နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကုန်ထုတ်လုပ်ငန်းများ ရာနှုန်းပြည့်လည်ပတ်နိုင်ရေးဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 28, 2025
image_latest


နေပြည်တော် ဧပြီ ၂၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပျဉ်းမနားမြို့ ဦးလှထွန်းဆီစက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆီစက်ပိုင်ရှင်က ဆီစက်လည်ပတ်နေမှုနှင့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ ပျဉ်းမနားမြို့မဈေးအတွင်းရှိ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့သည့်အဆောက် အအုံများအား တပ်မတော်သားများ၊ စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ စက်ယန္တရားကြီးများဖြင့် သန့်ရှင်းရေးဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာရှိ ရွှေသီးနှံအဆင့်မြင့်ဆန်စက်၊ ကောက်ပဲသီးနှံနှင့် ဓာတ်မြေဩဇာရောင်းဝယ်ရေးလုပ်ငန်းများ ငလျင်လှုပ်ခတ်မှုကြောင့် ဆန်စက်ထိခိုက်ပျက်စီးခဲ့မှု၊ ပြန်လည်ပြင်ဆင်နေမှုနှင့် ဆန်စက်လည်ပတ်နေမှု အခြေအနေများကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာရှိ ကွင်းအမှတ် ၁၇၂၀ ကွင်း၌ နွေစပါးများအောင်မြင်ဖြစ်ထွန်းမှု၊ နွေစပါးစိုက်ပျိုးရေပေးဝေနေမှုနှင့် သဘာဝမြေဩဇာ ကြဲပက်နေမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက နွေသီးနှံစိုက်ပျိုး ခြင်းမပြုနိုင်သေးသည့် မြေလွတ်၊ မြေလပ်များတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)များ ကြဲပက်စိုက်ပျိုးထားရှိရန်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စားရေရိက္ခာဖူလုံမှုရှိစေရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများအတိုင်း ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီများ၊ ဆန်၊ စပါး လုပ်ငန်းရှင်အသင်းများဖြင့် ပူးပေါင်း၍ လက်တွေ့ကျသည့် သရုပ်ပြစိုက်ပျိုးရေး နည်းပညာပေးခြင်းများ ဆောင်ရွက်သွားရန်နှင့် သဘာဝမြေဩဇာကို ရာနှုန်းပြည့်အသုံးပြုနိုင်ရေး ကူညီဆောင်ရွက်ပေးသွားရန် မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် လယ်ဝေးမြို့နယ်ရှိ ငြိမ်းချမ်းသာ ဆန်စက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆန်စက်ပိုင်ရှင်က ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့မှု၊ ဆန်စက်လည်ပတ်နေမှုနှင့် စပါးခွံတောင့်လောင်စာပြုလုပ်၍ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆန်စက်ရာနှုန်းပြည့်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၁၉၅ ခု

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download