သတင်း

နောက်ဆုံးရသတင်းများ - ၁၀၃၇၆၇ ခု

Image
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ သဘောထားမှတ်ချက်များ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 27, 2026

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် မြို့နယ်ပေါင်း ၆၁ မြို့နယ်၌ ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၏ စောင့်ကြည့်လေ့လာခဲ့မှုဆိုင်ရာ မှတ်ချက်ပြုအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပရာ ဘယ်လာရုစ်သမ္မတနိုင်ငံမှ ကိုယ်စားလှယ်များ၏ ဗီဒီယို မက်ဆေ့ဖြင့် ပြောကြားချက်၊ ကမ္ဘောဒီးယား၊ နီပေါ၊ နီကာရာဂွါနိုင်ငံနှင့် ကမ္ဘောဒီးယားပြည်သူ့ပါတီတို့မှ ကိုယ်စားလှယ်များ၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည်-

Image
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ရွေးချယ်ခံထားရသည့် ရွှေကြိုမောင်မယ်များနှင့် တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 27, 2026

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ရွေးချယ်ခံထားရသည့် ရွှေကြိုမောင်မယ်များနှင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ တွေ့ဆုံသည်။

Image
ပြည်ထောင်စုဝန်ကြီး ဦးလှမိုးဖြူးမြို့နယ် သမဝါယမအသင်းစုများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 27, 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးသို့ သွားရောက်၍ သမဝါယမအသင်းစုများမှ အသင်းအမှုဆောင်များ၊ ဝန်ကြီးဌာနအောက် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

Image
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ နှစ်နိုင်ငံအစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 27, 2026

ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါး၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံ၌ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ကျင်းပသည့် နှစ်နိုင်ငံအစည်းအဝေးသို့ တက်ရောက်ကြသည်။

Image
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ ပြန်လည်ထွက်ခွာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 27, 2026

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက် တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များသည် ယနေ့တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာကြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

Image
ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် တောင်ကြီးမြို့ရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ကလောမြို့ရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 27, 2026

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ယခင်ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး) တွင် ဖွင့်လှစ်ထားသည့် ပညာရေးဒီဂရီကောလိပ်ကို တက္ကသိုလ်အဆင့်မြှင့်တင် ဖွင့်လှစ်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။

Image
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးက အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၃၀၀ ကျော်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၂၀ ကို ခွင့်ပြု

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 27, 2026

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၅) အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့်ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

Image
(၅၄) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံဖွင့်ပွဲ ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 27, 2026

“(၅၄)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဖွင့်ပွဲကိုယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန အမှတ်(၅)၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် Video Massages ဖြင့် ဂုဏ်ပြုမိန့်ခွန်းပြောကြားသည်။ (ဂုဏ်ပြုမိန့်ခွန်းကို စာမျက်နှာ - ၄ တွင် သီးခြားဖော်ပြထားပါသည်။)

Image
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ စောင့်ကြည့်လေ့လာခဲ့မှုဆိုင်ရာ မှတ်ချက်ပြု အခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 27, 2026

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ စောင့်ကြည့်လေ့လာခဲ့မှုဆိုင်ရာ မှတ်ချက်ပြုအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ကျင်းပသည်။