မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၅)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၅)

Latest News - 92357 items

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on June 10, 2025

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

မြေငလျင်သတင်း

Ministry of Transport and Communications / Posted on June 10, 2025

မြေငလျင်သတင်း

ကြီးကျယ်မြင့်မြတ်သည့် မဟာသမယ

Ministry of Information / Posted on June 10, 2025

မြန်မာ့ ၁၂ လတွင် နယုန်လသည် တတိယမြောက်လဖြစ်၍ နွေဥတု၏ နောက်ဆုံးလဖြစ်ပြီး မိုးသေးမိုးဖွဲတို့ စတင်ရွာသွန်းသည့် ကာလလည်းဖြစ်သည်။ သို့ဖြစ်ရာ ရှေးဘုရင်များလက်ထက်အခါက နယုန်လတွင် လယ်ထွန်မင်္ဂလာပွဲကို ကျင်းပကာ ဘုရင်မင်းများကိုယ်တိုင် ပါဝင်ဆင်နွှဲခြင်းဖြင့် နိုင်ငံ၏ပင်မစီးပွား၊ နိုင်ငံသားတို့၏ အဓိကစားစရာ ဆန်စပါးစိုက်ပျိုးရေးကို အားပေးခဲ့ကြသည်။ ထို့အပြင် နယုန်လတွင် သာသနာတော်တိုးတက်ထွန်းကားရေးနှင့် ရဟန်းပညာရှိ၊ လူပညာရှိများ ပေါ်ထွန်းလာရေးတို့အတွက် စာတော်ပြန်ပွဲများကိုလည်း ဘုရင်မင်းအဆက်ဆက်တို့က အလေးထားကျင်းပခဲ့ကြသည်။

ဒုတိယဝန်ကြီး ဦးရဲတင့် ပြင်ဦးလွင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၊ ခရိုင်ကျောင်းစာကြည့်တိုက်နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက်ကြည့်ရှု

Ministry of Information / Posted on June 10, 2025

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ ပညာကြိုးစားသင်ယူကြရေး၊ ဗလငါးတန်ပြည့်ဝသော လူငယ်များဖြစ်အောင် ကြိုးစားရေး၊ စာပေလေ့လာဖတ်ရှုပြီး ဗဟုသုတပြည့်ဝကာ စာတတ်ရုံသာမက ပညာပြည့်ဝသူများဖြစ်အောင် ကြိုးစားရေး၊ ကျောင်းသားဝတ္တရား၊ သားသမီးဝတ္တရားကျေပွန်သော လူငယ်များဖြစ်စေရေး၊ မိဘဆရာများနှင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိသူများ၊ နိုင်ငံ့အကျိုးသယ်ပိုးထမ်းရွက်နိုင်သည့် နိုင်ငံ့သားကောင်း ရတနာများဖြစ်အောင် ကြိုးစားကြရေးတို့ကို မှာကြားသည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားမှုများကို စိစစ်ခွင့်ပြုပေးလျက်ရှိခြင်းနှင့် တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဆက်လက်လျှောက်ထားလျက်ရှိ

Ministry of Information / Posted on June 10, 2025

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့်လျှောက် ထားလာသည့်အဖွဲ့ ၂၇ ဖွဲ့ရှိပြီး ယင်းသို့ လျှောက်ထားသည့်အဖွဲ့များအနက် ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ငလျင်ဘေးသင့်ဝန်ထမ်းများ နေထိုင်ရန် Container House များ တပ်ဆင်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on June 10, 2025

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ငလျင်ဘေးသင့်ဝန်ထမ်းနှင့် မိသားစုဝင်များနေထိုင်ရေး အဆင်ပြေစေရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကခွဲဝေချထားပေးသည့် အိပ်ခန်းတစ်ခန်းနှင့် အိပ်ခန်းနှစ်ခန်းပါ Container House များ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးဝင်းအတွင်း တပ်ဆင်ပြီးစီးမှုနှင့် ရေရရှိရေးစီမံဆောင်ရွက်မှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Jun 10, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


Posted on Jun 07, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Posted on Jun 06, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Jun 05, 2025

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၅)


Myanmar National Human Rights Commission/ Yangon / April 17, 2025


၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလ ပြည့်ကျော် ၅ ရက် (၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်) နေ့တွင် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေး အရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေး လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နိုင်ရန်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့် အမှတ် (၃၀/၂၀၂၅) ဖြင့် သတ်မှတ်ထားသော ပြစ်မှုများမှအပ အကျဉ်းသား/ အကျဉ်းသူများ ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုပြီး အမိန့်အမှတ် (၃၁/၂၀၂၅) ဖြင့် အကျဉ်းသား/ အကျဉ်းသူ ၄၈၉၃ ဦး၏ ပြစ်ဒဏ်များကို လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ပါသည်။

၂။ ထို့ပြင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုကာ လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားလျက် အမိန့်အမှတ် (၃၂/၂၀၂၅) ဖြင့် ပြစ်ဒဏ်ကျခံနေသည့် နိုင်ငံခြားသား အကျဉ်းသား /အကျဉ်းသူ ၁၃ ဦးတို့ကို ယင်းတို့ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။

၃။ နိုင်ငံတော်၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နှင့် လွတ်ငြိမ်းခွင့်ပြုခြင်းများသည် လူ့အခွင့် အရေးဆိုင်ရာ အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်ဖြစ်ပါသည်။ လွတ်ငြိမ်းခွင့်ရရှိသော နိုင်ငံသားများသည် ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်နိုင်မည်ဖြစ်ပြီး ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင်လည်း ပါဝင်နိုင်ကြမည်ဖြစ်ပါသည်။

၄။ နိုင်ငံခြားသား အကျဉ်းသား/ အကျဉ်းသူများကို ပြစ်ဒဏ်များလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့် ပြုခြင်းသည် နိုင်ငံများ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးကို မြှင့်တင်ရာ ရောက်သည့်အပြင် သဘာဝဘေးအန္တရာယ် ကျရောက်သည့် အခြေအနေများတွင် ကမ္ဘာ့မိသားစုဝင်နိုင်ငံအချင်းချင်း လူသားချင်းစာနာထောက်ထားမှုဖြင့် ကယ်ဆယ်ရေးနှင့် ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့မှုများကိုလည်း အလေးထား အသိအမှတ်ပြုရာရောက်ပါသည်။

၅။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ များ၏ မိသားစုဝင်များနည်းတူ ဝမ်းမြောက်ပီတိဖြစ်ရပါကြောင်းနှင့် ပြစ်ဒဏ်လွတ်ငြိမ်း သက်သာ ခွင့်နှင့် လွတ်ငြိမ်းခွင့်ပြုခြင်းများကို ကြိုဆိုပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Download
HOT NEWS
June 10,

Subcribe to us

Government Directory