သတင်း
နောက်ဆုံးရသတင်းများ - ၁၀၉၅၅၉ ခု
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 11, 2026
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ လက်လုပ်ချိန် ကိုက်မိုင်းထောင်ဖောက်ခွဲမှုခံရသည့် မြို့နယ်ဦးစီးမှူး ရုံးသို့သွားရောက်ကာ မြို့နယ်ရုံးအတွင်းရှိ ပြည်သူများနားနေဆောင်၌ ယာယီရုံးဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား နှုတ်ဆက်အားပေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ဖြည့်ဆည်းပေးသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 11, 2026
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 11, 2026
နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပြဋ္ဌာန်းကျင့်သုံးနေကြသည့် စည်ပင်သာယာရေး ဥပဒေများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ယနေ့မွန်းတည့် ၁၂ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 11, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 11, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲ၍ အောင်မြင်စွာကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့စိတ်ဆန္ဒအတိုင်း ပြည်သူ့ကိုယ်စားလှယ်များကို မှန်မှန်ကန်ကန် တက်တက်ကြွကြွ ရွေးချယ်ပေးခဲ့သည်။ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်များက နိုင်ငံတော်၏တာဝန်များကို ဦးလည်မသုန်ကျေပွန်စွာထမ်းဆောင်နိုင်မည့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့်လွှတ်တော်ဥက္ကဋ္ဌများကို ရွေးချယ်တင်မြှောက်ပေးခဲ့ရာ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်တည်ဆောက်မည့်အစိုးရသစ်ဖြင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေပြီဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 11, 2026
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ဆက်လက်ကျင်းပပြုလုပ်သည်။

အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သို့ ပေးပို့လှူဒါန်းသည့် ငလျင်ဒဏ်သင့်အဆောက်အအုံများ၏ ကြံ့ခိုင်မှုကို စစ်ဆေးရာတွင် အသုံးပြုသော စက်ပစ္စည်းကိရိယာများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ရှိ Function Hall၌ ကျင်းပသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 11, 2026
မြန်မာနိုင်ငံတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME)သည် နိုင်ငံ့စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိရာ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍ၌ တည်ရှိနေသည်။ ထို့အပြင် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုအတွက်လည်း အဓိကအရေးပါလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် MSME များ တည်ထောင်လုပ်ကိုင်ကြရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်အရေးကြီးသည်။ MSME လုပ်ငန်းများသည် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် အရေးပါသည့်အလျောက် လုပ်ငန်းများထူထောင်လုပ်ကိုင်ကြစေရန် အားပေးဖို့လိုသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 10, 2026
တပ်မတော်အနေဖြင့် နယ်မြေဒေသအေးချမ်းသာယာ၍ ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင်လည်း နိုင်ငံတော်အစိုးရ၊ ဒေသခံပြည်သူလူထုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့်လမ်းကြောင်းတစ်ခုဖြစ်သော ကလေး - တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။