နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ (ဆဋ္ဌမအကြိမ်) အစည်းအဝေးကျင်းပ

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ (ဆဋ္ဌမအကြိမ်) အစည်းအဝေးကျင်းပ

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ (ဆဋ္ဌမအကြိမ်) အစည်းအဝေးကျင်းပ


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / June 10, 2025


နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ (ဆဋ္ဌမ အကြိမ်) အစည်းအဝေးကို --၂၀၂၅ ရက်၊ တနင်္လာနေ့ နေ့လယ် ၁3:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားသည်။

            အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအောင်ကြီး လုပ်ငန်းကော်မတီဝင်ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)နှင့် ရေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ကော်မတီအတွင်းရေးမှူး နှင့်တွဲဖက်အတွင်းရေးမှူးတို့ တက်ရောက်ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် သယံဇာတ ရေးရာဝန်ကြီးများက ဗွီဒီယိုကွန်ဖရန့်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ယခု အစည်းအဝေးအား နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ (သတ္တမအကြိမ်) အစည်းအဝေးတွင် လုပ်ငန်းကော်မတီ၏ ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံ စီမံအုပ်ချုပ်ခြင်းအစီအစဉ်၊ ရေတိုရေရှည်စီမံချက်များအပေါ် လုပ်ငန်းဆောင်ရွက်မှု တိုးတက်မှုများ တင်ပြနိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ရန် ရည်ရွယ်ပါကြောင်း၊ လုပ်ငန်းကော်မတီအား တာဝန် () ရပ် အပ်နှင်းထားပြီး ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော် ရမည်ဖြစ်ကြောင်း၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတထိန်းသိမ်းရေးဆိုင်ရာများအနက် စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ အတည်ပြုနိုင်ရေး တင်ပြထားပြီးဖြစ်ကြောင်း၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့်သစ်တောဦးစီးဌာနတို့၏ ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံစီအုပ်ချုပ်ခြင်း ( ICM) ပထမ နှစ် စီမံချက် ရေးဆွဲအကောင်အထည်ဖော်မှုကို ဗဟိုကော်မတီ (သတ္တမအကြိမ်) အစည်းအဝေး တင်ပြမည်ဖြစ်ကြောင်းနှင့် အခြားဌာနများကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြနိုင်ရေး တိုက်တွန်းပါ​​ကြောင်း၊ ကမ်းရိုးတန်းနေ လူမှုအသိုက်အဝန်းမြှင့်တင်ရန် ICM ကို အကောင်အထည်ဖော်ခြင်း၊ ဂေဟစနစ်အခြေပြု ချဉ်းကပ်နည်းကျင့်သုံးခြင်း၊ ရေရှည်တည်တံ့သော ငါးဖမ်းခြင်းအလေ့အကျင့်ကို တွန်းအားပေးခြင်း၊ အစားထိုးအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဖော်ဆောင်ခြင်း၊ ကမ်းရိုးတန်းနေ ပြည်သူများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် လုပ်ကိုင်ပေးခြင်းတို့ကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် အသိပညာပေးခြင်း၊ တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့် စည်းမျဉ်း စည်းကမ်းများကို အသက်ဝင်လာအောင် ဆောင်ရွက်ခြင်း၊ ပင်လယ်ပြင်ထိစပ်နေသော အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း၊ ရာသီဥတုနှင့်လိုက်လျောညီထွေ သည့် မဟာဗျူဟာ များဖော်ထုတ်ခြင်းတို့ကို အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားသည်။

 ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးမှ အမှာစကားပြောကြားပြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတထိန်းသိမ်းရေးရာ အသိပညာပေးဗွီဒီယိုပြသခဲ့သည်။

ဆက်လက်၍ လုပ်ငန်းကော်မတီ အတွင်းရေးမှူးက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြမှုအပေါ် လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။


၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Posted on Jun 18, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Jun 17, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Jun 16, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 15, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Jun 17, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

Posted on Jun 14, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

HOT NEWS
June 19,

သတင်းပုံမှန်ရယူရန်

အစိုးရဌာနလမ်းညွှန်