News
Latest News - 92436 items

Ministry of Information / Posted on June 11, 2025
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ကြသည်။

Ministry of Information / Posted on June 11, 2025
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့)အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များက ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများဆက်ကပ်လှူဒါန်းကြသည်။

Ministry of Information / Posted on June 11, 2025
မြန်မာမှုနယ်ပယ်တွင် လူတစ်ဦးတစ်ယောက် ဒုက္ခရောက်နေသည့်အချိန်၊ အခက်အခဲဖြစ်နေသည့်အချိန်တွင် ဖေးမကူညီပေးသူကို မိတ်ကောင်းဆွေကောင်း မိတ်ဆွေစစ်ဟုဆိုကြသည်။ သူတစ်ဦး၏ တစ်ကြိမ်တစ်ခါ ပြုဖူးသည့်ကျေးဇူးကို သိတတ်သူသည်လည်း မိတ်ကောင်းဆွေကောင်းပင်ဖြစ်သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်ဆံကြရာတွင်လည်း အလားတူပင်ဖြစ်သည်။ ကူညီဖေးမမှု၊ ကျေးဇူးသိတတ်မှု၊ အသိအမှတ်ပြုမှုတို့သည် မင်္ဂလာတရားတော်နှင့်ညီပေသည်။

Ministry of Information / Posted on June 11, 2025
မြန်မာနိုင်ငံတစ်ဝန်းတွင် စွန့်ပစ်ပစ္စည်းတစ်ရက်လျှင် မက်ထရစ်တန် ၂၀၀၀၀ ခန့်ထွက်သည်။ ရန်ကုန်နှင့်မန္တလေးတွင် လူတစ်ဦးတစ်ရက်လျှင် စွန့်ပစ်ပစ္စည်း ၀ ဒသမ ၈ ကီလိုဂရမ် ထွက်ရှိရာ ၂၀၂၅ ခုနှစ်တွင် လူတစ်ဦး တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း ၁ ကီလိုဂရမ်ခန့် ထွက်ရှိမည်ဟု ပြည်ပအဖွဲ့အစည်းတစ်ခု၏ ၂၀၁၇ ခုနှစ်က အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့သည်။ အခြားလေ့လာချက်တစ်ခုကလည်း မိမိတို့နိုင်ငံတွင် နေ့စဉ်စွန့်ပစ်လိုက်သည့် စွန့်ပစ်ပစ္စည်း၏ ၃၅ ရာခိုင်နှုန်းခန့်ကိုသာ အမှိုက်သိမ်းစနစ်ဖြင့် သိမ်းယူသွားနိုင်ပြီး ကျန် ၆၅ ရာခိုင်နှုန်းခန့်မှာ လမ်းဘေးရေမြောင်းများ၊ မြစ်ချောင်းများနှင့် ကြုံသလိုစွန့်ပစ်ခြင်း၊ မီးရှို့ခြင်းတို့ ပြုလုပ်ကြသည်ဟုဆိုသည်။

Ministry of Information / Posted on June 10, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

Ministry of Information / Posted on June 10, 2025
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ နယ်မြေ(၂)၊ ဟွေနမ့်လင်း ကျေးရွာရှိ ဒေါ်နန်းကော့၏ခြံဝင်း၌ ထိုင်းနိုင်ငံမှ အလိုရှိတရားခံပြေးများ ငှားရမ်းနေထိုင်လျက်ရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ထိုင်းနိုင်ငံမှ မူးယစ်မှုဖြင့်အလိုရှိတရားခံပြေး Mr. Phanatsak Riabpuang (ဖနပ်ဆက်ရိဖောင်း)နှင့် Miss.Wanida Jakkeaw (ဝနိဒါကျတျောက်)တို့ ၂ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၀၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိသဖြင့် ၎င်းတို့ ၂ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Ministry of Information / Posted on June 10, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့လိုက်ပါ၍ ယနေ့တွင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

Ministry of Information / Posted on June 10, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

Ministry of Natural Resources & Environmental Conservation / Posted on June 10, 2025
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ (ဆဋ္ဌမ အကြိမ်) အစည်းအဝေးကို ၉-၆-၂၀၂၅ ရက်၊ တနင်္လာနေ့ နေ့လယ် ၁3:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအောင်ကြီး လုပ်ငန်းကော်မတီဝင်ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)နှင့် ရေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ကော်မတီအတွင်းရေးမှူး နှင့်တွဲဖက်အတွင်းရေးမှူးတို့ တက်ရောက်ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် သယံဇာတ ရေးရာဝန်ကြီးများက ဗွီဒီယိုကွန်ဖရန့်ဖြင့် တက်ရောက်ကြသည်။

Ministry of Transport and Communications / Posted on June 10, 2025
နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်
Newspaper - 3190 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။
