မန္တလေးမြို့လုံးအနှံ့ ဗုဒ္ဓနေ့ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းသူများ၊ ဆွမ်းဆန်စိမ်းလောင်းလှူ ကုသိုလ်ပြုသူများဖြင့် စည်ကား


Ministry of Information/ Naypyitaw / May 12, 2025
image_latest


မန္တလေး မေ ၁၁

ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားစေတီ ပုထိုးများ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်း လောင်းပူဇော်ပွဲများ ကျင်းပခြင်း၊ မန္တလေးမြို့လုံးအနှံ့တွင် ကုသိုလ်ရှင်များက ဆရာတော်သံဃာ တော်များအား ဆွမ်းဆန်တော်များ လောင်းလှူခြင်းနှင့် စတုဒိသာကျွေးမွေးလှူဒါန်း ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။

ပူဇော်သူများဖြင့်စည်ကား

ယနေ့ နံနက်ပိုင်းတွင် မဟာ မုနိရုပ်ရှင်တော်မြတ်အား ဒုတိယ ရေတော်ဆရာတော်ဘုရား ဦးဆောင်၍ ဆရာတော်ငါးပါးက ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူကြပြီး ဂေါပကအဖွဲ့နှင့် တာဝန်ရှိ သူများက သတ်မှတ်ပေးထားသော ဂန္ဓကုဋိတိုက်အပြင်ဘက် အရှေ့ဘက်စောင်းတန်းမှ ဖူးမြော်ခွင့်ပေးထားရာ ရဟန်းရှင်လူပြည်သူများ၊ ဓမ္မစကြာဝတ်အသင်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ မန္တလေးဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများက ဘုရားကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဆွမ်း၊ ရေချမ်း၊ ပန်းကပ်လှူပူဇော်ခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ကြခြင်းများအပြင် မဟာမုနိပရိဝုဏ်အတွင်း အင်္ဂါထောင့်ရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်သူများဖြင့် စည်ကားလျက်ရှိသည်။

ကြည်ညိုဖွယ်ရာမြင်ကွင်း

ထို့အပြင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မဟာအတုလဝေယံ (အတု မရှိ) ကျောင်းတော်ကြီးတွင် ကဆုန်လပြည့်နေ့ နံနက် ၇ နာရီက မန္တလေးမြို့ပေါ်ရှိ စာသင်တိုက် အသီးသီးမှ သံဃာတော်များ၊ သီလရှင်များကို ဆွမ်းဆန်၊ ဆီ၊ ကြက်သွန်နှင့် ကုလားပဲဆက်ကပ် လှူဒါန်းပွဲနှင့် ပင့်သံဃာတော် ၁၀၈ ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကိုကျင်းပခဲ့ရာ ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ တက်ရောက်ကြည်ညိုကြပြီး ဆရာတော်၊ သံဃာတော်များအား သဒ္ဓါတရားထက်သန်စွာဖြင့် လောင်းလှူကြသည့် ပုံရိပ်များသည်လည်း နေ့ထူးနေ့မြတ်ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကြည်ညိုဖွယ်ရာ မြင်ကွင်းအဖြစ် တွေ့မြင်ကြရသည်။

စတုဒိသာကျွေးမွေးလှူဒါန်း

ထို့အတူ ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဆိုင်ရာ မင်္ဂလာအခမ်းအနားများကို ဘာသာရေးဆိုင်ရာ ထုံးတမ်းအစဉ်အလာများနှင့်အညီ မြို့နယ်၊ ရပ်ကွက်များအလိုက် ကျင်းပကြပြီး မန္တလေးမြို့တွင်းရှိ မန္တလေးတောင်တော် ဆုတောင်း ပြည့်မြတ်စွာဘုရား၊ ကျောက်တော်ကြီးဘုရား၊ အောင်တော်မူ ဘုရား၊ ချမ်းသာရဘုရား၊ ကျောက်စိမ်းစေတီတော်၊ စွယ်တော်မြတ်စေတီ(မန္တလေး)နှင့် အခြားတန်ခိုးကြီး ဘုရားတို့တွင်လည်း ဘုရားဖူးလာသူများ၊ ညောင်ရေ သွန်းလောင်းသူများဖြင့် စည်ကားလျက်ရှိကာ အလှူရှင်များကလည်း အာဟာရဒါန စတုဒိသာ ကျွေးမွေးလှူဒါန်းကြသည်။

ညောင်ရေသွန်းလောင်း

ညနေပိုင်းတွင်လည်း မြို့နယ်၊ ရပ်ကွက်များရှိ ဘုရားများတွင် စိုက်ပျိုးထားရှိသည့် မဟာဗောဓိညောင်ပင်များ၌လည်း ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကာ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် မန္တလေးမြို့လုံးအနှံ့ စည်ကားလျက်ရှိကြောင်းသိရသည်။

မောင်အေးချမ်း

Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အာဖရိကဝက်အပြင်းဖျားရောဂါကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်

Ministry of Information / Posted on June 23, 2025

၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာ ဖြစ်ပွားကျရောက်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ မြောက်ကိုရီးယားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး (၂-၆-၂၀၁၉) ရက်မှစတင်၍ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လာအိုနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့်...

Myanmar National Human Rights Commission Statement (6/ 2025)

Myanmar National Human Rights Commission / Posted on June 20, 2025

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023