Ministry of Foreign Affairs
- Ministry of President Office
- Ministry of Transport
- Ministry of Digital Development and Communications
- Ministry of Defense
- Ministry of Home Affairs
- Ministry of Foreign Affairs
- Ministry of National Planning, Investment and Foreign Economic Relations
- Ministry of Finance and Revenue
- Ministry of Border Affairs
- Ministry of Ethnic Affairs
- Ministry of Legal Affairs
- Ministry of Education
- Ministry of Science and Technology
- Ministry of Health
- Ministry of Women’s Affairs
- Ministry of Information
- Ministry of Religious Affairs
- Ministry of Agriculture, Livestock and Irrigation
- Ministry of Cooperatives and Rural Development
- Ministry of Natural Resources & Environmental Conservation
- Ministry Of Electricity And Energy
- Ministry of Industry and MSME Development
- Ministry of Labour
- Ministry of Commerce
- Ministry of Sports Affairs
- Ministry of Youth Affairs
- Ministry of Construction
- Ministry of Social Welfare, Relief & Resettlement
- Ministry of Hotels, Tourism and Culture
နိုင်ငံခြားရေးဝန်ကြီးဌာန
ဌာနအဖွဲ့အစည်းအကြောင်းအရာ
မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လက်အောက်ရှိစဉ်၊ ၁၉၃၅ခုနှစ် ၊ မြန်မာပြည်အက်ဥပဒေ (Government of Burma Act, 1935 )၊ ပုဒ်မ (၇) ပြဋ္ဌာန်းချက်အရ နိုင်ငံခြားရေးကိစ္စများနှင့် ကာကွယ်ရေး၊ သာသနာရေးကိစ္စများကို မြန်မာနိုင်ငံဘုရင်ခံက တစ်ချက်လွှတ်အာဏာဖြင့် ဆောင်ရွက် ခဲ့သည်။
ဒုတိယကမ္ဘာစစ်ကာလအတွင်းနှင့် ဗြိတိသျှအစိုးရ အိန္ဒိယသို့ ဆုတ်ခွာသည့် ၁၉၄၂ ခုနှစ် အချိန်တို့တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးရာကိစ္စကို မြန်မာပြည်ကာကွယ်ရေးဝန်ကြီးဌာန (Defence Department) တစ်ခုတည်းက တာ၀န်ယူဆောင်ရွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးဆုံးပြီးနောက် အိန္ဒိယမှ မြန်မာနိုင်ငံသို့ ဗြိတိသျှအစိုးရ ပြန်လည်၀င်ရောက်လာသည့်အချိန်တွင် ၁၉၃၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် မြန်မာပြည်အက်ဥပဒေသည် ပြန်လည်အသက်ဝင်လာခဲ့ပါသည်။ယင်းအက်ဥပဒေ၊ ပုဒ်မ (၇)ပါ ပြဋ္ဌာန်းချက်ကို တာ၀န်ယူဆောင်ရွက်ရန်၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာဌာန(Defence and External Affairs Department) ကိုတည်ထောင်၍ ဘုရင်ခံ၏ အတိုင်ပင်ခံအရာရှိတစ်ဦးက တိုက်ရိုက်တာ၀န်ယူဆောင်ရွက်ခဲ့သည်။
၁၉၄၆ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်း၌ မြန်မာပြည်သူများ၏ တောင်းဆိုချက်အရ အဆိုပါဌာနကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီအောက်တွင် ထားရှိခဲ့ပြီး၊ ထိုစဉ်က ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယသဘာပတိဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက တာ၀န်ယူဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရ တို့ဆွေးနွေးသဘောတူညီချက်အရ နိုင်ငံခြားရေးရာကိစ္စများတွင် မြန်မာနိုင်ငံ၏ သဘောအလျောက် ဆောင်ရွက်ခွင့် ရရှိလာခဲ့ပြီး နိုင်ငံခြားရေးရာဌာန(Department of Foreign Affairs) ကို ၁၉၄၇ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ နေ့စွဲပါ ကာကွယ်ရေးနှင့် ပြည်ပရေးရာဌာန၏ အမှာစာ ၇၇ ဒီ(အမ် အမ်) ၄၇ အရ ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးကြပ်မှုအောက်တွင် သီးခြားဖွဲ့စည်းခဲ့သည့်နေ့ရက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန စတင်ဖွဲ့စည်းထူထောင်သည့်နေ့ဟု သတ်မှတ်ခဲ့သည်။ စတင်ဖွဲ့စည်းချိန်၌ အတွင်း၀န် (၁) ဦး၊ ရုံးအုပ်ကြီး (၁) ဦး၊ အထက်တန်းစာရေး(၃)ဦး ၊ အောက်တန်းစာရေး(၁)ဦး၊ မင်းစေ(၂)ဦး ၊ စုစုပေါင်း အရာထမ်း(၁)ဦးနှင့် အမှုထမ်း (၈) ဦးသာ ရှိခဲ့ပါသည်။ ယင်းအချိန် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ အတွင်း၀န် မှာ အိုင်စီအက်(စ်)ဦးရွှေဘော် ဖြစ်သည်။
၁၉၄၈ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် နိုင်ငံခြားရေးရာဌာနကို နိုင်ငံခြားရေးရုံးတော်(Foreign Office) ဟူ၍ ပြောင်းလဲခေါ်ဆိုခဲ့ပြီးနောက်၊ အတွင်း၀န်ဆိုသည့် ရာထူးအသုံးအနှုန်း ကို အမြဲတမ်းအတွင်း၀န်ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ၁၉၆၇ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် နိုင်ငံခြားရေးရုံးတော် အမည်မှ နိုင်ငံခြားရေးဝန်ကြီးဌာန(Ministry of Foreign Affairs) ဟုပြောင်းလဲခေါ်ဆိုခဲ့ပါသည်။ ၁၉၄၇ ခုနှစ်မှ ယနေ့အချိန်အထိ တာ၀န်ထမ်းဆောင်ခဲ့ပြီးဖြစ်သည့် နိုင်ငံခြားရေး၀န်ကြီး (၂၄) ဦးနှင့် ပြည်ထောင်စု၀န်ကြီး (၂) ဦး၏ အမည်စာရင်းကို အောက်ပါအတိုင်း တင်ပြအပ်ပါသည်−
နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များ
|
စဉ် |
အမည် |
တာဝန် |
တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ |
|||||
|
မှ |
အထိ |
|||||||
|
၁။ |
ဗိုလ်ချုပ်အောင်ဆန်း |
ဝန်ကြီး |
၁၇-၃-၁၉၄၇ |
၁၉-၇-၁၉၄၇ |
||||
|
၂။ |
ဦးနု |
ဝန်ကြီး |
၂၁-၇-၁၉၄၇ |
၁-၈-၁၉၄၇ |
||||
|
၃။ |
ဦးလွန်းဘော် |
ဝန်ကြီး |
၂-၈-၁၉၄၇ |
၃၀-၁၀-၁၉၄၇ |
||||
|
၄။ |
ဦးတင်ထွဋ် |
ဝန်ကြီး |
၃၁-၁၀-၁၉၄၇ |
၁၆-၈-၁၉၄၈ |
||||
|
၅။ |
ဦးကျော်ငြိမ်း |
ဝန်ကြီး |
၁၄-၉-၁၉၄၈ |
၃၁-၃-၁၉၄၉ |
||||
|
၆။ |
သခင်နု |
ဝန်ကြီး |
၁-၄-၁၉၄၉ |
၄-၄-၁၉၄၉ |
||||
|
၇။ |
ဦးအေးမောင် |
ဝန်ကြီး |
၅-၄-၁၉၄၉ |
၂၀-၁၂-၁၉၄၉ |
||||
|
၈။ |
ဦးစဝ်ခွန်ချို |
ဝန်ကြီး |
၂၀-၁၂-၁၉၄၉ |
၂၈-၁၀-၁၉၅၈ |
||||
|
၉။ |
ဦးသိန်းမောင် |
ဝန်ကြီး |
၂၉-၁၀-၁၉၅၈ |
၁၃-၂-၁၉၅၉ |
||||
|
၁၀။ |
ဦးချန်ထွန်းအောင် |
ဝန်ကြီး |
၂၇-၂-၁၉၅၉ |
၃-၄-၁၉၆၀ |
||||
|
၁၁။ |
ဦးစဝ်ခွန်ချို |
ဝန်ကြီး |
၄-၄-၁၉၆၀ |
၁-၃-၁၉၆၂ |
||||
|
၁၂။ |
ဦးသီဟန် |
ဝန်ကြီး |
၂-၃-၁၉၆၂ |
၁၈-၆-၁၉၆၉ |
||||
|
၁၃။ |
ဒေါက်တာမောင်လွင် |
ဝန်ကြီး |
၁၉-၆-၁၉၆၉ |
၄-၈-၁၉၇၀ |
||||
|
၁၄။ |
ဒေါက်တာလှဟန် |
ဝန်ကြီး |
၄-၈-၁၉၇၀ |
၂၀-၄-၁၉၇၂ |
||||
|
၁၅။ |
ဦးကျော်စိုး |
ဝန်ကြီး |
၂၀-၄-၁၉၇၂ |
၁-၃-၁၉၇၄ |
||||
|
၁၆။ |
ဦးလှဘုန်း |
ဝန်ကြီး |
၂-၄-၁၉၇၄ |
၃-၃-၁၉၇၈ |
||||
|
၁၇။ |
ဦးမြင့်မောင် |
ဝန်ကြီး |
၃-၃-၁၉၇၈ |
၁၈-၃-၁၉၈၀ |
||||
|
၁၈။ |
ဦးလေးမောင် |
ဝန်ကြီး |
၁၉-၃-၁၉၈၀ |
၉-၁၁-၁၉၈၁ |
||||
|
၁၉။ |
ဦးချစ်လှိုင် |
ဝန်ကြီး |
၉-၁၁-၁၉၈၁ |
၄-၁၁-၁၉၈၅ |
||||
|
၂၀။ |
ဦးရဲခေါင် |
ဝန်ကြီး |
၄-၁၁-၁၉၈၅ |
၁၈-၉-၁၉၈၈ |
||||
|
၂၁။ |
ဗိုလ်ချုပ်မှူးကြီးစောမောင် |
ဝန်ကြီး |
၂၀-၉-၁၉၈၈ |
၁၇-၉-၁၉၉၁ |
||||
|
၂၂။ |
ဦးအုန်းဂျော် |
ဝန်ကြီး |
၁၈-၉-၁၉၉၁ |
၁၅-၁၁-၁၉၉၈ |
||||
|
၂၃။ |
ဦးဝင်းအောင် |
ဝန်ကြီး |
၁၅-၁၁-၁၉၉၈ |
၁၇-၉-၂၀၀၄ |
||||
|
၂၄။ |
ဦးဉာဏ်ဝင်း |
ဝန်ကြီး |
၁၈-၉-၂၀၀၄ |
၃၀-၃-၂၀၁၁ |
||||
|
၂၅။ |
ဦးဝဏ္ဏမောင်လွင် |
ပြည်ထောင်စုဝန်ကြီး |
၃၀-၃-၂၀၁၁ |
၃၀-၃-၂၀၁၆ |
||||
|
၂၆။ |
ဒေါ်အောင်ဆန်းစုကြည် |
ပြည်ထောင်စုဝန်ကြီး |
၃၀-၃-၂၀၁၆ |
၃၁-၁-၂၀၂၁ |
||||
|
၂၇။ |
ဦးဝဏ္ဏမောင်လွင် |
ပြည်ထောင်စုဝန်ကြီး |
၁-၂-၂၀၂၁ |
၁-၂-၂၀၂၃ | ||||
| ၂၈။ | ဦးသန်းဆွေ | ပြည်ထောင်စုဝန်ကြီး | ၁-၂-၂၀၂၃ | ယနေ့အထိ | ||||
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅) ဆုံးဖြတ်ချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာနအား အောက်ပါအတိုင်း ဖွဲ့စည်းခဲ့သည်-
(က) ဝန်ကြီးရုံး၊
(ခ) နိုင်ငံရေးရာဦးစီးဌာန၊
(ဂ) အာဆီယံရေးရာဦးစီးဌာန၊
(ဃ) မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊
(င) သံတမန်ရေးရာဦးစီးဌာန၊
(စ) အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊
(ဆ) ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊
(ဇ) စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊
မူဝါဒနှင့်ရည်မှန်းချက်များ
မူဝါဒများ
မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးရန် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ(၄၁)တွင် ဖော်ပြထားသည်နှင့်အညီ ကျင့်သုံး လျက်ရှိပါသည်။ နိုင်ငံခြားရေးမူဝါဒသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှု၍ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းခြင်း ဖြစ်ပါသည်။
မြန်မာ့နိုင်ငံခြားရေးမူဝါဒကို ငြိမ်းချမ်းစွာ အတူယဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ် အပေါ် ရပ်တည်၍ တန်းတူရည်တူရှိမှု၊ ကမ္ဘာရေးရာများတွင် ဘက်မလိုက်မှု၊ ချစ်ကြည်ရင်းနှီးစွာ မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံမှု၊ ကုလသမဂ္ဂအဖွဲ့ကြီးအား အားပေးထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက် ရေးကို အကျိုးတူမှု၊ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့် နှောင်ကြိုး မပါသော ပြင်ပအကူအညီ ထောက်ပံ့မှုများကို ရယူဆောင်ရွက်သွားရေး စသည့် အခြေခံမူများနှင့်အညီ ကျင့်သုံးခြင်း ဖြစ်ပါသည်။
နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစွမ်းအားများကို စီမံခန့်ခွဲ၍ နိုင်ငံအကျိုးကို ဖော်ဆောင်သည့် အမျိုးသားရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။ သို့ဖြစ်၍ အနှစ်သာရသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ဖော်ဆောင်ခြင်း ဖြစ်ပါသည်။ အမျိုးသားလုံခြုံရေး၊ အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတပြီး တည်ငြိမ် အေးချမ်းသည့် ကမ္ဘာ့ပတ်ဝန်းကျင် တိုးတက်ဖြစ်ထွန်းရေးကို ဉီးတည်ထားရှိပါသည်။ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို အလေးထားမှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားမှု စသည်တို့ကို တန်ဖိုးထားသည့် မူဝါဒဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည်လည်း နိုင်ငံသမိုင်းကြောင်း တိုးတက်ဖြစ်ထွန်းမှုများ နှင့်အတူ အဆင့်ဆင့်ပြောင်းလဲခဲ့ပါသည်။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်မှုဆုံးရှုံးခဲ့သည့် ကိုလိုနီလက်အောက်ခံဘဝမှ လွတ်မြောက်ခဲ့ပီးနောက် ၁၉၄၈ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိချိန်တွင် အင်အားကြီးအုပ်စုများအကြား ရှောင်ရှားလိုသည့် “အပြုသဘောထားသည့် ကြားနေဝါဒ” ( Positive Neutrality) ဖြင့် ရပ်တည်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့ တော်လှန်ရေးကောင်စီအစိုးရ တက်လာသည့်အခါ “ Positive Neutrality ” ကို ဆက်လက် အတည်ပြုခဲ့သည်။ ၁၉၇၁ ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ပထမအကြိမ် ပါတီညီလာခံမှ “လွတ်လပ်သည့် နိုင်ငံခြားရေးဝါဒ” (Independence Foreign Policity) ကိုလည်းကောင်း၊ ၁၉၈၁ ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စတုတ္ထအကြိမ်ပါတီညီလာခံမှ “လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒ” (Independent and Active Foreign Policity) ကိုလည်းကောင်း၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ၏ အမိန့်ကြေငြာချက် (၃/၈၈) ဖြင့် “လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးဝါဒ”ကို ပြန်လည်အတည်ပြု၍လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ( ပုဒ်မ ၄၁ အရ) “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ” (Independent, Active and Non-aligned Foreign Policy) အဖြစ်လည်းကောင်း၊ အဆင့်ဆင့်တိုးတက်ပြောင်းလဲခဲ့သော်လည်း အခြေခံအနှစ်သာရဖြစ်သော လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့မှု၊ နိုင်ငံတော်လုံခြုံရေး၊ စည်းလုံးညီညွတ်ရေး၊ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ရေးနှင့် ငြိမ်းချမ်းရေးတို့သည် ပြောင်းလဲမှုမရှိဘဲ အမျိုးသားရေးအကျိုးစီးပွားကို တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒအပေါ် ရပ်တည်၍ နိုင်ငံတကာဆက်ဆံရေးကို နှစ်နိုင်ငံဆက်ဆံရေး ( Bilateral relations )၊ ဒေသတွင်းနိုင်ငံများနှင့် ပေါင်းစပ်ရေး ( Regional integration) နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး (multilateralism) စသည့် နယ်ပယ်များတွင် ကျင့်သုံးလျက်ရှိပြီး မိတ်ဝတ်မပျက်သည့် ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်သည့်ဆက်ဆံရေးကို ထူထောင်လျက်ရှိပါသည်။
ရည်မှန်းချက်များ
နိုင်ငံခြားရေးဝန်ကြီးဌာန၏ရည်မှန်းချက်အား အောက်ပါအတိုင်း သတ်မှတ်ထားသည်-
(က) နိုင်ငံတကာမျက်နှာစာတွင် ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံပြီး နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကုန်သွယ်ရေး၊ သိပ္ပံနည်းပညာ၊ စွမ်းအင်၊ စိုက်ပျိုးရေးစသည့် ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်၊
(ခ) လေကြောင်းဆိုင်ရာ သဘောတူညီချက်၊ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်၊ ခရီးသွားလာရေးဆိုင်ရာ သဘောတူညီချက်၊ ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ သဘောတူညီချက် စသည့် နှစ်နိုင်ငံဆိုင်ရာ အကျိုးတူပူးပေါင်းဆာင်ရွက်မှုများ ဆောင်ရွက်ရန်၊
(ဂ) ပြည်ပနိုင်ငံများတွင် သံရုံးများ အသစ်ဆောက်လုပ်ခြင်းနှင့် ရှိပြီးသော နိုင်ငံပိုင်အဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊
(ဃ) နိုင်ငံတော်၏ပိုင်နက်နယ်မြေများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အိမ်နီးချင်းနိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ရန်၊
(င) နိုင်ငံတကာမျက်နှာစာတွင် ပြည်ပနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးကဏ္ဍ တိုးမြှင့်စေရေးအတွက် ပြည်ပနိုင်ငံများတွင် သံရုံးသစ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရန်၊
နိုင်ငံခြားရေးဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
နိုင်ငံခြားရေးဝန်ကြီးဌာန၏အဓိကတာဝန်မှာ နိုင်ငံတော်က ချမှတ်ထားသော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။ နိုင်ငံခြားရေးမူဝါဒကို အောက်ဖော်ပြပါ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်နှင့်အညီ ကျင့်သုံးလျက်ရှိသည်-
(က) တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ (Mutual Respect for each other’s territorial integrity and sovereignty;)
(ခ) တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရန်၊ ( To abide by mutual non-aggression;)
(ဂ) တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ ( Non-interface in each other’s internal affairs;)
(ဃ) တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်းတူရည်တူရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်၊ ( Respect for mutual equality and to work for mutual benefits;)
(င) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်၊ (Peaceful co-existence;)
