အိန္ဒိယနိုင်ငံ၏ Quick Impact Projects အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သော Departmental E-library Project ဖွင့်ပွဲ နှင့် Water Supply Using Solar Power in the Drought Affected Villages of Central Dry Zone of Myanmar Project တို့၏ စီမံကိန်းပိတ်ပွဲအခမ်းအနားကျင်းပ
အိန္ဒိယနိုင်ငံ၏ Quick Impact Projects အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သော Departmental E-library Project ဖွင့်ပွဲ နှင့် Water Supply Using Solar Power in the Drought Affected Villages of Central Dry Zone of Myanmar Project တို့၏ စီမံကိန်းပိတ်ပွဲအခမ်းအနားကျင်းပ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / March 21, 2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ်(၅၈)၌ ကျင်းပခဲ့သော အိန္ဒိယနိုင်ငံ၏ Quick Impact Projects အထောက်အပံ့ဖြင့် ဆောင်ရွက် ခဲ့သည့် Departmental E-library Project နှင့် Water Supply Using Solar Power in the Drought Affected Villages of Central Dry Zone of Myanmar Project တို့၏ စီမံကိန်းပိတ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် အကူအညီပေးရေး သဘောတူစာချုပ်အရ အမေရိကန်ဒေါ်လာ (၅၀,၀၀၀) ထက် မကျော်လွန်သော စီမံကိန်းအဆိုပြုလွှာများ တင်ပြခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် Departmental E-library Project နှင့် Water Supply Using Solar Power in the Drought Affected Villages of Central Dry Zone of Myanmar Project တို့ ရွေးချယ်ခံခဲ့ရကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ကာလအတွင်း စီမံကိန်းလုပ်ငန်းများအား ၁၀၀ % ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊
နိုင်ငံတစ်နိုင်ငံ၏သဘာဝသယံဇာတများကို အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ထိန်းသိမ်းကာကွယ်ရေးတို့သည် အရေးပါသကဲ့သို့ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မျက်နှာစာများတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာဗဟုသုတယူနိုင်ရာ၊ အသိပညာဖြန့်ဖြူးပေးရာဖြစ်သော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍသည်လည်း အရေးပါကြောင်း၊
ယခုအချိန်တွင် အိန္ဒိယနိုင်ငံ၏ကူညီပေးမှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန စာကြည့်တိုက်အား Departmental E-library အဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပြီဖြစ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းစဉ် အထောက်အကူပြုအချက်အလက်များနှင့် သုတ/ရသစာပေများ အား Electronic ပုံစံဖြင့် တစ်နေရာတည်းတွင် ရှာဖွေဖတ်ရှုနိုင်မည်ဖြစ်ပြီး ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်မည် ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင် သန့်ရှင်းသော ရေ လုံလောက်စွာရရှိရေးသည် အလွန်အရေးကြီးသည့်အတွက် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် မြန်မာ နိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားမှုကြုံတွေ့နေရသည့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာအုပ်စု၊ ကဒေါင်ကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ဇရပ်ကုန်းကျေးရွာအုပ်စု၊ ဆူးရစ်တန်းကျေးရွာတို့တွင် ဆိုလာစနစ် အသုံးပြုပြီး အဝီစိတွင်းတူးဖော်ခြင်းနှင့် ရေတင်ခြင်းလုပ်ငန်း(၂)ခုကို ဆောင်ရွက်နိုင်ခဲ့ပြီး ရလဒ်အနေဖြင့် ဒေသခံ ကျေးရွာများ၏ လူနေမှုဘဝများ တိုးတက်ကောင်းမွန်လာစေခြင်း၊ နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ရေတင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မြှင့်တင်နိုင်ခြင်းနှင့် အပူပိုင်းဒေသရှိ အခြား ကျေးရွာများအတွက်လည်း စံနမူနာဖြစ်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေးမြင့်အသုံးပြုရ လွယ်ကူသည့် E-library ဖော်ဆောင်ရေးနှင့် ဆိုလာစွမ်းအင်သုံး ရေထောက်ပံ့ရေးလုပ်ငန်းများကိုလည်း အစဉ်တစိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်း (၂)ခု အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးပေးကြသော အိန္ဒိယနိုင်ငံအစိုးရနှင့်တကွ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှတာဝန်ရှိသူများ၊ ကမကထပြုဆောင်ရွက်ပေးပါသော နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် ရှေ့ဆက်၍လည်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရင်းနှီးနွေးထွေးသည့် ဆက်ဆံရေးများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur မှ စီမံကိန်းလုပ်ငန်းများ အချိန်တိုအတွင်း အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူ စကားပြောကြားခြင်း၊ တာဝန်ရှိသူများမှ စီမံကိန်းဆိုင်ရာဆောင်ရွက်ပြီးစီးမှုများ ရှင်းလင်းတင်ပြခြင်း၊ စီမံကိန်းဆောင်ရွက်မှု Video Clip ကြည့်ရှုခြင်း၊ Departmental E-library ၏ စီမံကိန်းဆိုင်းဘုတ်အား တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး စာကြည့်တိုက်အတွင်းသို့ ဝင်ရောက်ကြည့်ရှုလေ့လာ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှတာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။
ကြေငြာချက်များ
အမိန့်ကြော်ငြာစာအမှတ်(၃၉/၂၀၂၅) ပြည်တွင်း၌ ထုတ်လုပ်မည့် လောင်စာဆီသုံးယာဥ်များ SemiKoncked Down-SKD စနစ်နှင့် Completely Knocked Down -CKD စနစ်တို့ဖြင့်တင်သွင်းခြင်းအပေါ် အကောက်ခွန်နှုန်းထားများ ဖြေလျှော့ပေးခြင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / Posted on June 06, 2025
မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 06, 2025
ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on June 04, 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း