ministry of Ethnic Affairs
- Ministry of Legal Affairs
- Ministry of Education
- Ministry of Science and Technology
- Ministry of Health
- Ministry of Women’s Affairs
- Ministry of Information
- Ministry of Religious Affairs
- Ministry of Agriculture, Livestock and Irrigation
- Ministry of Cooperatives and Rural Development
- Ministry of Natural Resources & Environmental Conservation
- Ministry of Electric Power and Energy
- Ministry of Industry and MSME Development
- Ministry of Labour
- Ministry of Commerce
- Ministry of Sports
- Ministry of Youth Affairs
- Ministry of Construction
- Ministry of Social Welfare, Relief & Resettlement
- Ministry of Hotels, Tourism and Culture
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ရည်မှန်းချက်
(က) လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး
(ခ) လူတိုင်းရောဂါဘယကင်းရှင်းရေး
အဓိကရည်မှန်းချက်များအားအောင်မြင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော နည်းဗျူဟာများ
(က) ကျေးလက်ကျန်းမာရေးဒေသအောက်ခြေအထိကျန်းမာရေးအသိပညာပေးခြင်း
(ခ) ရောဂါကာကွယ်တားဆီးခြင်း
(ဂ) ရောဂါဖြစ်ပွားလျှင် ထိရောက်စွာကုသမှုပေးခြင်း
ကျန်းမာရေးစောင့်ရှောက်မှုသည် နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်ဖြစ်ပါသည်။ အခြေခံကျန်းမာရေး စောင့်ရှောက်မှုအား နိုင်ငံသားတိုင်းကို ပေးအပ်နိုင်ရန် အစိုးရမှအမျိုးမျိုးသော ကျန်းမာရေးအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယခုကဏ္ဍတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ မူဝါဒများ၊ အစီအစဉ်များစသည်တို့ကို ပြည်ထောင်စုနှင့်ပြည်နယ် အစိုးရအဖွဲ့များ၊ ဌာနများ၊ အဖွဲ့အစည်းများ၊ သုတေ သနစာတမ်းများနှင့် အခြားစာပေများ၊ ပြည်ထောင်စုဝန်ကြီး၏ မိန့်ခွန်းများမှ အသေးစိတ် အချက်အလက်များရရှိနိုင် မည်ဖြစ်ပါသည်။
လူသားအားလုံးသည် အခြေခံလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို အရည်အသွေးပြည့်ဝစွာနှင့် ငွေကြေးအခက်အခဲမရှိဘဲ ရယူနိုင်ရမည်ဟူသော အဓိပ္ပါယ်ဖွင့်ဆိုထားသည့် လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေး လွှမ်းခြုံမှုသည် ကမ္ဘာ့ဦးစားပေး ဖွံ့ဖြိုးမှုလမ်ကြောင်းတစ်ခု ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံအနေဖြင့်လည်း အဆိုပါပန်းတိုင်ကို လှမ်းကိုင်နိုင်ရေးအတွက် အရှိန်မြှင့်ကြိုးပမ်းချက်များကို နိုင်ငံရေးအရ ကတိကဝတ်ပြုခဲ့ပြီး ဖြစ်ပါသည်။ အမျိုးသားကျန်းမာရေးစီမံကိန်းသည် မိမိတို့နိုင်ငံ၏ ကျန်းမာရေးစနစ်ကိုကြံခိုင်တောင့်တင်းစေပြီး လူတိုင်းလက်လှမ်းမီသည့်ကျန်းမာရေးလွှမ်းခြုံမှုစနစ်ကို လျှောက်လှမ်းရာတွင် ဆင်းရဲနွမ်းပါးသူများကို ဦးစားပေး သည့်စနစ်ကို ရွေးချယ်ခဲ့ပါသည်။
ထို့ကြောင့်လည်းအမျိုးသားကျန်းမာရေးစီမံကိန်း(၂၀၁၇-၂၀၂၁)၏ အဓိကပန်းတိုင်သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် အခြေခံအကျ ဆုံးသော မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှု များကို ငွေကြေးကုန်ကျမှုနည်းပါးစွာဖြင့် နေရာမရွေး၊ ဒေသမရွေး ဆောင်ရွက်နိုင်ရေးဖြစ်ပါသည်။ အမျိုးသား ကျန်းမာရေးစီမံကိန်းသည် အဆိုပါပန်းတိုင်ကို ရရှိစေရန် ရည်ရွယ်၍ အဖွဲ့အစည်းအသီးသီးတွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
၁။ ကျန်းမာရေးစောင့်ရှောက်မှုစီမံချက်များ (ဥပမာ- သင်တန်းများ/ အထောက်အကူပြုလေ့လာဆန်းစစ်ခြင်းများ/ လွှဲပြောင်းစနစ်များ ပိုမိုကောင်းမွန်စေခြင်း/ ကျန်းမာရေး သတင်းအချက်အလက်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း)
၂။ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပြင်ပဆန်းစစ်ခြင်းကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။
၃။ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော တိုင်းရင်းသားအဖွဲ့အစည်းများ/ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ/ ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်နေသောအဖွဲ့အစည်းများမှတဆင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော အဖွဲ့အစည်းအမျိုးမျိုးကြား ညှိနှိုင်းဆောင်ရွက်ခြင်း။
၄။ အမျိုးသားကျန်းမာရေးစီမံကိန်း၏ ရည်မှန်းချက်ကို ရရှိစေရန် ကျန်းမာရေးစောင့်ရှောက်မှု အကောင်အထည်ဖော်နေသည့်/ပါဝင်အားဖြည့် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ အကြား ဟန်ချက်ညီ ပေါင်းစည်းမှုအသွင် ရရှိရေးကိုရည်မှန်းပါသည်။
Website လိပ်စာ
ဝန်ဆောင်မှုများ
၁။ ရန်ကုန်- မန္တလေးအမြန်လမ်းတစ်လျှောက်တွင် အရေးပေါ် လူနာတင်ယာဉ်စနစ် (Emergency Medical Services)
