မူဆယ်မြို့အဝင် Oriental Highway (OHC) တိုးဂိတ်အား ဗုံးဖြင့် ပစ်ခတ်ခံရ
မူဆယ်မြို့အဝင် Oriental Highway (OHC) တိုးဂိတ်အား ဗုံးဖြင့် ပစ်ခတ်ခံရ
Ministry of Information/ နေပြည်တော် / May 11, 2020

မူဆယ် မေ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အဝင်ရှိ Oriental Highway(OHC)တိုးဂိတ်ကို ယနေ့ ည(၈)နာရီခွဲ အချိန်ခန့်က ဆိုင်ကယ်စီးလာသူ (အမည်မသိ) လူနှစ်ဦးက အိတ်ဖြင့်ထုတ်ထားသည့် ဗုံးဟုယူဆရသောအရာဖြင့် လာရောက်ပစ်သွားသည်ဟု သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် Oriental Highway (OHC) တိုးဂိတ်သည် အမိုးလန်သွားပြီး ငွေကောက်ကောင်တာ (၃)ခု (မှန်ကွဲပျက်စီး)သွားကာ ငွေကောက်ကောင်တာ၌ တာဝန်ကျသူ မျိုးထက်နိုင်(၂၁)နှစ်၊ (ဘ)ဦးအောင်နေလင်းသည် အနည်းငယ်မှန်ကွဲရှ (မစိုးရိမ်ရ) ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။
Oriental Highway (OHC) တိုးဂိတ်အား ဗုံးဖြင့်လာပစ်သူနှစ်ဦးသည် မူဆယ်မြို့၊ မြို့ရှောင်လမ်းအတိုင်း အဆိုပါ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း ကနဦး သတင်းရရှိသည်။
ဆလိုင်းဗန်ရိုထန်(ပြန်/ဆက်)