ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း


Ministry of Hotel & Tourism / June 09, 2023

၁။ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်လျှောက်ထားသူသည်-

     (က) အသက် (၂၀) နှစ် ပြည့်ပြီးသူဖြစ်ရမည်။

     (ခ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

     (ဂ) နိုင်ငံခြားဘာသာစကားတစ်ခုခုကို ကောင်းစွာတတ်ကျွမ်းသူဖြစ်ရမည်။

     (ဃ) ဝန်ကြီးဌာနမှ ဖွင့်လှစ်သော ဧည့်လမ်းညွှန်သင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

     (င) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

     (စ) အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

    (ဆ) နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း သို့မဟုတ် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုခု တွင် တာဝန်ထမ်းဆောင်နေသူ မဖြစ်စေရ။

၂။ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် လျှောက်ထားသူသည် အောက်ပါအချက်အလက်၊ အထောက် အထားများဖြင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီသို့ လျှောက်ထားရမည်- 

     (က) လိုင်စင်လျှောက်လွှာ၊

    (ခ) ပညာအရည်အချင်းအထောက်အထားမိတ္တူ၊

    (ဂ) နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ၊

    (ဃ) ဧည့်လမ်းညွှန်သင်တန်းဆင်း အောင်လက်မှတ်မိတ္တူ၊

    (င) လိုင်စင်လျှောက်ထားသူ၏ (၆)လအတွင်း ရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ရောင်စုံ ဓါတ်ပုံ(၂)ပုံ နှင့် ၁"x ၁'' အရွယ် ရောင်စုံဓါတ်ပုံ (၂) ပုံ၊

    (စ) ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာကျန်းမာရေးဌာန၏ ထောက်ခံချက်၊

    (ဆ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး နှင့် ရဲစခန်းထောက်ခံချက်၊



FAQs

HOT NEWS
June 01,

Subcribe to us

Government Directory