အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
 

ဌာနအဖွဲ့အစည်းအကြောင်းအရာ

 

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption-UNCAC) တွင် အဖွဲ့ဝင်နိုင်ငံအမှတ်စဉ် (၁၃၇)အဖြစ် ၂.၁၂.၂၀၀၅ ရက်နေ့၌ ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ၂၀.၁၂.၂၀၁၂ ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ တွင် နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အာဏာတည်ခဲ့ပါသည်။

ပထမအကြိမ်ပြင်ဆင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ ဥပဒေအမှတ်(၃၂/၂၀၁၄)ဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် ပြင်ဆင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ ဥပဒေအမှတ်(၃၃/၂၀၁၆)ဖြင့် လည်း ကောင်း၊ တတိယအကြိမ် ပြင်ဆင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ၂၀၁၇ ခုနှစ်၊ ဇူလိုင် လ ၃၁ ရက်နေ့ ဥပဒေအမှတ်(၁၈/၂၀၁၇) ဖြင့် လည်းကောင်း၊ စတုတ္ထအကြိမ်ပြင်ဆင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ ဥပဒေအမှတ် (၂၀/၂၀၁၈)ဖြင့် လည်းကောင်း ထုတ်ပြန်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနည်းဥပဒေ ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့ ပါသည်။

​​​​​

ကော်မရှင်ဖွဲ့စည်းခြင်း

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ယခင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်)အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၇၊ ပုဒ်မ ၉ နှင့် ပုဒ်မ ၁၀ တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၆/၂၀၁၄)ဖြင့် ၂၅-၂-၂၀၁၄ ရက်နေ့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

 

ဒုတိယအကြိမ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၇၊ ပုဒ်မ ၉ နှင့် ပုဒ်မ ၁၀ တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၃၀/၂၀၁၇)ဖြင့် ၂၃-၁၁-၂၀၁၇ ရက်နေ့တွင် ဥက္ကဋ္ဌဦးအောင်ကြည်၊ အတွင်းရေးမှူးဦးစန်းဝင်းနှင့် အဖွဲ့ဝင် ၁၀ ဦး၊ စုစုပေါင်း(၁၂)ဦးတို့ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါသည်။

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးအား နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ ရပ်ကွက်၊ အားကစားလေ့ကျင့်ရေးစခန်း၊ အုပ်စု(၁)တွင် ၁၀-၃-၂၀၁၄ ရက်နေ့ မှစ၍ ဖွင့်လှစ်ခဲ့ပါသည်။

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အောက်ပါလုပ်ငန်းစဉ်များအား ဆောင်ရွက်ပါသည်-

 

 အဂတိလိုက်စားမှုများအား တားဆီးကာကွယ်ခြင်း

  • အစိုးရဌာနအဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုများ တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ၊ သင်တန်းများကျင်းပ ပြုလုပ်ခြင်း၊

  • အခြေခံပညာကျောင်းသားများအတွက် ပညာပေးအစီအစဉ် ဆရာ ကိုင်စာအုပ်များ ပြုစုခြင်း

  • ပုဂ္ဂလိက ကဏ္ဍ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုများ ထံ အဂတိလိုက်စားမှုများ တားဆီးကာကွယ်ရေး အသိပညာပေး သည့် ဟောပြောပွဲများ ကျင်းပခြင်း။

          URL: <https://www.accm.gov.mm/acc/index.php?route=cms/category&path=53>

 

အဂတိလိုက်စားမှုများအား တိုက်ဖျက်ဆောင်ရွက်ခြင်း

  • အစိုးရဌာနများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ဌာနများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ကြရာတွင် အဂတိလိုက်စားမှုများ ရှိနေခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ရှိပါက တိုင်ကြားနိုင်ခြင်း၊

  • တိုင်ကြားစာများအား ဖွဲ့စည်းထားသည့် တိုင်ကြားစာ စိစစ်သုံးသပ်ရေးအဖွဲ့များမှ စိစစ်ပြီး အပတ်စဉ်ပြုလုပ်သည့် ကော်မရှင်အစည်းအဝေးတွင် ဆွေးနွေးခြင်း၊

  • တိုင်ကြားစာအပေါ် သတင်းအတည်ပြုချက် ရယူခြင်း၊

  • စုံစမ်းစစ်ဆေးခြင်း၊

  • စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအား ကော်မရှင်အစည်း အဝေးတွင် ဆွေးနွေးဆုံးဖြတ်၍ ဥပဒေအကြံပြုချက် ရယူခြင်း၊

  • နိုင်ငံ့ဝန်ထမ်းဥပဒေအရသာ အရေးယူသင့်ကြောင်း တွေ့ရှိပါက သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးပို့၍ အရေးယူစေခြင်း၊

  • ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိရပါက အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေဖြင့် တရားစွဲတင်ခြင်း။

          URL: <https://www.accm.gov.mm/acc/index.php?route=cms/category&path=43>

          URL: <https://www.accm.gov.mm/acc/index.php?route=cms/category&path=49>

 

  ပြည်တွင်း/ပြည်ပ ပူးပေါင်းဆောင်ရွက်ခြင်း

  • အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးကိစ္စရပ် များအတွက် သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သင်တန်းများ၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊

  • သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ UNCAC အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊

  • ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ် မှုဆိုင်ရာရုံး(United Nations Office on Drugs and Crime- UNODC) တို့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီး ကာကွယ်ရေးကိစ္စရပ်များဆိုင်ရာ အတွေ့အကြုံများ ဖလှယ်နိုင်ရေး အတွက် ဆွေးနွေးပွဲများ ကျင်းပခြင်း၊

  • ပြည်ပနိုင်ငံများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ရှေ့ ဆက် ဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေးခြင်း၊ နည်းစနစ်များ မျှဝေခြင်း၊ နိုင်ငံအချင်းချင်း အကူအညီပေးသည့် သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊

  • UNCAC အကောင် အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေး လုပ်ငန်းများအတွက် UNODC နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ UNODC မှ UNCAC အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးပွဲ၊ သင်တန်းများပေးခြင်း၊UNCAC အကောင်အထည်ဖော်ရေးကိစ္စရပ်များအတွက် ဒေသ ဆိုင်ရာ နိုင်ငံများအကြား ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ကမ္ဘာလုံး ဆိုင်ရာဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊

  • နားလည်မှုစာချွန်လွှာများ ရေးထိုးခြင်း။

URL:<https://www.accm.gov.mm/acc/index.php?route=cms/category&path=42>

 

ရည်ရွယ်ချက်

 

        ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

  •  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊

  • သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊

  • အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်၊

  • အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့ အဖွဲ့အစည်းနှင့်နိုင်ငံသားများ၏အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊

  • အဂတိလိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာ အရေး ယူရန်၊

  • တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမို ပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်။

 

ရည်မှန်းချက်နှင့် မျှော်မှန်းချက်(Vision)

 

နိုင်ငံတစ်၀န်းတွင် ပျံ့နှံ့နေသော အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့်အတူ လက်တွဲ၍ တွန်းလှန်တိုက်ဖျက်ခြင်းဖြင့် အများပြည်သူတို့၏ ဘ၀များ သာယာ၀ပြောလာစေရန်။

 

ကော်မရှင်၏ လုပ်ငန်းတာဝန်များ(Mission)

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ်ခံယူလျက် အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အများပြည်သူ အသိပညာပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ရန်။

 

မူဝါဒ (Policy)

  • အဂတိလိုက်စားများကြောင့် ဖြစ်ပေါ်နေသော ပြည်သူ့ဘဏ္ဍာရန်ပုံငွေများ ဆုံးရှုံးမှုကို ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် လျော့ချနိုင်စေရန်။

  • အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများတွင် စနစ်တစ်ခုကဲ့သို့ နက်ရှိုင်းစွာပျံ့နှံ့နေသော အဂတိလိုက်စားမှု(Systemic Corruption) ကို သိသာထင်ရှားစွာကျဆင်းသွားစေရန်။

  • နိုင်ငံတော်ပိုင် ဘဏ္ဍာရန်ပုံငွေ ပစ္စည်းများနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများကိုထိရောက်စွာ အကာအကွယ်ပေးရန်။

  • အဂတိလိုက်စားမှု ကင်းရှင်းသော စီးပွားရေးနယ်ပယ် ဖြစ်ပေါ်လာစေရန်။

  • အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်း၊ ဥပဒေစိုးမိုးခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်း လုပ်ငန်းတို့ကို ထိရောက်ခိုင်မာစွာဆောင်ရွက်ရန်။

 

FaceBook Page လိပ်စာ (Page Link)=> https://www.facebook.com/accmyanmar/

 

Website လိပ်စာ (Website Address) => www.accm.gov.mm

 

Address

Anti-Corruption Commission Myanmar Office No.56 Zeya Htani Road, Nay Pyi Taw, Myanmar

 

PH_+ 95 67 8103347

e-Mail_ accm@accm.gov.mm

 

ဝန်ဆောင်မှုများ

၁။ အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ တိုင်ကြားရာတွင် သတိပြုရမည့်အချက်များ