Ministry of Religious Affairs
- Ministry of President Office
- Ministry of Transport
- Ministry of Digital Development and Communications
- Ministry of Defense
- Ministry of Home Affairs
- Ministry of Foreign Affairs
- Ministry of National Planning, Investment and Foreign Economic Relations
- Ministry of Finance and Revenue
- Ministry of Border Affairs
- Ministry of Ethnic Affairs
- Ministry of Legal Affairs
- Ministry of Education
- Ministry of Science and Technology
- Ministry of Health
- Ministry of Women’s Affairs
- Ministry of Information
- Ministry of Religious Affairs
- Ministry of Agriculture, Livestock and Irrigation
- Ministry of Cooperatives and Rural Development
- Ministry of Natural Resources & Environmental Conservation
- Ministry of Electric Power and Energy
- Ministry of Industry and MSME Development
- Ministry of Labour
- Ministry of Commerce
- Ministry of Sports
- Ministry of Youth Affairs
- Ministry of Construction
- Ministry of Social Welfare, Relief & Resettlement
- Ministry of Hotels, Tourism and Culture
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဖြစ်ပေါ်လာပုံနှင့်သမိုင်းအကျဉ်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီကပင် သာသနာ့ရေးရာအဖြာဖြာ ကို ဆောင်ရွက်နိုင်ရန်အတွက် သာသနာရေးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီလက်ထက်တွင် သာသနာရေးဝန်ကြီးဌာနသည် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန လက်အောက်၌ ဦးစီးဌာနအသွင်ဖြင့် သာသနာရေးကိစ္စရပ်များကို အောက်ပါ ၇ ဌာနဖြင့် ဆောင်ရွက်ခဲ့ ပါသည်-
(၁) သာသနာရေးဝန်ကြီးဌာနအတွင်းဝန်ရုံး
(၂) သာသနာ့ညွှန်ကြားရေးဝန်ဌာနခွဲ
(၃) ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယဌာနခွဲ
(၄) ပါဠိပညာရေးဌာနခွဲ
(၅) ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(၆) ဗုဒ္ဓသာသနာ့အဖွဲ့
(၇) တိပိဋကဓရရွေးချယ်ရေးအဖွဲ့
၁၉၇၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် အုပ်ချုပ်ရေးစနစ်သစ်ပေါ်ထွန်းလာမှုအရ အဆိုပါ ၇ ဌာနကို ပူးပေါင်း၍ သာသနာရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ တစ်ဖန်နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ထေရဝါဒဗုဒ္ဓ သာသနာကို ပြည်တွင်းပြည်ပတို့၌ထွန်းကားပြန့်ပွားစေရေးအတွက် ၁၉၉၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနဟူ၍ ဦးစီးဌာနအသစ်ကို ဖွဲ့စည်းပေးခဲ့ပါသည်။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနအောက်တွင် အထက်ပါအတိုင်း သာသနာရေးဦးစီး ဌာနနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ၂ ဌာနဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၂၀-၃-၁၉၉၂ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ်(၂၃/၉၂)အရ ၂၁-၃-၁၉၉၂ ရက်နေ့မှစ၍ သာသနာရေးဝန်ကြီးဌာနဟု သီးခြားဝန်ကြီးဌာန တစ်ဌာနအဖြစ် ဖွဲ့စည်း စေခဲ့ပါသည်။ ထိုသို့ သာသနာရေးဝန်ကြီးဌာနအနေဖြင့် သီးခြားဝန်ကြီးဌာနဖွဲ့စည်းချိန်တွင် သာသနာရေး ဦးစီးဌာနနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနဟူ၍ ဦးစီးဌာန ၂ ဌာနသာ ရှိပါသည်။ သို့ရာတွင် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီးအား သင်ယူလေ့ကျင့်စေရေးအတွက် တစ်ကမ္ဘာလုံး၌ ဗြဟ္မစိုရ်တရားထွန်းကား၍ ငြိမ်းချမ်းသောလောကဖြစ်စေရန်နှင့် ပိဋကတ်စာပေကျွမ်းကျင်နှံ့စပ်သည့် ပုဂ္ဂိုလ်များတိုးပွားလာစေရန် ၂၅-၆-၉၈ ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂၂/၉၈) ဆုံးဖြတ်ချက်အရ သာသနာရေးဝန်ကြီးဌာနအောက်တွင် “အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်” ကို အသစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။
၂၀၁၅ ခုနှစ်၊ ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် သာသနာရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနကို ပူးပေါင်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပါသည်။
သို့ဖြစ်ပါ၍ ယခုအခါ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ဝန်ကြီးရုံးအပါအဝင် အောက်ဖော်ပြပါ ဦးစီးဌာန ၅ ခုနှင့် တက္ကသိုလ် ၃ ခုတို့ဖြင့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်-
(၁) ဝန်ကြီးရုံး
(၂) သာသနာရေးဦးစီးဌာန
(၃) သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
(၄) အနုပညာဦးစီးဌာန
(၅) သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန
(၆) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
(၇) အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်
(၈) အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)
(၉) အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်နှင့်လုပ်ငန်းစဉ်များ မူဝါဒ(၈) ချက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားတိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုရန်နှင့် ဘာသာဝင်များအချင်းချင်း ချစ်ကြည်ရင်းနှီးစွာနေထိုင်ရေး ကူညီစောင့်ရှောက်ရန်။
၂။ ဗုဒ္ဓသာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားစေရန်နှင့် ဂိုဏ်းပေါင်းစုံသံဃာတော်များ ညီညွတ်ရေး ထောက်ပံ့ကူညီဆောင်ရွက်ရန်။
၃။ နိုင်ငံသားအားလုံး ကိုယ်ကျင့်တရားကောင်းမွန်ပြီး ယဉ်ကျေးသိမ်မွေ့သော လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေး စီမံဆောင်ရွက်ရန်နှင့် အပြည်ပြည်ဆိုင်ရာသာသနာရေး ကိစ္စများအား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်။
၄။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ခိုင်မာရေး ဆောင်ရွက်ရန်။
၅။ သမိုင်းဝင်ရှေးဟောင်းဒေသများ၊ အဆောက်အအုံများနှင့်ပစ္စည်းများစသည့် ရှေးဟောင်း အမွေအနှစ်များ ရှာဖွေ/ဖော်ထုတ်/ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်။
၆။ ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ရေးနှင့် တစ်ဆက်တစ်စပ်တည်းသော ခိုင်မာသည့် မြန်မာ့သမိုင်းစဉ် ဖော်ထုတ်ရေးအတွက် အထောက်အကူဖြစ်စေရန်။
၇။ ပြည်တွင်း/ပြည်ပ ယဉ်ကျေးမှုအမွေအနှစ်များ၊ စာပေအမွေအနှစ်များ၊ အထောက်အထား အချက်အလက်များ စုဆောင်းထိန်းသိမ်းဝန်ဆောင်ပေးရာ ပြတိုက်နှင့်စာကြည့်တိုက်များကို ဗဟို ဌာနအဖြစ် ရပ်တည်၍ သတင်းအချက်အလက်များအား ဝန်ဆောင်မှုပေးရန်။
၈။ ယဉ်ကျေးမှုဘာသာရပ်ဆိုင်ရာများ ကျွမ်းကျင်သူများ မွေးထုတ်ပေးရန်။
ရည်မှန်းချက်(၁၃)ချက်
၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီအသိအမှတ်ပြုထားသောဘာသာအသီးသီး၏လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိရေး ကူညီဆောင်ရွက်ရန်။
၂။ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး၊ ဘာသာအသီးသီး၏ နေ့ထူးနေ့မြတ်များ သတ်မှတ်ရေးနှင့် အခမ်းအနားများကျင်းပရေး ကူညီဆောင်ရွက်ရန်။
၃။ နယ်စပ်တောင်တန်းဒေသနှင့် ဝေးလံခေါင်သီသောဒေသများရှိ သာသနာပြုလုပ်ငန်းများအား ထောက်ပံ့ကူညီစောင့်ရှောက်ရန်။
၄။ ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးဖြတ်ချက်များကို ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်းကျဆင်းစေရေး စီမံဆောင်ရွက်ရန်။
၅။ ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရေးအတွက် ပရိယတ္တိစာမေးပွဲများ စနစ်တကျ ကျင်းပရန်နှင့် သာသနာ့တက္ကသိုလ်များ၊ ပရိယတ္တိစာသင်တိုက်များ၊ ကမ္မဌာန်းရိပ်သာများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ပေးရန်။
၆။ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကို ဒေသအသီးသီးတွင် တိုးချဲ့ဖွင့်လှစ်နိုင်ရေးစီမံဆောင်ရွက်ရန်။
၇။ သမိုင်းဝင်ထင်ရှားသည့် သာသနိကအဆောက်အဦများ၊ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦများ၊ ရှေးဟောင်းပစ္စည်းများအပါအဝင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ ခိုင်မြဲရေး ထိန်းသိမ်းမွမ်းမံစောင့်ရှောက်ရန်။
၈။ အနုပညာအထက်တန်းကျောင်းများမှ အနုပညာရှင်မျိုးဆက်သစ်များကို အဆင့်မြင့် လေ့ကျင့် မွေးထုတ်ပေးရန်နှင့် နိုင်ငံအချင်းချင်းယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေး အစီအစဉ်များဆောင်ရွက်ရန်။
၉။ ယဉ်ကျေးမှုအမွေအနှစ်များဖော်ထုတ်ရာတွင် ကွင်းဆင်းလေ့လာရန်၊ မှတ်တမ်းတင် သုတေသန ပြုရန်နှင့် အမွေအနှစ်ဇုန်နယ်မြေများ သတ်မှတ်ကာကွယ်စောင့်ရှောက်ရန်။
၁၀။ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းရေးနှင့် အမျိုးသားအဆင့် ထိန်းသိမ်းစောင့်ရှောက်ရေးဆောင်ရွက်ရန်။
၁၁။ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်၊ လက္ခဏာများ မှတ်တမ်းတင် သုတေသန ပြုရန်။
၁၂။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်နှင့် လိုအပ်သည့်ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းဆောင်ရွက်ရန်။
၁၃။ e-Government လုပ်ငန်းများ၊ e-Library လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်။
လုပ်ငန်းစဉ်(၂၂)ချက်
၁။ နိုင်ငံတော်ကအသိအမှတ်ပြုထားသော ဘာသာသာသနာများနှင့် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့များအား တတ်နိုင်သမျှကူညီစောင့်ရှောက်ခြင်း။
၂။ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရေးနှင့် ဆွေးနွေးပွဲ (Interfaith Dialogue) များကို အားပေးကူညီခြင်း။
၃။ နယ်စပ်တောင်တန်းဒေသနှင့် ဝေးလံခေါင်သီဒေသများရှိ သာသနာပြုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေး ကူညီစောင့်ရှောက်ခြင်း။
၄။ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် များ၏ ပုံမှန်သင်တန်းများဖွင့်လှစ်နိုင်ရေး၊ တိပိဋကဓရ တိပိဋကကောဝိဒ၊ ဓမ္မာစရိယ၊ ပထမပြန်၊ နိကာယ်ငါးရပ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိစာမေးပွဲများနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားများ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း။
၅။ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်နိုင်ရေး စီမံဆောင်ရွက်ခြင်း။
၆။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဆရာ/ဆရာမများ အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် ကူညီထောက်ပံ့ဆောင်ရွက်ပေးခြင်း။
၇။ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကို ဒေသအသီးသီးတွင် တိုးချဲ့ဖွင့်လှစ်နိုင်ရေးစီမံ ဆောင်ရွက်ခြင်း။
၈။ သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်းကျဆင်းစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့် သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များအား ထောက်ပံ့ကူညီခြင်း။
၉။ သမိုင်းဝင်ထင်ရှားသည့် သာသနိကအဆောက်အဦများ၊ ရှေးဟောင်းအဆောက်အဦများ ရေရှည် တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဂေါပကအဖွဲ့များ စနစ်တကျရှိစေရေး ကူညီ ဆောင်ရွက်ပေးခြင်း။
၁၀။ အုပ်ချုပ်ရေးယန္တရားများ လျင်မြန်သွက်လက်စေရေးအတွက် e-Government စနစ်နှင့် e-Library လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
၁၁။ နိုင်ငံတော်အဆင့်အခမ်းအနားများနှင့် နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီး လာရောက်လည်ပတ် သည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့်ဖျော်ဖြေ တင်ဆက်ခြင်း။
၁၂။ အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများသို့ ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များစေလွှတ်၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း။
၁၃။ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းသောအားဖြင့် ဇာတ်တော်ကြီး များကို ဖော်ထုတ်တင်ဆက်ခြင်း။
၁၄။ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ နယ်လှည့်ဖျော်ဖြေတင်ဆက်နိုင်ရေးနှင့် အခြေခံကဗျာလွတ် အကသင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်ခြင်း။
၁၅။ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ အနုပညာအထက်တန်းကျောင်းများတွင် ပန်တျာနှင့် ပန်းချီ၊ ပန်းပု (၃)နှစ်သင်တန်းများ၊ နွေရာသီသင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခြင်း။
၁၆။ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများရှိ အမျိုးသားကဇာတ်ရုံများအား နိုင်ငံတကာအဆင့်မီ ဇာတ်ရုံများ ဖြစ်စေရေးအတွက် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေဖြင့်လည်းကောင်း၊ ပြည်ပအကူအညီဖြင့် လည်းကောင်း ဆောင်ရွက်ခြင်း။
၁၇။ မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟို) အဆင့် ပြိုင်ပွဲများကို ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း။
၁၈။ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၊(မန္တလေး)နှင့် ကမ္ဘောဇရိပ်သာ ပင်မအဆောက်အဦတို့ကို အထွေထွေ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း။
၁၉။ ပုဂံ၊ မြောက်ဦး စသည့် ထူးခြားထင်ရှားသော ရှေးဟောင်းအမွေအနှစ်ဒေသများအား ရေရှည် ကာကွယ်စောင့်ရှောက်ရင်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်စေရေး ဆောင်ရွက်ခြင်း။
၂၀။ ရှေးဟောင်းမြို့များနှင့် ရှေးဟောင်းနေရာများအား ကွင်းဆင်းတူးဖော် သုတေသနပြုထိန်းသိမ်း ရန်နှင့် ဒေသအသီးသီးရှိ ရှေးဟောင်းအဆောက်အဦများ၊ ရှေးဟောင်းနေရာများအား ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်း။
၂၁။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပျူမြို့ဟောင်း(၃)မြို့(ဗိဿနိုး၊သရေခေတ္တရာ၊ ဟန်းလင်း) အား ရေရှည်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ခြင်း။
၂၂။ အမျိုးသားပြတိုက်များနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ပြတိုက်များ အဆင့်မြှင့်တင် မွမ်းမံဆောင်ရွက်ခြင်း။
ဖွဲ့စည်းပုံ
ယခုအခါ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ဝန်ကြီးရုံးအပါအဝင် အောက်ဖော်ပြပါ ဦးစီးဌာန ၅ ခုနှင့် တက္ကသိုလ် ၃ ခုတို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။
(၁) ဝန်ကြီးရုံး
(၂) သာသနာရေးဦးစီးဌာန
(၃) သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
(၄) အနုပညာဦးစီးဌာန
(၅) သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန
(၆) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
(၇) အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်
(၈) အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)
(၉) အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)
Website Address
ဝန်ဆောင်မှုများ
1. သာသနာ့မြေလျှောက်ထားမှုအပေါ်သဘောထားမှတ်ချက်ပေးခြင်း
2. သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်လျှောက်ထားခြင်း(ရဟန်း/သီလရှင်)
3. ကုန်း၊ ရေ၊ လေ အခမဲ့ယာဉ်စီးခွင့်များ လျှောက်ထားပေးခြင်းနှင့် သက်တမ်းတိုးမြှင့်ပေးခြင်း
