နေပြည်တော်စည်ပင်သာယာရေးကော်မတီ

လုပ်ငန်းတာဝန်များ

မြို့တော်၀န်ရုံးဌာန၏ လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
၁။ ကော်မတီ၏ ဦးစီးလုပ်ငန်းများဆောင်ရွက်ခြင်း၊
၂။ စီမံခန့်ခွဲရေးနှင့် ထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
၃။ ကော်မတီ၏ အစည်းအဝေးမှတ်တမ်းများ ပြုစုခြင်း၊ ဖြန့်ဝေခြင်းနှင့် ထိန်းသိမ်းခြင်း၊
၄။ အထက်အဖွဲ့အစည်းများမှ ချမှတ်ပေးသည့် မူဝါဒဆိုင်ရာကိစ္စရပ်များ၊ ကော်မတီမှအထက် အဖွဲ့အစည်းသို့ တင်ပြရန်ကိစ္စရပ်များအား ဆက်သွယ်ပေးပို့တင်ပြဆောင်ရွက်ခြင်း၊
၅။ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ နိုင်ငံခြားဧည့်သည်တော်များနှင့် နိုင်ငံခြားအဖွဲ့အစည်း များမှ ပုဂ္ဂိုလ် များ တွေ့ဆုံဆွေးနွေးသည့် ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
၆။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းကိစ္စရပ်များကို ကြီးကြပ် ဆောင်ရွက်ခြင်း၊
၇။ မြို့တော်၀န်ရုံး၏ဝန်ထမ်းရေးရာကိစ္စရပ်များအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
၈။ ကော်မတီနှင့်ဌာနများ၊မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများသို့ဆက်သွယ်ဆောင်ရွက် ခြင်း၊
၉။ နိုင်ငံခြားသို့ လေ့လာရေးအစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲနှင့် ပညာသင်သွား ရောက်သူများ ကိစ္စ ဆောင် ရွက်ခြင်း၊
၁၀။ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး(ဌာနကြီးမှူး)နှင့် ကော်မတီဝင် များမှ ပေးအပ်သည့်တာဝန်များကို ဆောင်ရွက်ခြင်း။

ဖွဲ့စည်းပုံ

နေပြည်တော်စည်ပင်သာယာရေးကော်မတီအား အောက်ပါဌာနများဖြင့်ဖွဲ့စည်းထားပါသည်။

၁။ မြို့တော်ဝန်ရုံး
၂။ စီမံရေးရာဌာန
၃။ ဘက်ဂျက်နှင့်ငွေစာရင်းဌာန
၄။ စစ်ဆေးရေးဌာန
၅။ ညှိနှိုင်းဆောင်ရွက်ရေးဌာန
၆။ ရာပြတ်ဌာန
၇။ အခွန်ဌာန
၈။ စျေးများဌာန
၉။ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန
၁၀။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန
၁၁။ အင်ဂျင်နီယာဌာန(လမ်းတံတား)
၁၂။ အင်ဂျင်နီယာဌာန(အဆောက်အအုံ)
၁၃။ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)
၁၄။ စက်ရုံနှင့်မော်တော်ယာဉ်ဌာန
၁၅။ ဗဟိုပစ္စည်းထိန်းဌာန
၁၆။ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန
၁၇။ ကျန်းမာရေးဌာန
၁၈။ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာန
၁၉။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန
၂၀။ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန
၂၁။ ထုတ်လုပ်ရေးဌာန
၂၂။ နေပြည်တော်စည်ပင်ဘဏ်လီမိတက်
၂၃။ ဇမ္ဗူသီရိအထူးကုဆေးရုံကြီး
၂၄။ ဘိလပ်မြေစက်ရုံ(နေပြည်တော်)
၂၅။ နေပြည်တော်အုတ်စက်ရုံ
၂၆။ မြို့တော်ဂေါက်ကွင်း

Website လိပ်စာ

www.nptdc.gov.mm

Department Name : Naypyitaw Development Committee

Phone  : (+95) 067 - 3432341

Email  : dispatchbox.wpt@gmail.com , dispatch-box.wpt@nptdc.gov.mm

Address : City Hall, Zabuthiri Township, Nay Pyi Taw , Myanmar

ရရှိနိုင်သော ဝန်ဆောင်မှုများ

၁။ ကိုယ်ပိုင်စျေးလိုင်စင်လုပ်ငန်းလျှောက်ထားခြင်း

၂။ စားသောက်ဆိုင်လုပ်ငန်းလျှောက်ထားခြင်း

၃။ နေပြည်တော်စည်ပင်ဘဏ်လီမိတက်