တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၇၄)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကျင်းပ

Ministry of Information/ Naypyitaw / September 27, 2023
image_latest

မန္တလေး စက်တင်ဘာ ၂၆

မန္တလေးမြို့ရုံးစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးကကြီးမှူး၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၄)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးဟိုတယ်၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးမြို့ရုံးစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Chen Chen၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဂုဏ်ပြုဧည့်ခံပွဲတွင် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်၍ အခမ်းအနားစတင်ခဲ့ပြီး မန္တလေးမြို့ရုံးစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Chen Chen က တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၇၄) နှစ်မြောက်အမျိုးသားနေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက် စကားကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုစကားကိုလည်းကောင်း ပြောကြားပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
June 01,

Subcribe to us

Government Directory