CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက တီးတိန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (မြို့မ)အား လက်လုပ်ရီမုမိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲ

Ministry of Information/ Naypyitaw / June 02, 2023
image_latest

နေပြည်တော် ဇွန် ၂

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးကဏ္ဍ မြင့်မားတိုးတက်စေရန်နှင့် ပညာသင်ကြားနိုင်မှုအခွင့်အလမ်းကို ပြည့်ဝစွာရရှိနိုင်စေရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများကို ဇွန် ၁ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

သို့ရာတွင် CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံအကြမ်း ဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်မှုလုပ်ငန်းများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက တီးတိန်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)(မြို့မ)တွင်အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသော ကလေးသူငယ်များ အထိတ်တလန့်ဖြစ်စေရန် ကျောင်းဝင် ပေါက်အနီး၌ လက်လုပ်ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းအဆောက်အဦနှင့် ကျောင်းသား၊ ကျောင်းသူများ ပျက်စီး/ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အဆိုပါကျောင်းတွင် ဆရာ၊ ဆရာမ ၁၆ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၃၉ ဦး၊ စုစုပေါင်း ၁၇၀ ဦး ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေ ရန်ရည်ရွယ်၍ မိုင်းထောင်ဖောက်ခွဲခဲ့သူများအား  အမြန်ဆုံးဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
May 25,

Subcribe to us

Government Directory