အလုပ်သမားဝန်ကြီးဌာန

ဌာနအဖွဲ့အစည်း၏အကြောင်းအရာ

၁။ အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်ကြီးကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော် ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အလုပ်သမားရေးရာဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

၂။ အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံတော်တည်ဆောက်ရာတွင် အဓိကကျသော လူ့စွမ်းအားအရင်းအမြစ်များကို စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရေး၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိနိုင်ရေး၊ အလုပ်သမားဈေးကွက် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေး၊ အလုပ်သမား ဥပဒေပါအကျိုးခံစားခွင့်များအတွက် စည်းကြပ်ဆောင်ရွက်ရေး ၊လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လူမှုဖူလုံးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အလုပ်ရှင် နှင့် အလုပ်သမား အကြား အငြင်းပွားမှုများ လျော့နည်းပပျောက်ရေးတို့ကို ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ အလုပ်သမားရေးရာ လုပ်ငန်းတာဝန်များကို နိုင်ငံတော်၏ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် လိုက်လျောညီထွေစွာဖြင့် မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 

ရည်မှန်းချက်

(၁)       အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် တည်ငြိမ် အေးချမ်းသည့် လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊

(၂)        အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များရရှိစေရန် စည်းကြပ်ဆောင်ရွက်ရေး၊

(၃)       လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆထိခိုက်မှု နှင့် လုပ်ငန်းခွင် ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းရေး၊

(၄)       ပြည်တွင်း၊ ပြည်ပတို့၌ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိစေရေးနှင့် ဘေးကင်းသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်စေရေး၊

(၅)       လုပ်သားထု၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးရန် လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့် သင်ကြားပေးရေး၊

(၆)       လူမှုဖူလုံရေးအာမခံအလုပ်သမားများအတွက် လူမှုအကာအကွယ်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်သည့် လူမှုဖူလုံရေးစီမံကိန်း                 ကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊

(၇)       အလုပ်သမားရေးရာအငြင်းပွားမှုများကို သက်ဆိုင်ရာဥပဒေနှင့်အညီ ညှိနှိုင်းဖျန်ဖြေ ဆောင်ရွက်ပေးရေး၊

(၈)       အလုပ်သမားရေးရာသုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် အလုပ်သမား ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ                            စုဆောင်းပြုစုရေး၊

(၉)       အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အလုပ်သမားရေးရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး၊

(၁၀)     နိုင်ငံတော်အစိုးရမှ ချမှတ်ပေးသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရေး။

မျှော်မှန်းချက်

အလုပ်သမားရေးရာဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် စေရန်နှင့် လူ၀င်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေးလုပ်ငန်းနှင့် ပြည်သူ့အင်အားစာရင်းကောက်ယူထိန်းသိမ်းရေးလုပ်ငန်းတို့ကို နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့် အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်။

မူဝါဒများ

(၁)       နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်သားအင်အားကို စနစ်တကျနှင့်အကျိုးရှိစွာ အသုံးချနိုင်ရေး၊

(၂)        အမှန်တကယ်အလုပ်လုပ်နိုင်သူများကို သင့်တော်ကောင်းမွန်သည့် လုပ်ငန်းခွင်များ၌ နေရာချထားပေးခြင်းဖြင့် အလုပ်သမားများအတွက် လုပ်ခဝင်ငွေများ ရရှိနိုင်ပြီး အလုပ်သမားများ၏ ဆင်းရဲမှုကို လျှော့ချပေးနိုင်ရေး၊

(၃)       စည်းကမ်းကောင်းမွန်ပြီး စွမ်းဆောင်ရည်ထက်မြက်သည့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေး၊

(၄)       ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော အရည်အချင်း ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ                     ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေး၊

(၅)       အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြင့် မြန်မာအလုပ်သမားထု၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်စေရေး၊

(၆)       အလုပ်သမားများအတွက် လုပ်ငန်းခွင်အေးချမ်းသာယာ၍ ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေး နှင့် ညီညွတ်သင့်တော်                              ကောင်းမွန်သောလုပ်ငန်းခွင်များကို ဖန်တီးပေးရေး၊

(၇)       အလုပ်သမားများအား အကာအကွယ်ပေးနိုင်မည့် ခိုင်မာသောဥပဒေများကို ခေတ်စနစ်နှင့်အညီ ပြဋ္ဌာန်းဆောင်ရွက်ပေးရေး၊

(၈)       အလုပ်သမားများအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် လူမှုဖူလုံရေး စီမံကိန်းများကို ချမှတ်အကောင်အထည်ဖော်ရေး၊

(၉)       အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာအလုပ်သမားရေးရာကိစ္စရပ်များတွင် ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်              ရေး၊

(၁၀)     မြန်မာအလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ပေးရေး၊

 

အလုပ်သမားရေးရာဆိုင်ရာဝန်ကြီးရုံး၏လုပ်ငန်းတာဝန်များ

(၁)       အထက်ဌာန/အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊

(၂)        ဝန်ကြီးဌာနများ ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊

(၃)       ဝန်ကြီးဌာန၏ ဝန်ထမ်းရေးရာ နှင့် အထွေထွေကိစ္စရပ်များ ဆောင်ရွက် ခြင်း၊

(၄)       ဝန်ကြီးဌာန၏ မူဝါဒ ၊ လုပ်ငန်းစဉ်များ ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ် ဆောင်ရွက် ခြင်း၊

(၅)       ဝန်ကြီးဌာန၏ နှစ်ရှည်/နှစ်တို စီမံကိန်းများ ရေးဆွဲခြင်း၊

(၆)       e-Government နှင့်သတင်းအချက်အလက် နှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများ အကောင်အထည် ဖော်ရွက်ခြင်း၊

(၇)       ဝန်ကြီးဌာန နှင့်ပတ်သက်သည့် သတင်းအချက် အလက်များ ထုတ်ပြန် ဆောင်ရွက်ခြင်း၊

(၈)       ဝန်ကြီးဌာန ၏ ဘဏ္ဍာငွေ အရအသုံးများ စိစစ်ခြင်း၊

(၉)       ဝန်ကြီးဌာနတွင်း စာရင်းစစ်လုပ်ငန်းများ ဆောင် ရွက်ခြင်း၊

(၁၀)     အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသအတွင်းအဖွဲ့အစည်းများဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊

 

ဖွဲ့စည်းပုံ

 

 

ဝန်ကြီးရုံး

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

လူမှုဖူလုံရေးအဖွဲ့

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန

အလုပ်ရုံရေးရာဆက်ဆံရေးဦးစီးဌာန

Website လိပ်စာ

www.mol.gov.mm