Ministry of Natural Resources & Environmental Conservation
- Ministry of President Office
- Ministry of Transport
- Ministry of Digital Development and Communications
- Ministry of Defense
- Ministry of Home Affairs
- Ministry of Foreign Affairs
- Ministry of National Planning, Investment and Foreign Economic Relations
- Ministry of Finance and Revenue
- Ministry of Border Affairs
- Ministry of Ethnic Affairs
- Ministry of Legal Affairs
- Ministry of Education
- Ministry of Science and Technology
- Ministry of Health
- Ministry of Women’s Affairs
- Ministry of Information
- Ministry of Religious Affairs
- Ministry of Agriculture, Livestock and Irrigation
- Ministry of Cooperatives and Rural Development
- Ministry of Natural Resources & Environmental Conservation
- Ministry Of Electricity And Energy
- Ministry of Industry and MSME Development
- Ministry of Labour
- Ministry of Commerce
- Ministry of Sports Affairs
- Ministry of Youth Affairs
- Ministry of Construction
- Ministry of Social Welfare, Relief & Resettlement
- Ministry of Hotels, Tourism and Culture
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ယခင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန နှင့် သတ္တုတွင်းဝန်ကြီးဌာနတို့ကို ၂၀၁၆ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် ပေါင်းစည်းထားခြင်းဖြစ်ပါသည်။ ဝန်ကြီးဌာန၏ လက်အောက်၌ ဦးစီးဌာန (၆)ခု လုပ်ငန်း (၅) ခု နှင့် တက္ကသိုလ်(၁) စုစုပေါင်း ဌာန(၁၂) ခုဖြင့်ဖွဲ့စည်းထားရှိပါသည်။
ဝန်ကြီးဌာနနှင့် ပတ်သက်၍ သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍ ဟူ၍ (၂)ပိုင်း ဖော်ပြထားပါသည်။
နောက်ခံသမိုင်း(သစ်တောကဏ္ဍ)
လယ်ယာနှင့်သစ်တောဝန်ကြီးဌာနကို ဝန်ကြီးရုံး၊ စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာန၊ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ဆည်မြောင်းဦးစီးဌာန၊ သစ်တောဦးစီး ဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် မြေတိုင်းဦးစီး ဌာနတို့ဖြင့် ဦးစွာ ဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဝန်ကြီးများရုံးတွင် ရုံးတည်ရှိခဲ့ပါသည်။
ထို့နောက် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ သီရိမင်္ဂလာ လမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ မြေတိုင်းဦးစီးဌာနဝင်းအတွင်းရှိ အဆောက်အဦသို့ ရုံးပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁၉၉၂ ခုနှစ်၊ မတ်လ ၅ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၇/၉၂) ဖြင့် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနကို သစ်တော ရေးရာဝန်ကြီးဌာန (Ministry of Forestry) နှင့်လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနဟူ၍ ဝန်ကြီး ဌာန (၂) ခု အဖြစ်သို့ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး သစ်တောရေးရာ ဝန်ကြီးဌာနလက်အောက်တွင် ဝန်ကြီးရုံး၊ စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန၊ သစ်တော ဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့ ဖွဲ့စည်းပါဝင်ခဲ့ ပါသည်။
၁၉၉၇ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသအတွင်း စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဌာနအသစ် အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းခဲ့ကာ ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ်ရုံးကို မန္တလေးတိုင်းတွင် ဖွင့်လှစ်ထားရှိခဲ့ပါသည်။
၂၀၀၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင်သစ်တောရေးရာဝန်ကြီးဌာနအောက်ရှိ မြေတိုင်းဦးစီးဌာနအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် သစ်တောရေးရာဝန်ကြီးဌာနကို နေပြည်တော်ရှိ အဆောက်အဦ အမှတ်(၂၈)သို့ ပြောင်းရွေ့ ဖွင့်လှစ်ခဲ့ပါသည်။
၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့မှစတင်၍ နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြော်ငြာစာအမှတ် (၈၃/၂၀၁၁) အရ သစ်တောရေးရာဝန်ကြီးဌာနကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန (Ministry of Environmental Conservation and Forestry) အဖြစ် အမည် ပြောင်းလဲ သတ်မှတ်ခဲ့ ပါသည်။
၂၀၁၆ ခုနှစ် မတ်လ (၃၀)ရက် နေ့မှစတင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၏ ကြော်ငြာချက်အမှတ် (၁/၂၀၁၆)အရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (Ministry of Natural Resources and Environmental Conservation) အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။
မူဝါဒ(သစ်တောကဏ္ဍ)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာလုပ်ငန်းများကို မူဝါဒ (၁၁) ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(၁) ရေ၊ မြေ၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး၊
(၂) သဘာဝတောများ ထိန်းသိမ်းကာကွယ်ခြင်းနှင့် သစ်တောစိုက်ခင်းများ တည် ထောင်ခြင်းဖြင့် ရာသီဥတုမျှတစေပြီး စိုက်ပျိုးရေးကို အထောက်အကူပြုစေရေး၊
(၃) ကျေးလက်နေပြည်သူတို့၏ အခြေခံသစ်တောထွက်ပစ္စည်း လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး၊
(၄) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောများအုပ်ချုပ်လုပ်ကိုင်မှု တို့တွင် ပြည်သူအများ ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရေး၊
(၅) သစ်နှင့် အခြားသစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင် ရေးနှင့်ပြည်သူ လူထုမှနေအိမ်များ ဆောက်လုပ်ရာတွင် လိုအပ်လျက်ရှိသော သစ်များကို ဖြည့်ဆည်းရောင်းချ ပေးနိုင်ရေး၊
(၆) သစ်တောသယံဇာတများ ထုတ်ယူသုံးစွဲရာတွင် အလေအလွင့်နည်းပါးပြီး သစ်အခြေခံစက်မှု လုပ်ငန်းများ တိုးတက်ဖြစ်ထွန်း ပေါ်ပေါက်လာစေရေး၊
(၇) သစ်တောနှင့် ပတ်ဝန်းကျင်ကဏ္ဍ စွမ်းဆောင်ရည်တိုးတက်မြင့်မားရေး၊
(၈) ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး၊
(၉) ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရေးရာကိစ္စရပ်များကို ထည့်သွင်း ပေါင်းစပ်ခြင်း အားဖြင့် ပတ်၀န်းကျင်နှင့် သဟဇာတဖြစ်မှုနှင့် ဟန်ချက် ညီညွတ်မျှတမှုကို ရရှိစေရေး၊
(၁၀) နိုင်ငံတော်မှ လိုအပ်သော မြေမျက်နှာပြင်ပြ မြေပုံများကို စကေးအမျိုးမျိုး ဖြင့် တိကျမှန်ကန်စွာ တိုင်းတာရေးဆွဲထုတ်လုပ်ရေး၊
(၁၁) နိုင်ငံတော်၏ ပိုင်နက်နယ်နိမိတ်ကို တိကျမှန်ကန်စွာ တိုင်းတာသတ်မှတ်ရေး။
ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ(သစ်တောကဏ္ဍ)
ရည်မှန်းချက်
သဘာဝပတ်ဝန်းကျင်နှင့် သစ်တောသယံဇာတအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုများ ရရှိရန်ဖြစ်ပါသည်။
လုပ်ငန်းစဉ်များ
(၁) သဘာဝတောများထိန်းသိမ်းကာကွယ်မည်၊
(၂) ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများကို သစ်တောကဏ္ဍ ပင်မ စီမံကိန်း ပါ ရည်မှန်းချက်များနှင့်အညီ တိုးချဲ့ဖွဲ့စည်း သတ်မှတ်မည်၊
(၃) သဘာဝတောမှ သစ်ထုတ်လုပ်မှုအား လျှော့ချနိုင်ရေးနှင့် အစားထိုးဖြည့်စွက် ပေးနိုင်ရေးအတွက် ဌာနစိုက်ခင်းများသာမက ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်မည်၊ ကျေးလက်ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော သစ်တောထွက် ပစ္စည်းဖြည့်ဆည်း ပေးနိုင်ရေးအတွက် ကျေးရွာသုံးစိုက်ခင်းများ၊ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောများတည်ထောင်မည်၊
(၅) ရေဝေရေလဲဒေသများထိန်းသိမ်းရန်နှင့် ဆည်မြောင်း၊ တာတမံများ ရေရှည်တည်တံ့စေရေးအတွက် ရေဝေရေလဲစိုက်ခင်းများ တည်ထောင်မည်၊
(၆) လူထုလှုပ်ရှားမှုဖြင့် သစ်ပင်များစိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်များ ဖြန့်ဝေပေးမည်၊
(၇) သစ်တောထိန်းသိမ်းမှုလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း များတွင် ပြည်သူ အများ ပူးပေါင်းပါဝင်လာစေရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မည်၊
(၈) အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် သစ်တောစိုက်ခင်းများ တည် ထောင်ထိန်းသိမ်းမည်၊
(၉) အပူပိုင်းဒေသအတွင်းရှိ သဘာဝတောကျန်များကို ပြုစုထိန်းသိမ်းမည်၊
(၁၀) သဘာဝတောများမှ ထင်းထုတ်ယူသုံးစွဲမှုကို လျှော့ချနိုင်ရေးနှင့် ထင်းအစား အခြားလောင်စာ သုံးစွဲရေးကို ဦးတည်လျက် စွမ်းအားမြှင့်မီးဖိုများ၊ လောင် စာတောင့်များနှင့် စွန့်ပစ်ပစ္စည်းများ တိုးမြှင့် သုံးစွဲလာရေးအတွက် ထိထိ ရောက်ရောက် စည်းရုံး ဆောင်ရွက်မည်၊
(၁၁) အပူပိုင်းဒေသတွင် မြေဆီလွှာတိုက်စားခြင်း၊ မြေအဆင့်အတန်း နိမ့်ကျခြင်းမှ ကာကွယ်နိုင်ရေး အတွက် နုန်းတားဆည်ငယ်များ တည်ဆောက်သွားမည်၊
(၁၂) ကျေးလက်ပြည်သူများ သောက်သုံးရေဖူလုံစေရေးအတွက် ရေကန်ငယ်များ တူးဖော်မည်၊
(၁၃) အပူပိုင်းဒေသအတွင်း အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများအဖြစ် တောင်စဉ်တောင်တန်းများ စိမ်းလန်းစိုပြည်လာစေရေး၊ လမ်းဘေးဝဲယာသစ်ပင် စိုက်ပျိုးရေးတို့ကို စီမံချက်ဖြင့် ဆောင်ရွက် မည်၊
(၁၄) သစ်မဟုတ်သည့် အခြားသစ်တောထွက်ပစ္စည်းများကို စီမံကိန်းလျာထားချက် ဘောင်အတွင်းမှ ထုတ်ယူသုံးစွဲမည်၊
(၁၅) ကျွန်းနှင့် သစ်မာများကို နှစ်စဉ်တောထွက်အပေါ် အခြေခံ၍ စိစစ်ထုတ်လုပ် မည်၊
(၁၆) ပြည်ပသို့ သစ်လုံးအလိုက် တင်ပို့ရောင်းချခြင်းကို ရပ်ဆိုင်း၍ ပြည်တွင်းတွင် တန်ဖိုးမြှင့် သစ်အချော ထည်ထုတ်လုပ်ခြင်းကို အားပေးမြှင့်တင်မည်၊
(၁၇) သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လိုအပ်သော သစ်လုံးကုန်ကြမ်း ရရှိရေး စီမံဆောင်ရွက်မည်၊
(၁၈) သစ်အခြေခံစက်မှုလုပ်ငန်း ထွက်ကုန်အမယ်သစ်များ ထုတ်လုပ်မည့်စက်ရုံ၊ အလုပ်ရုံသစ်များ ပေါ်ထွန်းလာသည်နှင့်အမျှ ပြည်တွင်း အလုပ်သမားများအတွက် ခေတ်မီနည်းပညာသစ်များ ရရှိလာစေရန် ဆောင်ရွက်မည်၊
(၁၉) တန်ဖိုးမြှင့် သစ်ကုန်ချောများထုတ်လုပ်ပြီး ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချခြင်းကိုတွန်းအား ပေးဆောင်ရွက်မည်၊
(၂၀) သင့်တော်သည့်နေရာဒေသများတွင် ရွေးချယ်ပြီး ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွား လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည်၊
(၂၁) နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အထောက်အပံ့ပေးနိုင်ရန်အတွက် မြေပုံရေးဆွဲ ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်၊
(၂၂) နိုင်ငံနယ်နိမိတ် တိုင်းတာသတ်မှတ်ခြင်း၊ နယ်နိမိတ်မှတ်တိုင်များ ထိန်းသိမ်းခြင်း၊ မြေတိုင်းတာ ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်၊
(၂၃) ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာ၊ မူဘောင်၊ လမ်းညွှန်ချက်၊ လုပ်ထုံး လုပ်နည်း၊ အစီအမံ၊ စီမံချက်၊ လုပ်ငန်းအစီအစဉ်နှင့် အစီရင်ခံများကို ရေးဆွဲ ချမှတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်၊
(၂၄) ပတ်ဝန်းကျင် အရည်အသွေးများကို ထိန်းသိမ်းရေး၊ မြှင့်တင်ရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပတ်ဝန်းကျင် အရည်အသွေးစံချိန် စံညွှန်းများနှင့် အညီ ကိုက်ညီမှုရှိစေရေး စိစစ်ခြင်း နှင့် စစ်ဆေးကြပ်မတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်၊
(၂၅)ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်များ၊ သုတေသနလုပ်ငန်းများ၊ စီမံကိန်းများ၊ ဒေသနှင့် နိုင်ငံတကာ သဘောတူညီချက်များအရ ဆောင်ရွက်မည့် အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်မည်၊
(၂၆) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုံမှန်လုပ်ငန်းခွင် သင်တန်း များအပြင် ဘာသာရပ်ဆိုင်ရာ သင်တန်းများကို လိုအပ်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချသွားပြီး ပြည်တွင်း/ပြည်ပ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများသို့ ဝန်ထမ်းများအား စေလွှတ်မည်၊
(၂၇) သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဆက်စပ် ပတ်သက် သူများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အကောင် အထည်ဖော်မည်၊
(၂၈) ဌာနအဖွဲ့အစည်းများ တောင့်တင်းခိုင်မာစေရန် ဆောင်ရွက်မည်၊
(၂၉) လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မည်၊
(၃၀) ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူဗဟိုပြု သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးကို ဦးစားပေး ဆောင်ရွက်မည်၊
(၃၁) ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပြည်သူများ အကျိုးစီးပွားအတွက် ခေတ်စနစ်နှင့် အညီ လိုအပ်သလို ပြင်ဆင်မွမ်းမံပြဋ္ဌာန်းပြီး လိုက်နာဆောင်ရွက်မည်။
ဖွဲ့စည်းပုံ(သစ်တောကဏ္ဍ)
၄။ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန
၅။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
၇။ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်
နောက်ခံသမိုင်း(သတ္တုကဏ္ဍ)
မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရောင်းဝယ်မှုသည် ရှေးမြန်မာမင်းများ လက်ထက်ကပင် ထွန်းကားလာခဲ့ခြင်း ဖြစ်ပါသည်။ ထိုခေတ်က သတ္တုတွင်းများကို ဘုရင်က ပိုင်ဆိုင်၍ သတ္တုတွင်းတူးသူများက လုပ်ကိုင်ခွင့် အတွက် အခွန်တော်များကို ဆက်သခဲ့ကြပါသည်။ သမိုင်းမှတ်တမ်းတင်နိုင်ခဲ့သော သတ္တုတွင်း လုပ်ငန်းမှာ (၁၅)ရာစုခေတ်တွင် တရုတ်လူမျိုးများ စတင်လုပ်ကိုင်ခဲ့သည့် ဘော်တွင်း သတ္တုတွင်းဖြစ်ကြောင်း သိရှိရ ပါသည်။ မြန်မာဘုရင်များခေတ်တွင် ငွေ၊ ခဲနှင့် သွပ်ကို ဘော်တွင်း၊ သံကို ရှမ်းပြည်နယ်၊ ခဲမဖြူကို အောက်မြန်မာပြည်ရှိ ထားဝယ်နှင့် မြိတ်၊ ပတ္တမြား၊ နီလာ ကျောက်မျက်ရတနာကို မန္တလေးမြို့မှ(၁၂)မိုင် အကွာရှိ စကျင်ဒေသမှလည်းကောင်း၊ မိုးကုတ်ဒေသမှ လည်းကောင်းထုတ်လုပ်ကြပါသည်။ ရရှိသောပတ္တမြား လုံးကြီးလုံးကောင်းကို ဘုရင်သို့ဆက်သရ ကြောင်းသိရှိရပါသည်။
၁၈၈၅ ခုနှစ် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဗြိတိသျှလက်အောက်ရောက်ရှိခဲ့ပြီးနောက် ၁၈၈၇ ခုနှစ်၊ အောက်တိုဘာလတွင် Upper Burma Ruby Regulation ကို ပြဋ္ဌာန်းခဲ့ပြီး သတ္တုတွင်း၏ ကဏ္ဍ တစ်ရပ်ဖြင့်ပါဝင်ခဲ့သော ရေနံထုတ်လုပ်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် (ရေနံတွင်းနယ်နိမိတ် သတ်မှတ်ခြင်း၊ တွင်းအုပ်ရာထူးခန့်အပ်ထားခြင်း) ရေနံမြေအက်ဥပဒေကို ၁၉၁၉ ခုနှစ်၊ ဇန်နဝါရီလ တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၂၄ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် သတ္တုတွင်းဥပဒေThe Mines Act (Indian Act 1923 1St July 1924) ကို ပြဋ္ဌာန်းခဲ့ပြီး MineralConcession Rules (1913) အရ ဂရန်ကွက်ချခြင်း၊ ဓာတ်သတ္တုခွန်သတ်မှတ်ခြင်း၊ အခွန်ကောက်ခံခြင်းတို့ကို ဘုရင်ခံမှတိုက်ရိုက် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၂ ခုနှစ်နှင့် ဂျပန်ခေတ် ရောက်ရှိခဲ့ချိန်တွင် သစ်တောနှင့်သတ္တုတွင်း ဝန်ကြီးဌာနဟူ၍ပေါ်ပေါက်ခဲ့ပြီး သခင်ထွန်းအုပ်က ဝန်ကြီးအဖြစ် စတင်တာဝန်ယူ၍ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွပ်လပ်ရေးရရှိခဲ့ပြီးနောက် သယံဇာတနှင့် ဓာတ်သတ္တုများ တူးဖော် ထုတ်လုပ်ရာတွင် နိုင်ငံသားများအနေဖြင့် ဥပဒေဖြင့်ပြဋ္ဌာန်းထားသောအကျိုးခံစားခွင့် ရရှိနိုင်စေရန် အတွက် လိုအပ်သောဥပဒေများပြဌာန်းခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် ဓာတ်သတ္တုပင်ရင်း အခြေအမြစ်များ တိုးတက် ဖွံ့ဖြိုးအောင် ဆောင်ရွက်ရေးကော်ပိုရေးရှင်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး သတ္တုတွင်းများ၏ ပိုင်ဆိုင်မှု အချို့ကို နိုင်ငံတော်မှ ဝယ်ယူပြီးမူလကုမ္ပဏီနှင့် ဖက်စပ်စနစ်ဖြင့် ဆက်လက်လုပ်ကိုင်ခဲ့ပါသည်။ ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလတွင် ဓာတ်သတ္တုဌာနခွဲအား စက်မှုလက်မှု နှင့်သတ္တုတွင်းဝန်ကြီးဌာနမှခွဲထုတ်၍ သတ္တုတွင်း ဝန်ကြီးဌာနအဖြစ် သီးခြားစီမံဆောင်ရွက်ခဲ့ ပါသည်။
နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၆ ခုနှစ်၊ မတ်လ(၃၀)ရက်စွဲပါ ကြေငြာချက်အမှတ် (၁/၂၀၁၆)ဖြင့် သတ္တုတွင်း ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတို့အား ပူးပေါင်း၍ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
မူဝါဒ(သတ္တုကဏ္ဍ)
(၁) ဓာတ်သတ္တုသယံဇာတ အရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချခြင်းဖြင့် အမျိုးသား အကျိုးစီးပွား တိုးတက်ရေးကို ဖော်ဆောင်ရန်။
(၂) နိုင်ငံတော်၏ ဓာတ်သတ္တုသယံဇာတများအား ခေတ်မီနည်းပညာများဖြင့် လေလွင့်ဆုံးရှုံးမှု အနည်းဆုံးနှင့် ကုန်ချောအဆင့်အထိ အရည်အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရန် ဓာတ်သတ္တုကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို ရှေ့ရှုဆောင်ရွက်ရန်။
(၃) ဓာတ်သတ္တုနှင့် သယံဇာတကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် ဖော်ဆောင်နိုင်မည့် ဥပဒေ၊ နည်းဥပဒေများအားခေတ်စနစ်နှင့် လျော်ညီစေရေးအတွက် ပြင်ဆင်ဖြည့်စွက်ရန်။
(၄) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝန်းလုံးကို ဘူမိဗေဒမြေပုံများ ရေးဆွဲပြုစုရန်နှင့် သားစဉ်မြေးဆက် စဉ်ဆက်မပြတ်သုံးစွဲနိုင်ရန်အတွက် အရန်သတ္တုသိုက်များရှာဖွေ ဖော်ထုတ် ကန့်သတ်သတ်မှတ်ရန်။
(၅) ပုဂ္ဂလိကပိုင်ကဏ္ဍ မြင့်မားရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဒေသခံများ အလုပ်အကိုင် ရရှိရေးကို ဦးစားပေး ဆောင်ရွက်ရန်။
(၆) ဓာတ်သတ္တု သယံဇာတများကို တရားမဝင် တူးဖော်ထုတ်လုပ် သယ်ဆောင် ရောင်းဝယ်မှုများ လျော့နည်း ပပျောက်စေရန်။
(၇) ဓာတ်သတ္တု သယံဇာတများထုတ်လုပ်မှုကြောင့် ရေမြေသဘာဝနှင့် ပတ်ဝန်းကျင်ထိခိုက် ယိုယွင်း ပျက်စီးမှု အနည်းဆုံးဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ ပျက်စီးသွားသည်များကို ပြန်လည်ထူထောင်ရေး ဦးစားပေးဆောင်ရွက်ရန်နှင့် သတ္တုတွင်းလုပ်ငန်းများ လုပ်ကွက်ပိတ်သိမ်းပါက အများပြည်သူ ပြန်လည် အသုံးပြုနေထိုင်နိုင်သည့် ပတ်ဝန်းကျင် အဖြစ် ပြန်လည်ထူထောင်ရန်။
(၈) မြန်မာ့ပုလဲများကို နိုင်ငံတကာဈေးကွက်ဝင်အရွယ်အစားနှင့် အရည်အသွေး ကောင်းမွန်စွာဖြင့် ပိုမိုမွေးမြူ ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတကာ နည်းပညာနှင့် မွေးနည်းစနစ်များကို ဖြန့်ဝေပေးရန်နှင့် ပြည်ပသို့ တိုးမြှင့်ရောင်းချနိုင်ရေးကို အားပေး မြှင့်တင် ဆောင်ရွက်ရန်။
ရည်မှန်းချက်(သတ္တုကဏ္ဍ)
(၁) ဝန်ကြီးဌာန၏ နှစ်စဉ်ရည်မှန်းချက်များ အောင်မြင်ရေးအတွက် မြေပေါ် မြေအောက် သယံဇာတ ဓာတ်သတ္တုသိုက်များ တိုးတက်ရှာဖွေ အဆင့်မြှင့်သန့်စင် ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ အမျိုးသားဝင်ငွေ တိုးတက်စေရေးဆောင်ရွက်ရမည်။
(၂) ဓာတ်သတ္တုကဏ္ဍဖွံ့ဖြိုးစေရန် အဆင့်မြင့်နည်းပညာနှင့် ခေတ်မီပစ္စည်းများပံ့ပိုးကူညီနိုင်ရေး နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။
(၃) ဓာတ်သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ရေးနှင့် သုတေသန လုပ်ငန်းများကို စီမံကိန်းများ ချမှတ်ဆောင်ရွက်ရမည်။
(၄) ဓာတ်သတ္တု ဖြစ်ထွန်းမှုများကို ဖော်ပြသည့် ဘူမိဗေဒမြေပုံများကို စဉ်ဆက်မပြတ် ရေးဆွဲနိုင်ရေး စနစ်တကျ စီမံချက်ချမှတ် ဆောင်ရွက်ရမည်။
(၅) ဓာတ်သတ္တု ထုတ်လုပ်မှုကြောင့် ပတ်ဝန်းကျင် ထိခိုက်ယိုယွင်းမှု အနည်းဆုံး ဖြစ်စေရေး အလေးထား ထိန်းသိမ်းဆောင်ရွက်ရမည်။
(၆) ဓာတ်သတ္တုများ တရားမဝင် တူးဖော်ထုတ်လုပ် သယ်ဆောင်ရောင်းချမှု လျော့နည်း ပပျောက်စေရေး အလေးထား ဆောင်ရွက်ရမည်။
(၇) ကျောက်စိမ်း၊ ကျောက်မျက် အချောထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်တွင်း၌ ကျောက်မျက် ရတနာစျေးကွက် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ရ မည်။
(၈) ပုလဲထုတ်လုပ်မှု တိုးတက်စေရေးအတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် မွေးမြူရေး နည်းပညာ ပိုမိုတိုးတက်မြင့်မားစေရန် ဆောင်ရွက်ရမည်။
လုပ်ငန်းစဉ်(သတ္တုကဏ္ဍ)
(၁) အနာဂတ်နိုင်ငံတော်နှင့် နောင်လာနောင်သားများ ရေရှည်အသုံးပြု ခံစားနိုင်ရေးအတွက် ဓာတ်သတ္တု သယံဇာတများ ထုတ်လုပ်မှုကို စနစ်တကျ စိစစ်ခွင့်ပြု ခြင်း၊
(၂) ဓာတ်သတ္တု စမ်းသပ်တိုင်းတာမှုများ၊ ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင် ရွက်ခြင်း၊
(၃) ဓာတ်သတ္တုလေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေး ကန့်သတ် ဆောင်ရွက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်း Responsible Mining ဖြစ်စေခြင်း၊
(၄) နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများ အပြည့်အဝ ရရှိအောင် ဆောင်ရွက်ခြင်း။
(၅) ပြည်ပနိုင်ငံအစိုးရ/အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော ဓာတ်သတ္တုကဏ္ဍ ဆိုင်ရာ နည်းပညာနှင့် သုတေသနလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် ခြင်း၊
(၆) အဆင့်မြင့်နည်းပညာများ တိုးတက်ရရှိစေရန် ပြည်ပကုမ္ပဏီများကို ဖိတ်ခေါ်ပြီး ပူးပေါင်း ဆောင်ရွက်ခြင်း၊
(၇) သတ္တုသိုက်များ၏တန်ချိန်ပမာဏနှင့် အရည်အသွေးများကို တိုးချဲ့တိုင်းတာဖော်ထုတ်ခြင်း၊
(၈) ဘူမိဗေဒမြေပုံ ရေးဆွဲရန် ကျန်ရှိနေသော ဒေသများအတွက် စီမံချက် ချမှတ် ဆောင်ရွက်ခြင်း၊
(၉) ထုတ်လုပ်မှုတွင် ဆင့်တက်ပြုပြင်၍ တန်ဖိုးမြင့် (Valued Added) ထုတ်လုပ်ရေးကို ဦးစားပေး ဆောင်ရွက်ခြင်း၊
(၁၀) နိုင်ငံတော်၊ ရင်းနှီးမြှုပ်နှံသူနှင့် ဒေသခံပြည်သူများ မျှမျှတတအကျိုးရှိစေမည့်စနစ်ကို အခြေခံပြီး အကျိုးတူဆောင်ရွက်ခြင်း၊
(၁၁) သတ္တုတွင်းဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး လုပ်ငန်း များဆောင်ရွက်ခြင်း၊
(၁၂) ခွင့်ပြုမိန့်ထုတ်ပေးထားသော သတ္တုလုပ်ကွက်များအား သတ္တုတွင်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော စစ်ဆေးရေး အဖွဲ့များဖြင့် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ခြင်း၊
(၁၃) ကျောက်စိမ်း၊ ကျောက်မျက်လုပ်ကွက်များမှ ရတနာခွန်များနှင့် ကျောက်မျက် ရတနာရောင်းချ ပွဲများမှ ဝင်ငွေများ ရရှိအောင် ဆောင်ရွက်ခြင်း၊
(၁၄) ကျောက်မျက်ရတနာများ ပြည်ပသို့တရားဝင်တင်ပို့နိုင်ရေးအတွက် Gems Trading Center(G T C) များ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊
(၁၅) ကျောက်မျက်ရတနာပြပွဲများကို နှစ်စဉ် ကျင်းပပြုလုပ်ခြင်း၊
(၁၆) ကျောက်မျက်ရတနာ အချောထည်သင်တန်းကျောင်း ဖွင့်လှစ်၍ သင်တန်းများ ပို့ချပေးခြင်း၊
(၁၇) ပြည်တွင်းတွင် မြန်မာကျပ်ငွေဖြင့် ပြည်တွင်းပုလဲရောင်းချပွဲ၊ နိုင်ငံခြားငွေဖြင့် ပုလဲလေလံတင် ရောင်းချပွဲနှင့် ပြည်ပတွင် နိုင်ငံခြားငွေဖြင့် မြန်မာ့ပုလဲလေလံပွဲများ ကျင်းပ ပြုလုပ်ခြင်း၊
(၁၈) ပုလဲမွေးမြူထုတ်လုပ်ရေးစခန်းများတွင် သဘာဝပတ်ဝန်းကျင်နှင့်သက်ရှိတို့၏ ဂေဟစနစ် မပျက် စီးရေးအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအမံများအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ ကြပ်မတ် ဆောင်ရွက်ခြင်း၊
(၁၉) ပြည်တွင်း၊ ပြည်ပကုမ္ပဏီများအား ဖိတ်ခေါ်၍ ပုလဲမွေးမြူရေးလုပ်ငန်း နည်းပညာမြင့်မား လာစေရေး နှင့် ထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးခြင်း။
ဖွဲ့စည်းပုံ(သတ္တုကဏ္ဍ)
၂။ သတ္တုတွင်းဦးစီးဌာန
၃။ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန
၄။ အမှတ်(၁) သတ္တုတွင်းလုပ်ငန်း
၅။ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း
၆။ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း
၇။ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း
Website Address
Services
1. အစိုးရဌာနများသို့ မြေပုံများရောင်းချခြင်း
2. အများပြည်သူသို့ မြေပုံများရောင်းချခြင်း
3. သစ်လုံး၊ သစ်ခွဲသားများအား အိတ်ဖွင့်တင်ဒါဖြင့် ရောင်းချခြင်း
