မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်
ကော်မရှင်နောက်ခံသမိုင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့် ရှောက်ရေး တို့ကို ဆောင်ရွက်နိုင် ရန်အတွက် အဖွဲ့ဝင်(၁၅) ဦးပါ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကို ၅-၉-၂၀၁၁ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏အမိန့်ကြော်ငြာစာ အမှတ် (၃၄/၂၀၁၁) ထုတ်ပြန်၍ ဖွဲ့စည်းပေးခဲ့သည်။
ပဲရစ်အခြေခံမူများနှင့် ပိုမိုလိုက်လျောညီထွေရှိစေပြီး လူ့အခွင့်အရေး မြှင့်တင်ရေး နှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေ ကို ၂၈-၃-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၁) အဖြစ် ထုတ်ပြန် ပြဋ္ဌာန်းခဲ့သည်။
ယင်းဥပဒေနှင့်အညီ ၂၄-၉-၂၀၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်၊ (၂၃/၂၀၁၄) ဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် သစ် ကို အဖွဲ့ဝင် (၁၁) ဦး ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာ စာအမှတ် (၂၀/၂၀၁၈) ဖြင့် ၂၅-၄-၂၀၁၈ ရက်နေ့က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် (၃) ဦး ဖြည့်စွက် ခန့်ထားခဲ့သဖြင့် လက်ရှိတွင် ကော်မရှင်အဖွဲ့ဝင် (၁၀) ဦးဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။
ကော်မရှင်အဖွဲ့ဝင်များ
(၁) ဦးဝင်းမြ (ဥက္ကဋ္ဌ) (၂) ဦးစစ်မြိုင် (ဒုတိယဥက္ကဋ္ဌ)
(၃) ဦးယုလွင်အောင် (အဖွဲ့ဝင်) (၄) ဦးညွန့်ဆွေ (အဖွဲ့ဝင်)
(၅) Dr. မြင့်ကြည် (အဖွဲ့ဝင်) (၆) ဦးခင်မောင်လေး (အဖွဲ့ဝင်)
(၇) ဦးစိုးဘုန်းမြင့် (အဖွဲ့ဝင်) (၈) ဦးစိန်သန်း (အဖွဲ့ဝင်)
(၉) ဦးညွန့်တင် (အဖွဲ့ဝင်) (၁၀) ဒေါက်တာဒေါ်တင်မေထွန်း (အဖွဲ့ဝင်)
ရည်ရွယ်ချက်
လူ့အခွင့်အရေးမြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းနှင့် ကာကွယ်ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးရေး၊ လူသားချင်း ခွဲခြားဆက်ဆံမှုမပြုရေး၊ လူမှုတရားမျှတမှုရှိရေး၊ လူ့ဂုဏ်သိက္ခာ လေးစားရေးတို့ရှိစေရန်။
ရည်မှန်းချက်
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရန် လူ့အခွင့်အရေးမြှင့်တင်ရေး၊ ကာကွယ်ရေးတို့ ဆောင်ရွက်ရာတွင် တက်ကြွစွာ ဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန်။
မျှော်မှန်းချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းပါရှိသော မူလအခွင့်အရေးများ နှင့် လူ့အခွင့်အရေးများကို မြန်မာ့လူမှုအဖွဲ့အစည်းတွင် လူတိုင်ရရှိ ခံစားနိုင်စေရန်။
Website လိပ်စာ
ဝန်ဆောင်မှုများ
၁။ လူ့အခွင့်အရေး ဖောက်ဖျက်မှုများ စုံစမ်းစစ်ဆေးခြင်း၊ တိုင်တန်းချက် များ လက်ခံဆောင်ရွက်ခြင်း။