မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၀ လမ်းနှင့် ၆၇(B)လမ်းထောင့်တွင် မီးလောင်မှု

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၀ လမ်းနှင့် ၆၇(B)လမ်းထောင့်တွင် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / June 08, 2023


      မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၀ လမ်းနှင့် ၆၇ (B) လမ်းထောင့်၊ ငွေတော်ကျီးကုန်းရပ်ကွက်၊ အကွက်အမှတ်(အ/၂၂)၊ အိမ်အမှတ်(၆၁)တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့၊ ၀၉၀၈ အချိန်ခန့်က ပိုင်ရှင် ဒေါ်စောရွှေ၏ (၆၀x၄၀)ဝန်းအတွင်းတွင် အိမ်ငှား ဦးကျော်သူ နေထိုင်သော (၄၀x၁၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်အဆောက်အဦတွင် လျှပ်စစ်ဒယ်အိုးအပူလွန်ကဲရာမှ အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၀ စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ၀၉၂၄ အချိန် မီးငြိမ်းခဲ့ပါသည်။

        အဆိုပါ မီးလောင်မှုကြောင့် မြေစိုက်အဆောက်အဦ ၅ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ငှား ဦးကျော်သူ၏ ဇနီးဖြစ်သူ ဒေါ်သင်းသင်းဆွေအား ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,